6-6.png
Posted by Thet Htar Hsee Hsar on Saturday, March 30, 2019
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
မိန်းမမရသေးလို့ သေလို့မဖြစ်သေးဘူးလို့ပြောလာတဲ့ စိုင်းစိုင်းခမ်းလှိုင်
စိုင်းစိုင်းဆိုတာနဲ့ မြန်မာတစ်နိုင်ငံလုံးက မိန်းကလေး ပရိသတ်တွေ သည်းသည်းလှုပ် အားပေးခြင်းခံရတဲ့ အနုပညာရှင် တစ်ယောက်ဆိုတာ ပရိသတ်ကြီးသိပြီးဖြစ်မှာပါနော် ။ စိုင်းစိုင်းရဲ့ ထူးခြားချက်ကတော့ နှစ်စဉ်နှစ်တိုင်း သူ့မွေးနေ့ဖြစ်တဲ့ ဧပြီ ၁၀ ရက်နေ့မှာ မွေးနေ့ရှိုးပွဲပြုလုပ်ခြင်းပဲ ဖြစ်ပါတယ် ။ ဒီနှစ်မှာလည်း စိုင်းစိုင်း ကထုံစံအတိုင်း ဧပြီလ ၁၀ ရက်နေ့မှာ သူ့ရဲ့ မွေးနေ့ရှိုးကိုပြုလုပ်မှာဖြစ်ပြီး မြန်မာပလာဇာမှာ လက်မှတ်ရောင်းရင်း ပရိသတ်တွေနဲ့အမှတ်တရ တွေ့ဆုံဖျော်ဖြေခဲ့ပါတယ် ။ စိုင်းစိုင်း ရဲ့ အမာခံဖန်တွေရော စိုင်းစိုင်း ပရိသတ်တွေရော အရမ်းများလွန်းလို့ မြန်မာပလာဇာတစ်ခုလုံးတိုးမပေါက်အောင်ဖြစ်ခဲ့ပါတယ် ။
လက်မှတ်ရောင်းတဲ့ပွဲမှာ စိုင်းစိုင်း စင်ပေါ်မှာ ပြောခဲ့တဲ့စကားကတော့ ပရိသတ်တွေကြားမှာ အထူးရေပန်းစားလို့နေပါတယ် ။ အဲဒါကတော့ သူ့ရဲ့ Show အတွက်ရင်ခုန်နေကြောင်းနဲ့ ကျွန်တော်အားတင်းထားတယ်ဗျ ကျန်းမာရေးဂရုစိုက်ရမယ် ငါသေလို့မဖြစ်သေးဘူး ငါမိန်းမမရသေးဘူး ဆိုတဲ့စကားကို ပြောခဲ့တာဖြစ်ပါတယ် ။ အောက်က ပရိသတ်တွေကတော့ လူပျိုကြီးပဲ လုပ်ပါလို့အော်နေကြတဲ့ သူတွေရှိသလို မိန်းမ ယူစေချင်နေတဲ့ သူတွေလည်း ရှိနေပါတယ် ။ ကွီးစိုင်း ဘယ်တော့အိမ်ထောင်ပြုမလဲဆိုတာကို ပရိသတ်တွေလည်း စိတ်ဝင်စားနေကြမယ်ထင်ပါတယ် ။ ကွီးစိုင်း နောက်ပြီး ပြောသွားတဲ့ စကားလေးကို ဗီဒီယိုနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Sai Sai Kham Leng
Molly @CeleGabar
scroll to top