003.jpg
Source – Terror Bass
ယူနီကုဒ်ဖြင့်ဖတ်ရန်
လွင်ဇင်ကိုလတ်ကို အဖွဲ့ကမထုတ်ဘဲ ပြန်လည်လက်တွဲလိုက်တဲ့ Terror Bass
ဆယ်လီကမ္ဘာပရိသတ်ကြီးရေ လွန်ခဲ့တဲ့ လပိုင်းမှာ လူမှုကွန်ရက်ပေါ်မှာ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကြောင့် DJ Snake (မြွေကြီး) အဖြစ် ပရိသတ်တွေရဲ့ ဝေဖန်မှုများစွာကို ခံခဲ့ရတာကတော့ နိုင်ငံကောျ် Terror Bass အဖွဲ့က DJ လွင်ဇင်ကိုလတ်ဖြစ်ပါတယ်။ လွင်ဇင်ကိုလတ် ရဲ့လုပ်ရပ်ကို ဝေဖန်သူတွေ က Terror Bass ရဲ့ Page အထိသွားရောက်ဆဲဆိုခဲ့တာတွေရှိကြောင့် Page ကို ရပ်နားလိုက်ရတဲ့ အထိရိုက်ခတ်မှုတွေပြင်းထန်ခဲ့တာပါ ။
အခုလို ပြဿ နာတွေရှိခဲ့ပေမယ့် Terror Bass အဖွဲ့ဟာ ခွဲထွက်သွားမှာမဟုတ်ဘဲ နှစ်ယောက်ပြန်လည်လက်တွဲခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ Terror Bass အဖွဲ့ ရဲ လူမှုကွန်ရက်ကနေ ရေးသားဖော်ပြထားချက်အရ “Let’s back to the track ” ဆိုပြီး လွင်ဇင် နဲ့ ကိုစိုင်း တို့ ကျောပေးရပ်ထားတဲ့ ဓာတ်ပုံလေးကို တင်ထားတာကိုတွေ့ရပါတယ်။ ပရိသတ်တွေကတော့ မြွေကြီးပြန်လာပြီလို့ စနောက်နေကြသူတွေရှိသလို ပုဂ္ဂိုလ်ရေး နဲ့ အနုပညာ ခွဲခြားမြင်တတ်တဲ့ Terror Bass အဖွဲ့သားတွေအတွက်လည်း ချီးကျူးနေကြတာကိုတွေ့ရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း Terror Bass အဖွဲ့ရဲ့ ရပ်တည်ချက်အတွက် မှတ်ချက်ကနေ အားပေးစကားလေးများပြောခဲ့ကြပါဦး။
Source – Terror Bass
Yenanthar Khin Khin Se @ CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
scroll to top