
3-19.png


 

 

 


 

 

Source : Irrawaddy

Molly @CeleGabar

ယူနီကုဒ်ဖြင့်ဖတ်ရန်

အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်ကို ပွင့်ပွင့်လင်းလင်း ပြောပြလာတဲ့ သံသာမိုးသိမ့်

မိန်းမချော ဆိုပြီး ပရိသတ်ရင်ထဲကိုရောက်ခဲ့တဲ့ သံသာမိုးသိမ့်ကတော့ “ ကျွန်မက မဟေသီ “ ကားမှာ ပရိသတ်တွေ မုန်းလောက်အောင် ဗီလိန်နေရာက သရုပ်ဆောင်ပီပြင်ခဲ့တဲ့ မင်းသမီးတစ်ယောက်ပါ ။ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဗီလိန်နေရာက သရုပ်ဆောင်ပြီး ပရိသတ်တွေ အမုန်းကြီးမုန်းအောင် သရုပ်ဆောင် ပီပြင်လွန်းခဲ့လို့လည်း အခုဆို ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ဖို့ ကမ်းလှမ်းခံနေရပြီလို့လည်း သိရပါတယ် ။ ပရိသတ်တွေကတော့ မိန်းမချောလေးရဲ့ အချစ်ရေးကို အရမ်းကို စိတ်ဝင်စားနေကြပြီ ဖြစ်လို့ သံသာမိုးသိမ့်တစ်ယောက် သူမ အချစ်ရေးအကြောင်းကို ဖွင့်ဟလာခဲ့ပါပြီ ။

မိန်းမချောက သူမ ကြိုက်ပြီး သတ်သတ်မှတ်မှတ်ထားတဲ့ ပုံစံမျိုးတော့မရှိပေမယ့် အဓိက သူမ လုပ်နေတဲ့ အနုပညာအလုပ်တွေ ကိုနားလည်နိုင်ပြီး အနုပညာအလုပ်ကို အရမ်းချစ်တဲ့သူဖြစ်လို့ သူမ အနုပညာကို လိုက်မချစ်ပေးနိုင်ရင်တောင် နားလည်ပေးနိုင်မယ့်လူမျိုးနဲ့မှအဆင်ပြေမယ်လို့ပြောပြခဲ့ပါတယ် ။ သူမ နဲ့လက်တွဲဖို့အဆင်ပြေပြီး အဲ့ဒီလူရဲ့ စာရိတ္တကပြည့်ဝတယ် ကိုယ်နဲ့လိုက်ဖက်တယ်ဆို လက်တွဲရမှာပါပဲ လို့ ပွင့်ပွင့်လင်းလင်းပြောပြလာခဲ့ပါတယ် ။

Source : Irrawaddy
Molly @CeleGabar

 

scroll to top