မယ်စကြဝဠာအလှမယ်တစ်ယောက်အနေနဲ့ ဆောင်ရွက်ရမဲ့ တာဝန်တွေကို ပျက်ကွက်ခဲ့တာကြောင့် သရဖူသိမ်းခံလိုက်ရတယ်ဆိုတဲ့ ဖိလစ်ပိုင်းအလှမယ်
Collage_Fotor4554.png
source:Missosology;
Khin Mi Mi @ Celegabar
ယူနီကုဒ်ဖြင့် ဖတ်ရန်
တကမ္ဘာလုံးမှာ နိုင်ငံတကာက လူ မီလီယံသန်းပေါင်းများစွာကနေ စောင့်ကြည့်နေရတဲ့ ကမ္ဘာ့ အကြီးဆုံးသော အလှမယ်ပြိုင်ပွဲ ဖြစ်တဲ့ Miss Universe ( မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲ ) ကို ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့ မှာ ကျင်းပခဲ့တာပြီး တကမ္ဘာလုံးရဲ့ အလှဆုံးနဲ့ အရည်အချင်း အရှိဆုံး ကိုယ်စားပြု အလှမယ် ဆုကိုတော့ ဖိလစ်ပိုင် အလှမယ် Catriona Gray ကရရှိခဲ့တာဖြစ်ပါတယ်။
သူမရဲ့အလှနဲ့ကိုယ်ပိုင်အရည်အချင်း ကြောင့်သာမက သူမနိုင်ငံရဲ့ အလှဆုံးပံပိုးမှုတွေနဲ့အတူ နိုင်ငံတကာက အလှမယ် စုစုပေါင်း (၉၂) ယောက်ကို ဖြတ်ကျော်လို့ Catriona ဟာ Winnerဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာဖြစ်ပြီး ကမ္ဘာလုံးရဲ့ အကြိုက် အလှမယ်စံချိန်နဲ့လည်းထပ်တူကျခဲ့တာဖြစ်ပါတယ်။သို့သော်လည်း လက်ရှိမှာတော့ Catriona ဟာ မယ်စကြဝဠာအလှမယ်တစ်ယောက်အနေနဲ့ ဆောင်ရွက်ရမဲ့ တာဝန်တွေကို ပျက်ကွက်ခဲ့တာကြောင့် သရဖူသိမ်းခံလိုက်ရပြီး သူမရဲ့ စာချုပ်သက်တမ်းမပြည့်ခင်မှာ လုပ်ဆောင်ရမဲ့ မယ်စကြဝဠာအလှမယ်တစ်ယောက်ရဲ့ တာဝန်တွေကို ပျက်ကွက်ခဲ့တယ်လို့ Missosology page ကဖော်ပြထားပါတယ်။
Miss Universe Organization အဖွဲ့အစည်းရဲ့ ဥက္ကဌ Paula Shugartက သူမရဲ့ပျက်ကွက်မှုတွေကို စိတ်ပျက်တယ်လို့ထိတောင် ဆိုထားပြီး ဒီအကြောင်းအရာကိုတော့ ဧပြီလ(၁)ရက်နေ့က Missosology page မှာ ဖော်ထားတာဖြစ်ပြီး စာရဲ့ အဆုံးမှာ April fool Day လို့ရေးသားထားခဲ့သလို ဒါဟာ စနောက်နေတာလား တကယ်လားလို့ တွေးစရာဖြစ်ခဲ့ပါတယ်။သို့သော်လည်းကမ္ဘာကျော်အလှမယ်page အကြီးစားတစ်ခုအနေနဲ့ ခုလိုသရဖူးသိမ်းခံရကြောင်း စနေနာက်မှုကို ပရိသတ်အတော်အများက ဒေါသထွက်နေကြတာမို့ ဆယ်လီကမ္ဘာပရိသတ်အတွက် ဖော်ပြပေးလိုက်ရပါတယ်။
source:Missosology;
Khin Mi Mi @ Celegabar
scroll to top