ဓမၼေတးေလးေတြ နဲ႕ ပရိသတ္ရင္ကိုေအးေစဦးမယ့္ ခင္ပိုးပန္းခ်ီ

4-17.png

ခင္ပိုးပန္းခ်ီဆိုတဲ့ ေကာင္မေလးကို ပရိသတ္ေတြက တရားေတာင္းသီခ်င္းဗီဒီယိုေလးတစ္ခုကေန စိတ္ဝင္စားမႈမ်ားလာခဲ့တာပါ။ အႏုပညာဝါသနာပါတဲ့ သူမဟာ ဆယ္ေက်္ာသက္အ႐ြယ္သာရွိေသး ေပမယ့္လည္း ျမန္မာသံသီခ်င္းေတြနဲ႔ ဓမၼေတးေတြကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ သီဆိုႏိုင္တဲ့ အဆိုရွင္တစ္ဦးျဖစ္ပါတယ္။ဒါအျပင္ ေခတ္ေပၚ ေတးသီခ်င္းမ်ားစြာကိုလည္း သီဆိုႏိုင္သူျဖစ္ပါတယ္။ ျမန္မာသံစဥ္ေလာကမွာ နာမည္ရေနတဲ့ မ်ိဳးဆက္သစ္အဆိုရွင္တစ္ဦးျဖစ္ၿပီး နာမည္ေလးနဲ႔ လိုက္ေအာင္ ႐ုပ္ရည္ေလးကလည္း ခ်စ္စရာေကာင္းတာေၾကာင့္ လူမႈကြန္ရက္မွာ ၀န္းရံသူမ်ားေနတဲ့ သူတစ္ေယာက္ပဲျဖစ္ပါတယ္ ။

 

 

 

 

 

ခင္ပိုးပန္းခ်ီေလးက ၆တန္းနွစ္ေလာက္က တစ္ကိုယ္ေတာ္ ေတးစီးရီးထြက္ခဲ့ျပီး အခုထြက္မယ့္အေခြကေတာ့ ဓမၼေတးေလးေတြျဖစ္ျပီး လက္ရွိမွာလည္း တရားပြဲေတြမွာ သီဆိုေနရတယ္ဆိုေတာ့ မနက္ခင္း အလွဴအိမ္ေတြမွာ ဖြင့္လို႕ရေအာင္ ဓမၼေတးေလးေတြ ထြက္ဖို႕အစီစဥ္ရွိျပီး ေနာက္ပိုင္းက်ရင္ေတာ့ Tune ေလးေတြ ေခတ္ေပၚသံစဥ္ေလးေတြ အခါအခြင့္သင့္ရင္ ပရိသတ္ေတာင္းဆိုရင္ ထုတ္ျပေပးပါမယ္ လို႕ေျပာျပခဲ့ပါတယ္ ။ ခင္ပိုးပန္းခ်ီကို ခ်စ္ၾကတဲ့ CeleGabar ပရိသတ္ၾကီးကလည္း နား၀င္ခ်ိဳေအးျပီး က်က္သေရ ရွိလြန္းတဲ့အသံပိုင္ရွင္ေလး ရဲ႕ ဓမၼေတးေလးေတြ ထြက္လာရင္အားေပးလိုက္ၾကပါဦးေနာ္ ။

 

 

Source : We Media

Molly @CeleGabar

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ဓမ္မတေးလေးတွေ နဲ့ ပရိသတ်ရင်ကိုအေးစေဦးမယ့် ခင်ပိုးပန်းချီ

ခင်ပိုးပန်းချီဆိုတဲ့ ကောင်မလေးကို ပရိသတ်တွေက တရားတောင်းသီချင်းဗီဒီယိုလေးတစ်ခုကနေ စိတ်ဝင်စားမှုများလာခဲ့တာပါ။ အနုပညာဝါသနာပါတဲ့ သူမဟာ ဆယ်ကျေ်ာသက်အရွယ်သာရှိသေး ပေမယ့်လည်း မြန်မာသံသီချင်းတွေနဲ့ ဓမ္မတေးတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုနိုင်တဲ့ အဆိုရှင်တစ်ဦးဖြစ်ပါတယ်။ဒါအပြင် ခေတ်ပေါ် တေးသီချင်းများစွာကိုလည်း သီဆိုနိုင်သူဖြစ်ပါတယ်။ မြန်မာသံစဉ်လောကမှာ နာမည်ရနေတဲ့ မျိုးဆက်သစ်အဆိုရှင်တစ်ဦးဖြစ်ပြီး နာမည်လေးနဲ့ လိုက်အောင် ရုပ်ရည်လေးကလည်း ချစ်စရာကောင်းတာကြောင့် လူမှုကွန်ရက်မှာ ဝန်းရံသူများနေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ် ။

ခင်ပိုးပန်းချီလေးက ၆တန်းနှစ်လောက်က တစ်ကိုယ်တော် တေးစီးရီးထွက်ခဲ့ပြီး အခုထွက်မယ့်အခွေကတော့ ဓမ္မတေးလေးတွေဖြစ်ပြီး လက်ရှိမှာလည်း တရားပွဲတွေမှာ သီဆိုနေရတယ်ဆိုတော့ မနက်ခင်း အလှူအိမ်တွေမှာ ဖွင့်လို့ရအောင် ဓမ္မတေးလေးတွေ ထွက်ဖို့အစီစဉ်ရှိပြီး နောက်ပိုင်းကျရင်တော့ Tune လေးတွေ ခေတ်ပေါ်သံစဉ်လေးတွေ အခါအခွင့်သင့်ရင် ပရိသတ်တောင်းဆိုရင် ထုတ်ပြပေးပါမယ် လို့ပြောပြခဲ့ပါတယ် ။ ခင်ပိုးပန်းချီကို ချစ်ကြတဲ့ CeleGabar ပရိသတ်ကြီးကလည်း နားဝင်ချိုအေးပြီး ကျက်သရေ ရှိလွန်းတဲ့အသံပိုင်ရှင်လေး ရဲ့ ဓမ္မတေးလေးတွေ ထွက်လာရင်အားပေးလိုက်ကြပါဦးနော် ။

Source : We Media
Molly @CeleGabar

scroll to top