ပရိသတ်တွေ သွားရိုက်စေချင်တဲ့ သဲကန္တာရ ဟုတ်ချင်မှ ဟုတ်မယ် ထပ်ရိုက်ဖို့တော့ ရှိသေးတယ်လို့ ဆိုလာတဲ့ သင်ဇာ
Collage_Fotor445.png
Khin mi mi@CeleGabar
ယူနီကုဒ်ဖြင့် ဖတ်ရန်
မြန်မာနိုင်ငံရဲ့ထိပ်တန်း မော်ဒယ်လ် နဲ့ မင်းသမီးစာရင်းမှာ တစ်ယောက် အပါအဝင်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ဟာ တကယ့်ကို လှပကျစ်လျစ်တဲ့ ကိုယ်ခန္ဓာအချိုးအစားကိုပိုင်ဆိုင်ထားသူတယောက်ဖြစ်ပြီး Sexy အကျဆုံး မော်ဒယ်လ် မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ အမြဲတမ်း ဆန်းသစ်လှပနေတဲ့ ဖက်ရှင် တွေနဲ့ ပွဲတွေ ဆက်တိုက် တက်ဖြစ်နေတဲ့ သင်ဇာကတော့ ဘယ်သူမှ မလိုက်မီနိုင်လောက်အောင် ခေတ်ရှေ့ပြေးသူ ၊ အထူးအဆန်းလေးတွေကို ပြုလုပ်တတ်သူ တစ်ဦး ဖြစ်ပါတယ်။
သင်ဇာဟာ စိတ်ထဲရှိသလို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း နေတတ်သူ မင်းသမီးတစ်ယောက်ဖြစ်ပြီး သူမ ဝတ်ဆင်လိုက်တဲ့ ဖက်ရှင်၊ Performance နဲ့ ဓာတ်ပုံတွေက အစ ဘယ်သူနဲ့မှ မတူညီပဲ အမြဲကွဲပြားခြားနားနေသူပါ။ရေခဲတောင်၊ ပင်လယ်ကမ်းခြေ တို့မှာ အပေါ်ပိုင်းအင်္ကျီမပါပဲ ဓာတ်ပုံရိုက်ခဲ့တဲ့အပေါ် ပရိသတ်တချို့ကလည်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သလို သူမကို ဆက်လက်အားပေးနေသူတွေက နောက်တခေါက်ဆို သဲကန္တာရမှာ ရိုက်မယ်ထင်တယ်လို့ ပရိသတ်တွေက မှတ်ချက်ခဲ့တာဖြစ်ပါတယ်။
အဲ့အတွက် သင်ဇာကလည်း သဲကန္တာရမှာ ရိုက်ဖြစ်ဖို့ ဆိုတာ ဟုတ်ချင်မှ ဟုတ်မယ် ထပ်ရိုက်ဖို့တော့ ရှိသေးတယ်။ ဘယ်မှာလဲ ဆိုတာ မပြောပြသေးပဲ ပရိသတ်တွေကိ ုSuprise ထပ်လုပ်ဖို့ စိတ်ကူးထားတာဖြစ်ပါတယ်။ခုလို အပေါ်ပိုင်းအင်္ကျိမပါပဲ ပုံရိုက်တာနဲ့ ပတ်သက်လို့ ” ကိုယ့်ဘာသာ ကိုယ်လုပ်ချင်တာလုပ်လိုက်ရလို့ ကျေနပ်သွားတယ်။ တခြားသူတွေ ကျေနပ်တာ၊ မကျေနပ်တာကျ ဂရုမစိုက်ဘူး။ သိလဲ မသိချင်ဘူး။ ” လို့ ဆိုထားတာကြောင့် ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ဖော်ပြလိုက်ရပါတယ်။
source: Myanmar Celebrity;
Khin mi mi@CeleGabar
scroll to top