
004.jpg


 


ယူနီကုဒ်ဖြင့်ဖတ်ရန်

နေထိုင်ခဲ့တဲ့ ရပ်ကွက်လေးမှာ စတုဒိသာကျွေးခဲ့တဲ့ အေးမြတ်သူရဲ့ အလှူ

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ၊ ပွင့်လင်းပြီး မာန်မာနမရှိတဲ့ သရုပ်ဆောင်တွေထဲမှာ အကယ်ဒမီ ပူပူနွေးနွေးပိုင်ရှင် အေးမြတ်သူလည်းပါဝင်ပါတယ်။ အေးမြတ်သူ ဟာ ပွင့်လင်းရိုးသားတဲ့အပြင် ဘဝမမေ့တတ်သူတစ်ယောက်ဖြစ်တာမို့ သူငယ်စဉ် နေထိုင်ခဲ့ရာ ဒဂုံတောင် ၇၁မှာ အလှူ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

သရုပ်ဆောင် အကယ်ဒမီ အေးမြတ်သူက သူနေခဲ့တဲ့ ရပ်ကွက်လေးမှာ အကယ်ဒမီ ရတဲ့ အထိမ်းအမှတ်အနေနဲ့ အလှူသွားလုပ်ခဲ့တာဖြစ်ပါတယ်။ အကယ်ဒမီရပေမယ့်လည်း ကိုယ့်ရပ်ရွာလေးမှာ ရှိတဲ့ မိတ်ဆွေ အမျိုးတွေကို မမေ့မလျော့ပဲ အလှူသွားလုပ်ခဲ့တာလေးကို ကြည့်ပြီး ပရိသတ်တွေလည်း ပီတိဖြစ်လို့နေပါတယ်။“အကယ်ဒမီရလို့မမေ့ရှာဘဲ ကိုယ်နေခဲ့တဲ့ရပ်ကွက်လေးမှာ ထမင်းလာကျွေးတဲ့မအေးမြတ်သူ၊ပရိသက်တွေကလဲအရမ်းကိုချစ်ပီးအားပေးတယ် တဲ့အကယ်ဒမီရလို့ ပရိသတ်တွေကမျက်ရည်ပါကျရပါတယ်တဲ့ကိုယ့် အမကိုဝိုင်းပြီးချစ်ပေးကျလို့ကျေးဇူးပါရှင့်” ဆိုပြီး အေးမြတ်သူရဲ့ အချစ်ရဆုံးသူငယ်ချင်းဖြစ်တဲ့ ချစ်ငယ်ရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၂) ရက်နေ့က ရေးသားထားတာပါ။ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ မာန်မာနကင်းကင်း နဲ့ အလှူလုပ်ခဲ့တဲ့ အေးမြတ်သူရဲ့ ကုသိုလ်အတွက် မှတ်ချက်ကနေ သာဓုခေါ်ခဲ့ကြပါဦးနော်။

Source – Chit Nge Nge / Super Star
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

scroll to top