ဝိုင်းပြီး မနာလိုနေရတဲ့ ချစ်သူမိန်းကလေးကို အလင်းပြလိုက်ပြီဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်

Collage_Fotor4124.png

 

ဧပြီလ(၁၀)ရက်နေ့မှာ ကျင်းပမဲ့ ပရိသတ်အချစ်တော် တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင် ရဲ့ မွေးနေ့ရှိုးပွဲကတော့ တနေ့တခြားနီးလို့ လာပြီဖြစ်သလို လက်မှတ်ကြိုတင်ရောင်းချချိန်မှာလည်း ခန့်မှန်းလူဦးရေးထက် အယောက်(၃၀၀၀) ကျော်လောက်လာရောက်ဝယ်ယူခဲ့ကြတာဖြစ်ပါတယ်။

 

 

ဧပြီလ(၁)ရက်နေ့မှာ တော့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်သွားရအောင် စိုင်းစိုင်းဟာ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နာထက်ကနေ Victoria ဆိုတဲ့ အမည်ရှိ မိန်းကလေးတစ်ယောက်ရဲ့ အကောင့် နဲ့ ချစ်သူတွေဖြစ်နေကြောင်း Relationship Status တစ်ခုတင်ခဲ့ပြီး မိန်းကလေးပရိသတ်အများဆုံးဖြစ်တဲ့ ဦးစိုင်းFanတွေဟာ အဲ့ဒီ Victoria ဆိုတဲ့မိန်းကလေးကို ဥိးစိုင်းကို ချစ်တဲ့ စိတ်နဲ့ မနာလိုနေခဲ့ကြရတာဖြစ်ပါတယ်။

 

SaiSai

စိုင်းစိုင်းခမ်းလှိုင် RS ချိတ်ထားတဲ့  Victoria ဆိုတဲ့ ကောင်မလေးကိုစိုင်းစိုင်းကိုယ်တိုင် အလင်းပြလိုက်ပါပြီ…#CG#CeleGabar#SaiSaiKhamLeng

Posted by Cele Gabar on Monday, April 1, 2019

ဧပြီလ(၁)ရက်နေ့ကတော့ April Fool Day လည်းဖြစ်တာမို့ စိုင်းစိုင်းတစ်ယောက် တမင်အရူးလုပ်တာလား၊အတည်လား ဆိုတာ ဝေခွဲမရဖြစ်ခဲ့ကြပြီး ယနေ့မှာတော့ စိုင်းစိုင်းဟာ သူ့ချစ်သူမိန်းကလေး Victoria ကို အလင်းပြလိုက်ပါတယ်။ စိုင်းစိုင်းရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ငါ့ရည်းစားကပိုမိုက်တယ် ” ထဲက အမိုက်စားမိန်းကလေး ဇာတ်ကောင်တစ်ခုအဖြစ်Victoria ကို အကောင့်နဲ့တကွ ဖန်တီးလိုက်တာဖြစ်ပြီး အဲ့ဒီကောင်မလေးက ဒီသီချင်းကို သီဆိုကြတဲ့ အဆိုတော်ဘဲကြီးတွေ အကုန်လုံးနဲ့ ကြိုက်နေတယ်ဆိုတဲ့ ကာရိုက်တာကို သွင်းလိုက်တာဖြစ်ပါတယ်။ “Relationship က တစ်ခုပဲ ချိတ်လို့ရတယ် ဆိုတော့ ကျွန်တော်ပဲ အနစ်နာခံပြီး ချိတ်ပေးလိုက်တာပါ။ အထင်လွဲနေတဲ့ ပရိသတ်တွေကိုကတော့ ဘာမှ ပြောစရာ မရှိပါဘူး။ ဒီသီချင်းကိုလေးကို ကြည့်ပြီးရင် နားလည်မှာပါ” လို့ ချစ်သူရှိသွားပြီဆိုပြီး စိတ်ပူနေကြတဲ့ စိုင်းကိုချစ်သော ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ရပါတယ်။

source: Sai Sai Kham Leng;
Khin Mi Mi @ Celegabar
ယူနီကုဒ်ဖြင့် ဖတ်ရန်

 

 

Nga Yee Zar Ka Po Mite Tal ( My Girlfriend is better than yours)

ငါ့ရည်းစားက ပိုမိုက်တယ် Nga Yee Zar Ka Po Mite Tal ( My Girlfriend is better than yours)Frenzo ArtistsAnimated video created by Pencell StudioSponsored by G-SHOCKFrom the album of SAISAI is SAISAI 🔥#PencellxFrenzo

Posted by Sai Sai Kham Leng on Monday, April 1, 2019

 

 

scroll to top