ပရိသတ္ေတြကိုအထင္နဲ႔အျမင္တက္တက္စင္လြဲေအာင္ လုပ္လုိက္တဲ့ ေအးျမတ္သူ

2-1.png

ပါးခ်ိဳင့္မင္းသမီးေလးအျဖစ္ ပရိသတ္ေတြရဲ႕ရင္ထဲမွာေနရာယူစိုးမိုးထားႏိုင္လြန္းတဲ့ နာမည္ေက်ာ္ သ႐ုပ္ေဆာင္ မင္းသမီး ေခ်ာေအးျမတ္သူ ကေတာ့ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြနဲ႔အတူ အပ်ိဳႀကီးမမရယ္လို႔ ပရိသတ္ေတြ သတ္မွတ္ထားတဲ့ အသက္ ၃၀ေက်ာ္ အ႐ြယ္တင္ႏုပ်ိဳလြန္းတဲ့မင္းသမီးေခ်ာေလး တစ္ေယာက္ပါ ။ သူမရဲ႕ပီျပင္တဲ့သ႐ုပ္ေဆာင္မႈေတြအျပင္ ၿပဳံးလိုက္ရယ္လိုက္ တိုင္း အားလုံးကိုအခ်စ္ပိုေစတဲ့ပါးခ်ိဳင့္ေလးနဲ႔ အခ်ိဳးအစားက်ၿပီး ဆြဲေဆာင္မႈ ရွိတဲ့ ခႏၶာေကာက္ေၾကာင္းအလွတို႔ကလည္း ပရိသတ္ေတြကို အၿမဲဖမ္းစားထားခဲ့တာပါ ။ မၾကာေသးမီကမွ ဘိတ္သိတ္ဆရာ ဘိုျမတ္သန္း က သူ႔ရဲ႕လူမႈကြန္ရက္စာ မ်က္ႏွာကေန ” မၾကာေသာအခ်ိန္ကာလမွာစုလ်ားရစ္ပတ္ အဘိေသကသဘင္ခံယူမည့္ သမီး ‘ေအးျမတ္သူ’ “ဆိုတဲ့စာသားနဲ႔အတူ ေအးျမတ္သူရဲ႕ပုံကို ေဖာ္ျပခဲ့တဲ့အတြက္ သူမရဲ႕ မဂၤလာသတင္းကို ပရိသတ္ေတြက နားဆြင့္ေနၾကတာျဖစ္ပါတယ္ ။

 

 

 

 

 

ဧျပီလ ၁ ရက္ေန႕ကေတာ့ ေအးျမတ္သူတစ္ေယာက္ မဂၤလာလက္မွတ္ေရးထိုးလုိက္ျပီဆိုတဲ့ စာသားနဲ႔အတူ  မဂၤလာလက္မွတ္ေရးထိုးပြဲ ပံုရိပ္ေတြမွာ သတို႕သားေနရာကို စတစ္ကာအုပ္ျပီး တင္ခဲ့တဲ့အတြက္ ပရိသတ္ေတြက အထူးပဲ စိတ္၀င္စားခဲ့ၾကပါတယ္ ။ ဒါေပမယ့္ ဒီေန႕မွာေတာ့ မျမတ္ေလးက

“ ေပ်ာ္ရႊင္စရာ April fool ေန႔ေလးျဖစ္ပါေစရွင္။ေအးျမတ္သူရဲ႕ အကိုႀကီး လက္မွတ္ထိုးတဲ့ေန႔ေလးမွာ

ဒီေန႔ေလးအတြက္ ခ်စ္တဲ့သူေတြကို စေနာက္ခ်င္လို႔ ႀကိဳၿပီးစီစဥ္ၿပီး႐ိုက္ထားတဲ့ပံုေလးပါ။

အက်ႌေတြ ရက္စဲြေတြကို တိုက္ၾကည့္လို႔လည္းရပါတယ္။ အားလံုးကိုခ်စ္လို႔ အေပ်ာ္သေဘာေလးနဲ႔စေနာက္လိုက္တာပါ။ ပရိတ္သတ္ေတြရဲ႕ ေမတၱာေတြ Comment ေတြေၾကာင့္လည္း ေပ်ာ္ခဲ့ရပါတယ္။ ခ်စ္လို႔စတာကိုေဗြမယူပဲဆက္ခ်စ္ေပးၾကပါေနာ္။

အားလံုးရဲ႕ဆႏၵအတိုင္း ဒီႏွစ္ေတာ့အပ်ိဳႀကီးပဲလုပ္ပါဦးမယ္ရွင့္ “  ဆိုတဲ့စာသားနဲ႔အတူ April Fool အျဖစ္စေနာက္လုိက္ေၾကာင္း ပရိသတ္ေတြ ျပန္လည္ရွင္းျပခဲ့ပါတယ္ ။ ကဲ ေအးျမတ္သူကိုနွေျမာေနၾကတဲ့ CeleGabar ပရိသတ္ၾကီးေရ မျမတ္ေလးက အပ်ိဳၾကီးပဲလုပ္ဦးမွာပါတဲ့ေနာ္ ။

 

 

Source : Aye Myat Thu

Molly @CeleGabar

ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ပရိသတ်တွေကိုအထင်နဲ့အမြင်တက်တက်စင်လွဲအောင် လုပ်လိုက်တဲ့ အေးမြတ်သူ

ပါးချိုင့်မင်းသမီးလေးအဖြစ် ပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူစိုးမိုးထားနိုင်လွန်းတဲ့ နာမည်ကျော် သရုပ်ဆောင် မင်းသမီး ချောအေးမြတ်သူ ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့အတူ အပျိုကြီးမမရယ်လို့ ပရိသတ်တွေ သတ်မှတ်ထား တဲ့ အသက် ၃၀ကျော် အရွယ်တင်နုပျိုလွန်းတဲ့ မင်းသမီးချောလေး တစ်ယောက်ပါ ။ သူမရဲ့ပီပြင်တဲ့သရုပ်ဆောင်မှုတွေအပြင် ပြုံးလိုက်ရယ် လိုက် တိုင်း အားလုံးကိုအချစ်ပိုစေတဲ့ပါးချိုင့်လေးနဲ့ အချိုးအစားကျပြီး ဆွဲဆောင်မှု ရှိတဲ့ ခန္ဓာကောက်ကြောင်းအလှတို့ကလည်း ပရိသတ်တွေကို အမြဲဖမ်းစားထားခဲ့တာပါ ။ မကြာသေးမီကမှ ဘိတ်သိတ်ဆရာ ဘိုမြတ်သန်း က သူ့ရဲ့လူမှုကွန်ရက်စာ မျက်နှာကနေ ” မကြာသောအချိန်ကာလမှာ စုလျားရစ်ပတ် အဘိသေကသဘင်ခံယူမည့် သမီး ‘အေးမြတ်သူ’ “ဆိုတဲ့စာသားနဲ့အတူ အေးမြတ်သူရဲ့ပုံကို ဖော်ပြခဲ့တဲ့ အတွက် သူမရဲ့ မင်္ဂလာသတင်းကို ပရိသတ်တွေက နားဆွင့်နေကြတာဖြစ် ပါတယ် ။

ဧပြီလ ၁ ရက်နေ့ကတော့ အေးမြတ်သူတစ်ယောက် မင်္ဂလာလက်မှတ်ရေးထိုး လိုက်ပြီဆိုတဲ့ စာသားနဲ့အတူ မင်္ဂလာလက်မှတ်ရေးထိုးပွဲ ပုံရိပ်တွေမှာ သတို့သားနေရာကို စတစ်ကာအုပ်ပြီး တင်ခဲ့တဲ့အတွက် ပရိသတ်တွေက အထူးပဲ စိတ်ဝင်စားခဲ့ကြပါတယ် ။ ဒါပေမယ့် ဒီနေ့မှာတော့ မမြတ်လေးက
“ ပျော်ရွှင်စရာ April fool နေ့လေးဖြစ်ပါစေရှင်။အေးမြတ်သူရဲ့ အကိုကြီး လက်မှတ်ထိုးတဲ့နေ့လေးမှာ
ဒီနေ့လေးအတွက် ချစ်တဲ့သူတွေကို စနောက်ချင်လို့ ကြိုပြီးစီစဉ်ပြီးရိုက်ထားတဲ့ပုံလေးပါ။
အင်္ကျီတွေ ရက်စွဲတွေကို တိုက်ကြည့်လို့လည်းရပါတယ်။ အားလုံးကိုချစ်လို့ အပျော်သဘောလေးနဲ့စနောက်လိုက်တာပါ။ ပရိတ်သတ်တွေရဲ့ မေတ္တာတွေ Comment တွေကြောင့်လည်း ပျော်ခဲ့ရပါတယ်။ ချစ်လို့စတာကိုဗွေမယူပဲဆက်ချစ်ပေးကြပါနော်။
အားလုံးရဲ့ဆန္ဒအတိုင်း ဒီနှစ်တော့အပျိုကြီးပဲလုပ်ပါဦးမယ်ရှင့် “ ဆိုတဲ့စာသားနဲ့အတူ April Fool အဖြစ်စနောက်လိုက်ကြောင်း ပရိသတ်တွေ ပြန်လည်ရှင်းပြခဲ့ပါတယ် ။ ကဲ အေးမြတ်သူကိုနှမြောနေကြတဲ့ CeleGabar ပရိသတ်ကြီးရေ မမြတ်လေးက အပျိုကြီးပဲလုပ်ဦးမှာပါတဲ့နော် ။

Source : Aye Myat Thu
Molly @CeleGabar

scroll to top