မြန်မာနိုင်ငံရဲ့ ပညာရေးကို အကောင်းဆုံးအကျိုးပြုမဲ့ ပညာရေးသံအမတ်အဖြစ်ခန့်အပ်ခံလိုက်ရတဲ့ ခေတ်လေး၊သစ်လေးတို့ရဲ့ မမေ ချစ်သုဝေ

Collage_Fotor545.png

 



လက်ရှိမှာတော့ ချစ်သုဝေ ဟာ”မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန (Myanmar learning resource centre-MLRC) ” ရဲ့ “ပညာရေးသံတမန်” တစ်ဦးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး သံအမတ်တစ်ဦးအဖြစ် မြန်မာနိုင်ငံရဲ့ ပညာရေးကို တဖက်တလှမ်းကနေ အကျိုးပြုပြီး ချစ်သုဝေ အကျိုးပြုဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်။


source:Chit Thu Wai;
Khin mi mi@CeleGabar
ယူနီကုဒ်ဖြင့် ဖတ်ရန်

ပြည်သူအချစ်တော် အမြွာလေးဖြစ်တဲ့ ခေတ်လေး နဲ့ သစ်လေးတို့ရဲ့ မေမေဖြစ်တဲ့ မင်းသမီးချော ချစ်သုဝေကတော့ ပရိသတ်တွေရဲ့ အချစ်ကို သရုပ်ဆောင် အနုပညာနဲ့ သာမက အဆိုအနုပညာနဲ့ပါ ရယူသိမ်းပိုက်နိုင်ခဲ့သူလေးဖြစ်ပြီး တဖက်မှာ လည်း ပြည်သူပရိသတ်တွေကို ပြန်လည် အကျိုးပြုနေတဲ့ ဆေးဝန်ထမ်း ဒေါက်တာမလေးတစ်ဦးဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ အဆိုတော် လင်းလင်း နဲ့ အတူ သမီးလေးနှစ်ဦးရဲ့ နာမည်ကို အသုံးပြုထားတဲ့ ခေတ် သစ် Foundation ကို တည်ထောင်ခဲ့ပြီး ကျန်းမာရေး၊ လူမှုရေးအရ တကယ်ဒုက္ခရောက်ပြီး လိုအပ်နေတဲ့ ပြည်သူလူထုကို တဖက်တလှမ်းကနေ ကူညီထောက်ပံ့ပေးနေတာဖြစ်ပြီး တကယ့်ကို အကျိုးရှိတဲ့ အလုပ်တွေကနေ လောကကို အလှဆင်နေသူ အနုပညာရှင် မိသားစုလေးလို့ ဆိုနိုင်ပါတယ်။

လက်ရှိမှာတော့ ချစ်သုေ၀ ဟာ”မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန (Myanmar learning resource centre-MLRC) ” ရဲ့ “ပညာရေးသံတမန်” တစ်ဦးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး သံအမတ်တစ်ဦးအဖြစ် မြန်မာနိုင်ငံရဲ့ ပညာရေးကို တဖက်တလှမ်းကနေ အကျိုးပြုပြီး ချစ်သုေ၀ အကျိုးပြုဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်။
“သမီးလေးတွေအပါအဝင် ကလေးတွေကို စာတတ်၊ပညာတတ်စေချင်တယ်။နောင်တစ်ချိန် ပညာတတ်သူတို့လေးတွေ ဦးဆောင်တဲ့ မြန်မာနိုင်ငံမှာ ခေါင်းချခွင့်ရချင်တယ်။ကမ္ဘာ့ရဲ့ဘယ်နေရာရောက်ရောက် မြန်မာရယ်လို့ ပညာရဲရင့် ပွဲလယ်တင့်ချင်ပါတယ်။ “လို့ သူမရဲ့ ခံစားချက်နဲ့ရည်ရွယ်ချက်လေးတွေကို ဖွင့်ဟဆိုထားပါတယ်။

source:Chit Thu Wai;
Khin mi mi@CeleGabar

 

scroll to top