လှပ်၍လွင့်သော ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်ကြည့်ရှူသူနည်းပါးခဲ့တာကြောင့် အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ဆိုလာတဲ့ မို့မို့မြင့်အောင်

Collage_Fotor452.png

 





Khin mi mi@CeleGabar
ယူနီကုဒ်ဖြင့် ဖတ်ရန်

လတ်တလောမှာ ဂယက်ထခဲ့တဲ့ အကယ်ဒမီဆုပေးပွဲကြောင့် အနုပညာလောကကို အတော်လေးရိုက်ခတ်ခဲ့ရပြီး တကယ်ဆုရရှိစေချင်တဲ့ အနုပညာရှင်နဲ့ ဆုရှိသူတွေကြား ပရိသတ်တွေ အတော်လေးမကျေနပ်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ ဇာတ်ဆောင်၊ အကောင်းဆုံး ရုပ်ရှင်ဆု နဲ့ ဒါရိုက်တာဆု ရရှိခဲ့တဲ့ ရွှေကြာ ရုပ်ရှင်ရဲ့ ရိုက်ကူးသူ ဒါရိုက်တာ ဝိုင်းကို ပါ မကျေနပ်ဖြစ်ခဲ့ပြီး ဝိုင်းရိုက်တဲ့ ရုပ်ရှင်မို့ မကြည့်ဘူးဆိုတဲ့ထိ ပရိသတ်တွေကြား အခြေအနေဆိုးခဲ့ရတာဖြစ်ပါတယ်။

လှပ်၍လွင့်သော ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer နဲ့ မင်းသမီးချော ခင်ဝင့်ဝါရဲ့ သရုပ်ဆောင်ချက်အပေါ်ပရိသတ်တွေ အလွန်စိတ်ဝင်စားမှု မြင့်တက်ခဲ့သော်လည်း ရုပ်ရှင်ရဲ့ ရုံတင်သော ပထမရက်မှာတင် ရုပ်ရှင်လာရောက်ကြည့်ရှူသူ လက်ချိုးရေလို့ ရအောင် နည်းပါးခဲ့ပြီး ဒီရုပ်ရှင်ရဲ့ ထုတ်လုပ်ရေး အတွက်ကတော့ အတော်လေး စိတ်မကောင်းစရာဖြစ်ပါတယ်။

မကြည်ပြာ ဇာတ်ကောင်ရဲ့ ငယ်ရုပ်ကို ခင့်ဝင့်ဝါ ကသရုပ်ဆောင်ထားပြီး သူမရဲ့အိုက်တင်နဲ့ သရုပ်ဆောင်ချက်တွေကို အမြည်းဗီဒီယိုလေးကနေ တဆင့် ခန့်မှန်းထားကြတာဖြစ်ပါတယ်။ မကြည်ပြာရဲ့ လူကြီးပိုင်းဇာတ်ကောင်ကို တော့ အကယ်ဒမီများရှင် မို့မို့မြင့်အောင် က သရုပ်ဆောင်ထားပြီး ခုလို ရုံတင်ရက်မှာ ပရိသတ်ကြည့်ရှူသူ နည်းပါးခဲ့တာနဲ့ ပတ်သက်လို့”ပရိသတ်မကြည့်ဖြစ်တဲ့အတွက် မို့အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်။ ကြည့်ဖြစ်တဲ့ ပရိသတ်တွေကိုလည်း တစ်Scence တည်းနဲ့ အကောင်းဆုံးကြိုးစားထားပါတယ်။မကြည့်ရသေးတဲ့ ပရိသတ်တွေကိုလည်း အားပေးဖို့ မေတ္တာရပ်ခံပါတယ်။ ” လို့ မမို့က ပရိသတ်တွေကို တောင်းဆိုလိုက်တာဖြစ်ပါတယ် ။

source:Myanmar Celebrity ;
Khin mi mi@CeleGabar

scroll to top