အသက္ ၄၀ ေက်ာ္တာေတာင္ အျမႊာကိုယ္၀န္ေဆာင္နုိင္လို႕ ဆရာ၀န္ေတြ ခ်ီးက်ဴးတာခံခဲ့ရတဲ့ သႏၱာလိႈင္

2.png

နာမည္ႀကီး ထိပ္တန္းေမာ္ဒယ္လ္တစ္ဦးျဖစ္သလို ျမန္မာအမ်ိဳးသမီးေတြၾကား နာမည္ႀကီး ေရပန္းစားသူတစ္ဦးလည္းျဖစ္တဲ့ သႏၲာလႈိင္ ကေတာ့ Single Mother အျဖစ္နဲ႔ သားသမီးေတြေရွ႕က ရဲရဲဝံ့ဝံ့ ရပ္တည္ေနတဲ့ နာမည္ႀကီး စူပါ ေမာ္ ဒယ္ တစ္ေယာက္ ဘဲ ျဖစ္ပါတယ္ ။ မၾကာေသးမီကေတာ့ သူမ ဘ၀အတြက္ လက္တြဲေဖာ္အသစ္ကို ဘ၀တစ္သက္စာအတြက္ ေရြးခ်ယ္လုိက္ျပီ ျဖစ္ပါတယ္ ။ အမိုက္စားဖက္ရွင္ေတြနဲ႔ ႏိုင္ငံျခားမင္းသမီးလို ဘိုဆန္တဲ့အလွပေတြရွိတဲ့ သူမကေတာ့တကယ္ကို စူပါ ေမာ္ဒယ္လ္ တစ္ေယာက္ပါပဲ ။

 

 

 

လတ္တေလာမွာေတာ့ ပရိသတ္ေတြအတြက္ ၀မ္းသာစရာ သတင္းစကားေလးတစ္ခုကို သႏၱာလိႈင္က သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန ေရးသားမွ်ေ၀ေပးခဲ့ပါတယ္ ။ အျမႊာ ကိုယ္၀န္ ရဖို႕ေသခ်ာသေလာက္ ျဖစ္ျပီး April fool မဟုတ္ပါဘူး တဲ့ေနာ္ ။ ဆရာဝန္က သူမ ၄၀ ေက်ာ္တာေတာင္ ဘာလုိ႔ဒီေလာက္ က်န္းမာေရး ေကာင္းေနရတာလဲ ကေလးလိုခ်င္ရင္ အျမြာရမွာ ျဖစ္တဲ့အျပင္ ဒီလ သူမရဲ႕ သားဥက ၂ လံုးေတာင္ ျဖစ္ေနတယ္လုိ႕ေျပာျပခဲ့ပါတယ္ လုိ႕ ေရးသားထားတာျဖစ္ပါတယ္ ။ လစဥ္ သားဖြားမီးယပ္ အထူးကုနဲ႔ check up လုပ္တဲ့ အက်င့္ေလး အမ်ိဳးသမီးတိုင္း လုပ္ထားသင့္ပါတယ္လို႕လည္း သူမက အၾကံေပးထားပါေသးတယ္ ။ ” ကၽြန္မကေတာ့ ကေလးမယူႏိုင္ေသးပါဘူး ရွိၿပီးသား ကေလး ၂ ေယာက္ရယ္ မိခင္ျဖစ္ခ်င္ေနတဲ့ မိခင္ေလာင္းေတြကို ကူညီဖို႔ အခ်ိနိေပးရအံုးမွာနဲ႔ မအားေသးပါဘူး “ လို႕လည္း ေရးသားထားပါတယ္ ။ သႏၱာလိႈင္ကိုခ်စ္တဲ့ CeleGabar ပရိသတ္ၾကီးလည္း သူမအတြက္ ဂုဏ္ျပဳစကားေလးေတြ မွတ္ခ်က္ေရးသြားၾကပါဦးေနာ္ ။

 

Source : Thandar Hlaing
Molly @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

အသက် ၄၀ ကျော်တာတောင် အမြွှာကိုယ်ဝန်ဆောင်နိုင်လို့ ဆရာဝန်တွေ ချီးကျူးတာခံခဲ့ရတဲ့ သန္တာလှိုင်

နာမည်ကြီး ထိပ်တန်းမော်ဒယ်လ်တစ်ဦးဖြစ်သလို မြန်မာအမျိုးသမီးတွေကြား နာမည်ကြီး ရေပန်းစားသူတစ်ဦးလည်းဖြစ်တဲ့ သန္တာလှိုင် ကတော့ Single Mother အဖြစ်နဲ့ သားသမီးတွေရှေ့က ရဲရဲဝံ့ဝံ့ ရပ်တည်နေတဲ့ နာမည်ကြီး စူပါ မော် ဒယ် တစ်ယောက် ဘဲ ဖြစ်ပါတယ် ။ မကြာသေးမီကတော့ သူမ ဘဝအတွက် လက်တွဲဖော်အသစ်ကို ဘဝတစ်သက်စာအတွက် ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ် ။ အမိုက်စားဖက်ရှင်တွေနဲ့ နိုင်ငံခြားမင်းသမီးလို ဘိုဆန်တဲ့အလှပတွေရှိတဲ့ သူမကတော့တကယ်ကို စူပါ မော်ဒယ်လ် တစ်ယောက်ပါပဲ ။

လတ်တလောမှာတော့ ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်းစကားလေးတစ်ခုကို သန္တာလှိုင်က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားမျှဝေပေးခဲ့ပါတယ် ။ အမြွှာ ကိုယ်ဝန် ရဖို့သေချာသလောက် ဖြစ်ပြီး April fool မဟုတ်ပါဘူး တဲ့နော် ။ ဆရာဝန်က သူမ ၄၀ ကျော်တာတောင် ဘာလို့ဒီလောက် ကျန်းမာရေး ကောင်းနေရတာလဲ ကလေးလိုချင်ရင် အမြွာရမှာ ဖြစ်တဲ့အပြင် ဒီလ သူမရဲ့ သားဥက ၂ လုံးတောင် ဖြစ်နေတယ်လို့ပြောပြခဲ့ပါတယ် လို့ ရေးသားထားတာဖြစ်ပါတယ် ။ လစဉ် သားဖွားမီးယပ် အထူးကုနဲ့ check up လုပ်တဲ့ အကျင့်လေး အမျိုးသမီးတိုင်း လုပ်ထားသင့်ပါတယ်လို့လည်း သူမက အကြံပေးထားပါသေးတယ် ။ ” ကျွန်မကတော့ ကလေးမယူနိုင်သေးပါဘူး ရှိပြီးသား ကလေး ၂ ယောက်ရယ် မိခင်ဖြစ်ချင်နေတဲ့ မိခင်လောင်းတွေကို ကူညီဖို့ အချိနိပေးရအုံးမှာနဲ့ မအားသေးပါဘူး “ လို့လည်း ရေးသားထားပါတယ် ။ သန္တာလှိုင်ကိုချစ်တဲ့ CeleGabar ပရိသတ်ကြီးလည်း သူမအတွက် ဂုဏ်ပြုစကားလေးတွေ မှတ်ချက်ရေးသွားကြပါဦးနော် ။

Source : Thandar Hlaing
Molly @CeleGabar

scroll to top