collage-72.jpg
Source – AFF Suzuki Cup
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်
A special guest before kickoff! Here’s the thoughts of Myanmar FF boss Mr. Zaw Zaw! #AFFSuzukiCup18 #TimeToShine
Posted by AFF Suzuki Cup on Tuesday, November 20, 2018
မြန်မာအသင်းအပေါ် ခံယူချက် ကောင်းတာကြောင့် ပရိသတ်တွေချီးကျူးတာ ခံခဲ့ရတဲ့ ဥက္ကဌ ဦးဇော်ဇော်
ယမန်နေ့ညက AFF Suzuki Cup စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်မှု မှာ ဦးဇော်ဇော် ရဲ့ ဖြေကြားမှု တစ်ခုကြောင့် မြန်မာပရိသတ်တွေ က ချီးမွမ်းနေကြပါတယ်။ ဦးဇော်ဇော်က ပြိုင်ပွဲဝင်အသင်းတွေအသီးသီးဟာ အနိုင်ရဖို့ ကြိုးစားကြမှာ ဖြစ်သလို ကျနေ်ာတို့ က လည်း အိမ်ရှင်ဖြစ်တာမို့ အကောင်းဆုံး နဲ့ တရားမျှတမှု ရှိအောင် အကောင်းဆုံးစီမံပေးမယ်လို့ ဖြေကြားခဲ့ပါတယ်။ ဆက်လက်ပြီး မြန်မာပရိသတ်တွေအတွက် အာစီယံမိသားစုနိုင်ငံအသီးသီးပါဝင်ယှဉ်ပြိုင်ကြတာဖြစ်တဲ့အတွက် ကိုယ်အားပေးတဲ့အသင်းကို တရားမျှတစွာအားပေးကြဖို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။ နာမည်ကြီး ဗီယက်နမ် အသင်း ချန်ပီယံဖြစ်နိုင် မဖြစ်နိုင် မေးမြန်းတဲ့ အချက် ကို ဦးဇော်ဇော်က ပညာသားပါပါ နဲ့ ဒါဟာဘောလုံးကန်နေတာပါ လို့ ပညာသားပါပါ ပြန်လည်ဖြေကြားခဲ့တဲ့ အတွက် ပရိသတ်တွေရဲ့ ထောပနာပြုတာကို ခံခဲ့ရပါတယ်။
အဆိုပါ တိုက်ရိုက်ထုတ်လွှင့်ချက်ဟာ မြန်မာ – ဗီယက်နမ် ပွဲမစခင် နာရီပိုင်း အလိုမှာ ထုတ်လွှင့် ခဲ့တာဖြစ်ပြီး ပရိသတ်တွေက တော့ ဦးဇော်ဇော်ရဲ့ ပြောကြားချက် အတွက် ဂုဏ်ယူခဲ့ကြပါတယ်။
Source – AFF Suzuki Cup
Nay Madhuri
scroll to top