
collage-73.jpg

 



Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဝေဖန်သူတွေကြောင့် စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ရတဲ့ စံထိပ်ထားဦး

ထိပ်ထိပ်တစ်ယောက် မိခင် ရဲ့ အနုပညာအမွေကို ဆက်ခံနိုင်ဖို့ အနုပညာလောကထဲကို ထိုးဖောက်ဖို့ ပြင်ဆင်နေပါပြီ။ တီဗီ ဖန်သားပြင်ပေါ်မှာလည်း ထိပ်ထိပ်လေးရဲ့ ကြော်ငြာလေးတွေကို ခပ်စိပ်စိပ်လေးမြင်တွေ့နေရပါတယ်။ မှုန်နေအောင်မလှခဲ့ပေမယ့် မိခင်နဲ့ ဖခင် ရဲ့ အလှတရားတွေကို ပိုင်ဆိုင်ခဲ့လို့ ချစ်စရာကောင်းတဲ့ဆုပြည့်တဲ့ ထိပ်ထိပ် ကို သူမရဲ့ အပြင်ပန်းသွင်ပြင် နဲ့ ပတ်သက်ပြီးဝေဖန်သူတွေရှိခဲ့ပါတယ်။

ထိပ်ထိပ်ဟာ (၁၀)တန်းကျောင်းသူ ၊ ကလေးတစ်ယောက်သာဖြစ်တဲ့အတွက် အဆိုပါ စကားလုံးတွေဟာ ထိပ်ထိပ် ကို စိတ်ရောလူရောပင်ပန်းစေခဲ့တာပါ။
ထိပ်ထိပ် ကတော့ my day မှာ အဆိုပါဝေဖန်သူတွေရဲ့ ရေးသားချက်တွေကိုတင်ပြီး သူမရဲ့ ဝါသနာ ပါရာအနုပညာအလုပ် ကို ပြောပြခဲ့တာကို ဘာ့ကြောင့်ရုပ်အဆင်းသွင်ပြင် ကိုပဲ အသားပေးပြောဆိုတတ်ကြတဲ့ ပရိသတ်တွေကြောင့်စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲ ဖြစ်နေရပါတယ်လို့ ရေးသားထားကြောင်းပါ။

Source – Sam Htake Htar Oo
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

လူတိုင်းအကာအကွယ်ပေးခံရမယ့် အရာတစ်ခု ကို ထုတ်ဖော်ရွတ်ဆိုခဲ့တဲ့ ဖွေးဖွေး

မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ သဘောတူညီခဲ့တဲ့ လူသားတိုင်းအတွက် အာမခံချက်တစ်ခုက တော့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းဖြစ်ပါတယ်။ အပိုဒ် (၃၀) ပါဝင်တဲ့ ဒီကြေညာချက်ကို တစ်ကမ္ဘာလုံးက အစိုးရတိုင်းက လက်ခံပြီး လူတွေရဲ့ မွေးရာပါရပိုင်ခွင့်တွေကို အကာအကွယ်ပေးကြရပါတယ်။

လတ်တလောမှာ Stand Up for Human Rights in Myanmar(မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေးအတွက် ရပ်တည်ပေးပါ) လှုပ်ရှားမှု တစ်ခုကိုပြုလုပ်နေပါတယ်။ ဖွေးဖွေးလည်း အခုတစ်ခေါက်ပါဝင်ခဲ့ပြီး လူတိုင်းရဲ့ ပုဂ္ဂလိက လွတ်လပ်မှု နဲ့ဆိုင်တဲ့ စာတမ်း အပိုဒ် ၁၂ ကို ဖတ်ပြခဲ့ပါတယ်။ ဖွေးဖွေးဖတ်ပြခဲ့တဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့် အပိုဒ်လေးကိုနားထောင်ပြီး နေ့စဉ်ဘဝမှာ ဘယ်လိုတွေဖြစ်ပျက်နေကြသလဲဆိုတာ မှတ်ချက်မှာပြောပြခဲ့ကြပါနော်။

Source – Stand Up for Human Rights in Myanmar
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

scroll to top