မြို့တော်စည်ပင်သာယာရေးကော်မတီလောင်း ထက်ထက်ထွန်းရဲ့ အမိုက်စား Tik tok ဗီဒီိယိုလေးများ

4.png


 

 

 


ရှုတင်မှာ ဒါရိုက်တာကြီး ကို Thar Nyi ပြောတဲ့ အားအားယားယား … 😝#TikTok

Posted by Htet Htet Htun on Monday, November 19, 2018

Source : Htet Htet Htun
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

မြို့တော်စည်ပင်သာယာရေးကော်မတီလောင်း ထက်ထက်ထွန်းရဲ့ အမိုက်စား Tik tok ဗီဒီယိုလေးများ

Miss Universe Myanmar အလှမယ်တစ်ဦးဖြစ်တဲ့ ထက်ထက်ထွန်းကတော့ သရုပ်ဆောင် ဘက်ကို ကူးပြောင်းလာပြီ ဖြစ်ပါတယ် ။ အလှမယ်တစ်ဦးမှာရှိသင့်တဲ့ စမတ်ကျမှုတွေ လှပမှုတွေ ထက်မြတ်မှုတွေနဲ့ ပြည့်စုံနေသူတစ်ဦးမို့ Miss Universe Myanmar 2015 နဲ့ 2016 ပွဲတိုင်းမှာ အလှသရဖူတိုင်းကို ဆွတ်ခူးနိုင်ခဲ့တဲ့ မော်ဒယ်လ်တစ်ယောက်ဘဲ ဖြစ်ပါတယ် ။ အလှမယ်ထက်ထက်ထွန်းတစ်ယောက် ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့အကျိုးကိုသယ်ပိုးဖို့ မြို့တော်စည်ပင် သာယာရေး ကော်မတီ ဝင်အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ပရိသတ်တွေသိပြီးဖြစ်မှာပါနော် ။

မြို့တော်စည်ပင် သာယာရေးကော်မတီဝင် အနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ထက်ထက်ထွန်းကတော့ ငယ်ငယ် ရွယ်ရွယ်နဲ့ ထက်မြက် တက်ကြွတဲ့ စွမ်းဆောင်ရည်ရှိတဲ့ သူတစ်ဦးပါပဲ ။ သူမကို ချစ်ကြတဲ့ ပရိသတ်တွေကို အမြဲတမ်း ချစ်စရာကောင်းတဲ့ tik tok Video လေးတွေ မျှဝေပေးလေ့ရှိသလို သူမ ဖန်တွေ ပရိသတ်တွေကလည်း tik tok လေးတွေကို အရမ်းကိုသဘောကျ နှစ်ခြိုက်နေကြပါတယ် ။ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နေတဲ့အချိန်မှာ လူကြီးဆန်ဆန်နေပြီး ကျန်အားလပ်ချိန်တွေမှာတော့ လူငယ်တစ်ယောက် ပီပီ ပျော်ပျော်ပါးပါး ဖြတ်သန်းတတ်တဲ့ သူမရဲ့ ပင်ကိုယ်စတိုင်လေးကတော့ တကယ်ကို လေးစား စရာပါပဲနော် ။ ထက်ထက်ထွန်းကိုချစ်တဲ့ CeleGabar ပရိသတ်ကြီးအတွက် ယူတို့အသည်းတွေကို ကြွေသွားစေမယ့် ထက်ထက်ထွန်းရဲ့ tik tok လေးတွေကို အခုပဲ မျှဝေပေးလိုက်ပြီနော် ။

Source : Htet Htet Htun
Molly @CeleGabar

scroll to top