အုပ္စိုးခန႔္နဲ႔ ခ်စ္သူေတြမဟုတ္ေၾကာင္း ခဏခဏရွင္းျပေပမဲ့ ဘယ္သူမွမယုံၾကဘူး လို႔ ဆိုလာျပန္တဲ့ ယြန္းယြန္း

Collage_Fotor.png

 

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသမီးေလးျဖစ္တဲ့ ယြန္းယြန္းဟာ ငယ္စဥ္ကတည္းက ကေလးသ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ သူမရဲ႕ အႏုပညာအလုပ္ေတြကို စတင္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ အခ်စ္ကို ယေန႔တိုင္ထိ ပိုင္ဆိုင္ထားသူေလး ျဖစ္ပါတယ္။ ” တိမ္မင္းသမီးရဲ႕ ဒ႑ာရီ ” ႐ုပ္ရွင္ဇာတ္ကားႀကီး နဲ႔ ကေလးသ႐ုပ္ေဆာင္ အကယ္ဒမီ အထူးဆုကို ရရွိခဲ့သူျဖစ္ၿပီး ယေန႔မွာေတာ့ ကေလးသ႐ုပ္ေဆာင္ အျဖစ္မွ မင္းသမီး ဇာတ္ေဆာင္ တစ္ဦးအျဖစ္ သ႐ုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။

ဆယ္ေက်ာ္သက္ လူငယ္တစ္ေယာက္မို႔ ပရိသတ္အမ်ားကလည္း ယြန္းယြန္းရဲ႕အခ်စ္ေရးကို စိတ္ဝင္စားေနၾကသလို မၾကာေသးခင္ကပဲ အဆိုေတာ္ အုပ္စိုးခန႔္နဲ႔ သတင္းေတြ ထြက္ရွိခဲ့တာျဖစ္ပါတယ္။ပါးခ်င္းအပ္ေနတဲ့ ႏွစ္ေယာက္ပုံေလးနဲ႔ အတူ ကိုယ္ပိုင္ Instagram မွာ အမွတ္တရဒိတ္ေလးေတြ တင္ထားခဲ့တာေၾကာင့္ ခ်စ္သူ ေတြျဖစ္ေနၿပီလို႔ ပရိသတ္ေတြနဲ႔ တကြမီဒီယာ အမ်ားစုမွာ ေဖာ္ျပခဲ့ၾကၿပီး တကယ္ပဲ ခ်စ္သူေတြျဖစ္ေနၿပီလိုက ပရိသတ္ေတြက လက္ခံထားၾကတာျဖစ္ပါတယ္။

 

 

 

 

အုပ္စိုးခန႔္ နဲ႔ ခ်စ္သူေတြ မဟုတ္ေၾကာင္း ယြန္းယြန္းက လက္ရွိမွာ ျပန္လည္ ျငင္းဆိုလိုက္ၿပီး ပြဲတစ္ခုမွာ အုပ္စိုးခန႔္နဲ႔ အတူ ျမင္ေတြ႕ရတဲ့ အေပၚ ” ဘာမွ မဟုတ္တာ မလုပ္ထားလို႔ ၿပဳံးျပႏိုင္တယ္၊ ရယ္ေမာ ႏုတ္ဆက္ႏိုင္တယ္။ ညီမကိုယ့္ကိုကိုယ္ လိပ္ျပာလုံလုံေလးနဲ႔ပဲ ေနသြားမွာပါ။ အရင္တုန္းကလည္း ႏွစ္ခါသုံးခါ ရွင္းျပဖူးတယ္။ တခ်ိဳ႕ ေတြက မယုံတာမ်ားတယ္။မယုံတဲ့ သူနဲ႔ ဆဲတဲ့ သူပဲရွိေတာ့ေလ၊ တခ်ိဳ႕ဟာေတြက မရွင္းတာပဲ ပိုေကာင္းပါတယ္” လို႔ အင္တာဗ်ဴးမွာ ေျဖထားတာေၾကာင့္ ဆယ္လီကမာၻပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္။

 

 

 

source: Myanmar Celebrity;
Khin mi mi@CeleGabar
ယူနီကုဒ္ျဖင့္ ဖတ္ရန္

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးလေးဖြစ်တဲ့ ယွန်းယွန်းဟာ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် သူမရဲ့ အနုပညာအလုပ်တွေကို စတင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်ကို ယနေ့တိုင်ထိ ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ” တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ” ရုပ်ရှင်ဇာတ်ကားကြီး နဲ့ ကလေးသရုပ်ဆောင် အကယ်ဒမီ အထူးဆုကို ရရှိခဲ့သူဖြစ်ပြီး ယနေ့မှာတော့ ကလေးသရုပ်ဆောင် အဖြစ်မှ မင်းသမီး ဇာတ်ဆောင် တစ်ဦးအဖြစ် သရုပ်ဆောင်နေပြီဖြစ်ပါတယ်။

ဆယ်ကျော်သက် လူငယ်တစ်ယောက်မို့ ပရိသတ်အများကလည်း ယွန်းယွန်းရဲ့အချစ်ရေးကို စိတ်ဝင်စားနေကြသလို မကြာသေးခင်ကပဲ အဆိုတော် အုပ်စိုးခန့်နဲ့ သတင်းတွေ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ပါးချင်းအပ်နေတဲ့ နှစ်ယောက်ပုံလေးနဲ့ အတူ ကိုယ်ပိုင် Instagram မှာ အမှတ်တရဒိတ်လေးတွေ တင်ထားခဲ့တာကြောင့် ချစ်သူ တွေဖြစ်နေပြီလို့ ပရိသတ်တွေနဲ့ တကွမီဒီယာ အများစုမှာ ဖော်ပြခဲ့ကြပြီး တကယ်ပဲ ချစ်သူတွေဖြစ်နေပြီလိုက ပရိသတ်တွေက လက်ခံထားကြတာဖြစ်ပါတယ်။

အုပ်စိုးခန့် နဲ့ ချစ်သူတွေ မဟုတ်ကြောင်း ယွန်းယွန်းက လက်ရှိမှာ ပြန်လည် ငြင်းဆိုလိုက်ပြီး ပွဲတစ်ခုမှာ အုပ်စိုးခန့်နဲ့ အတူ မြင်တွေ့ရတဲ့ အပေါ်
” ဘာမှ မဟုတ်တာ မလုပ်ထားလို့ ပြုံးပြနိုင်တယ်၊ ရယ်မော နုတ်ဆက်နိုင်တယ်။ ညီမကိုယ့်ကိုကိုယ် လိပ်ပြာလုံလုံလေးနဲ့ပဲ နေသွားမှာပါ။ အရင်တုန်းကလည်း နှစ်ခါသုံးခါ ရှင်းပြဖူးတယ်။ တချို့ တွေက မယုံတာများတယ်။မယုံတဲ့ သူနဲ့ ဆဲတဲ့ သူပဲရှိတော့လေ၊ တချို့ဟာတွေက မရှင်းတာပဲ ပိုကောင်းပါတယ်” လို့ အင်တာဗျူးမှာ ဖြေထားတာကြောင့် ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်နော်။

source: Myanmar Celebrity;
Khin mi mi@CeleGabar

 

scroll to top