ေစ်းၾကီးတဲ့ ဘီပိုး၊ စီပိုးကုသမွုအတြက္ အခမဲ့နီးပါးျဖစ္ေအာင္ ျပဳလုပ္ေပးထားတဲ့ ဟာသသရုပ္ေဆာင္ ဦးဖိုးျဖဴ ကိုယ္ပိုင္ေဆးခန္းေလး

Collage_Fotor-1.png

 

ပရိသတ္ေတြ ခ်စ္ရတဲ့ ဟာသလူရႊင္ေတာ္တစ္ေယာက္၊ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ဦးဖိဳးျဖဴကေတာ့ အသက္အရြယ္တစ္ခု ရရွိလာျပီမို႕ အနုပညာေလာကမွု အနုပညာလွဳပ္ရွားေတြေတြ အေတြ႕ရနည္းသြားေသာ္လည္း ျပည္သူလူထုပရိသတ္ကို တဖက္တလွမ္းကေန ျပန္လည္အက်ိိဳးျပဳနိုင္ဖို႕ ဆႏၵသုခ ပရဟိတ ေဆးခန္းကို ဖြင့္လွစ္တာျဖစ္ပါတယ္။

 

ဦးဖိုးျဖဴ ကိုယ္ပိုင္ေဆးခန္းေလးျဖစ္တဲ့ ဆႏၵသုခ ပရဟိတ ေဆးခန္းမွာ အသည္းေယာင္ အသား၀ါ ဘီပိုး စီပိုးကို အဓိကထားကုသေပးလ်က္ရွိျပီး ကုန္က်စရိတ္ၾကီးတဲ့ ဒီေရာဂါ ကုသမွုအတြက္ အခမဲ့နီးပါးျဖစ္ေအာင္ ျပဳလုပ္ေပးထားတာျဖစ္ပါတယ္။ B ပိုး C ပိုး ရွိ / မရွိ စမ္းသပ္ျခင္းမ်ားကိုေတာ့ အခမဲ႔ ျပုလုပ္ေပးထားျပီး စရိတ္မ်ွေပးလွဴဒါန္းေပးျခင္း၊ အရစ္က်ေပးသြင္းကုသျခင္း၊ ေဆးဖိုး ၊ေသြးစစ္ျခင္းမ်ားေစ်းႏႈန္းခ်ိဳသာျခင္း စျဖင့္ ၀န္ေဆာင္မွုျပဳလုပ္ကာ လွဴဒါန္းေပးထားတာျဖစ္ပါတယ္။


အထူးသျဖင့္ ဆင္းရဲႏြမ္းပါးသူေတြ၊ ဘုန္းျကီးေတြ သီလရွင္ေတြ၊ ေထာင္အက်ဥ္းက်ျပီး ျပန္လြတ္လာသူေတြကို ေစ်းႏႈန္း လံုး၀ အသက္သာဆ့ုးနဲ႔ ဘီပိုးစီပိုး ကုေပးမွာ ျဖစ္ျပီး ဦးဖိဳးျဖူတစ္ေယာက္ေဆးထန္းဖြင့္ျဖစ္တဲ့အေၾကာင္းကေတာ့ လြန္ခဲ႔တဲ႔ ၅ ႏွစ္ေလာက္က
အသဲေယာင္အသား၀ါ စီပိုး ေရာဂါကို ျပင္းျပင္းထန္ထန္ခံစားခဲ့ရျပီး သိန္း (၃၀၀) ေလာက္ကုန္က်ခဲ့ရသလို ရွိတဲ့ ကားနွစ္စီးကိုပါေရာင္းခ်ျပီး ကုသရတဲ့ထိ ဘီပိုး စီပိုးေတြရဲ႕ ဆိုးက်ိဳးေတြကို ခံစားဖူးတဲ႔အတြက္ ကိုယ္လို ေ၀ဒနာရွင္ေတြကို ျပန္လည္ကုသေပးျခင္းျဖစ္တယ္လို႕ ဦးဖိုးျဖဴရဲ႕ ေစတနာေလးအေၾကာင္းကို ဆယ္လီကမာၻပရိသတ္ၾကီးအတြက္ေဖာ္ျပေပးလိုက္ရပါတယ္။

source:Po Phyu;
Khin Mi Mi @ Celegabar
ယူနီကုဒ္ျဖင့္ ဖတ္ရန္

ပရိသတ်တွေ ချစ်ရတဲ့ ဟာသလူရွှင်တော်တစ်ယောက်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဦးဖိုးဖြူကတော့ အသက်အရွယ်တစ်ခု ရရှိလာပြီမို့ အနုပညာလောကမှု အနုပညာလှုပ်ရှားတွေတွေ အတွေ့ရနည်းသွားသော်လည်း ပြည်သူလူထုပရိသတ်ကို တဖက်တလှမ်းကနေ ပြန်လည်အကျိုးပြုနိုင်ဖို့ ဆန္ဒသုခ ပရဟိတ ဆေးခန်းကို ဖွင့်လှစ်တာဖြစ်ပါတယ်။

ဦးဖိုးဖြူ ကိုယ်ပိုင်ဆေးခန်းလေးဖြစ်တဲ့ ဆန္ဒသုခ ပရဟိတ ဆေးခန်းမှာ အသည်းယောင် အသားဝါ ဘီပိုး စီပိုးကို အဓိကထားကုသပေးလျက်ရှိပြီး ကုန်ကျစရိတ်ကြီးတဲ့ ဒီရောဂါ ကုသမှုအတွက် အခမဲ့နီးပါးဖြစ်အောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ B ပိုး C ပိုး ရှိ / မရှိ စမ်းသပ်ခြင်းများကိုတော့ အခမဲ့ ပြုလုပ်ပေးထားပြီး စရိတ်မျှပေးလှူဒါန်းပေးခြင်း၊ အရစ်ကျပေးသွင်းကုသခြင်း၊ ဆေးဖိုး ၊သွေးစစ်ခြင်းများဈေးနှုန်းချိုသာခြင်း စဖြင့် ဝန်ဆောင်မှုပြုလုပ်ကာ လှူဒါန်းပေးထားတာဖြစ်ပါတယ်။

အထူးသဖြင့် ဆင်းရဲနွမ်းပါးသူတွေ၊ ဘုန်းကြီးတွေ သီလရှင်တွေ၊ ထောင်အကျဉ်းကျပြီး ပြန်လွတ်လာသူတွေကို ဈေးနှုန်း လုံး၀ အသက်သာဆ့ုးနဲ့ ဘီပိုးစီပိုး ကုပေးမှာ ဖြစ်ပြီး ဦးဖိုးဖြူတစ်ယောက်ဆေးထန်းဖွင့်ဖြစ်တဲ့အကြောင်းကတော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်က
အသဲယောင်အသားဝါ စီပိုး ရောဂါကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး သိန်း (၃၀၀) လောက်ကုန်ကျခဲ့ရသလို ရှိတဲ့ ကားနှစ်စီးကိုပါရောင်းချပြီး ကုသရတဲ့ထိ ဘီပိုး စီပိုးတွေရဲ့ ဆိုးကျိုးတွေကို ခံစားဖူးတဲ့အတွက် ကိုယ်လို ဝေဒနာရှင်တွေကို ပြန်လည်ကုသပေးခြင်းဖြစ်တယ်လို့ ဦးဖိုးဖြူရဲ့ စေတနာလေးအကြောင်းကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ရပါတယ်။

source:Po Phyu;
Khin Mi Mi @ Celegabar

 

scroll to top