
3.png


 

 

 


Source : Irrawaddy
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

အမြွှာလေးတွေကို ကိုယ်ဝန်ဆောင်စဉ်က ထူးဆန်းတဲ့အိပ်မက်တွေ အကြောင်းပြောပြခဲ့တဲ့ ဇွဲဝေယံထူး ၊ဇွဲဝေယံထက်တို့ရဲ့ မိခင်

ဇွဲဝေယံထူးနဲ့ ဇွဲဝေယံထူးဆိုတဲ့ အမြွှာညီအစ်ကို နှစ်ယောက်ကတော့ မုန်းစွဲရုပ်ရှင်ကားကြီးကနေ ပရိသတ်အချစ်တွေ သိမ်းကြုံးယူခဲ့တဲ့ ညီအစ်ကိုနှစ်ယောက်ပါ ။ သရုပ်ဆောင်နေတယ်လို့မ ထင်ရလောက်အောင် ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီ ရမယ်လို့တောင် ထင်ကြေး ပေးခံခဲ့ရတာပါ ။ စကားလည်း အရမ်းတတ်သလို ချစ်ဖို့ကောင်းတဲ့ အမြွှာနှစ်ယောက် ရဲ့မိခင်ဖြစ်သူ ကတော့ သားသားတို့ကိုယ်ဝန် မဆောင်ခင်က နဲ့ ကိုယ်ဝန်ဆောင်နေစဉ်မှာ ထူးဆန်းစွာ မြင်မက်ခဲ့တဲ့အိပ်မက်တွေအကြောင်းကို ပြောပြလာခဲ့ပါတယ် ။

ကိုယ်ဝန်မဆောင်ခင်ကအိပ်မက်ထဲမှာ စုံတွဲတစ်တွဲရဲ့ မင်္ဂလာဆောင်ကို ဘယ်သူမှ မဖိတ်ဘဲ ရောက်သွားပြီး အရမ်းကိုခမ်းနားပြီး တော်ဝင်ဆန်တဲ့ ဝတ်စုံတွေကို ဝတ်စုံထားတယ်လို့သိရပါတယ် ။ သူတို့ကိုလည်း တစ်ခါမှ မသိဘဲ ဒီလောက်ခမ်းနားတဲ့ မင်္ဂလာဆောင်ကို ငါဘာလို့ရောက်နေတာလဲဆိုပြီး စဉ်းစားနေတုန်း သတို့သားနဲ့သတို့သမီးရဲ့ အမျိုးတွေက သူမ အနားကို ဝိုင်းလာပြီး ဒီမင်္ဂလာပွဲကိုလာတာ အရမ်းကျေးဇူးတင်တာပဲ ဆိုပြီး ဝိုင်းပြောကြ တော့ ငါနဲ့မဆိုင်တဲ့နေရာကို ရောက်လာမိပြီဆိုတဲ့ အသိနဲ့ထွက်ပြေးခဲ့တဲ့ အိပ်မက်တစ်ခုကို မက်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ကိုယ်ဝန်ရခဲ့တာပါတဲ့ ။ အမြွှာဆိုတော့ သားလေး တစ်ယောက် သမီးလေးတစ်ယောက်လိုချင်ပေမယ့် ကိုယ်ဝန်ဆောင်နေစဉ် အိပ်မက်ထဲမှာ အသီးတွေက အိမ်ခေါင်မိုးကိုဖောက်ထွက်ပြီး သီးနေတာကိုလည်း အိပ်မက် မက်တဲ့အတွက် မိဘတွေက သားနှစ်ယောက်မွေးမှာ သေချာတယ်လို့ ပြောခဲ့ကြတယ်လို့လည်း သိရပါတယ် ။ ကိုယ်ဝန်ဆောင်ပြီး မမွေးခင်ထိ အသီးနဲ့ ရေကလွဲပြီး ဘာမှ မစားနိုင်မသောက်နိုင်ခဲ့တဲ့အပြင် တခြားဟာတွေ စားရင် ပြန်အန်တယ်လို့ အမြွှာညီအစ်ကိုနှစ်ယောက် ကိုယ်ဝန်ဆောင်စဉ်က ထူးဆန်းမှုတွေကို ပြောပြခဲ့ပါတယ် ။

Source : Irrawaddy
Molly @CeleGabar

scroll to top