
collage-74.jpg

 


\


အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၂

ဒီနေ့မှာတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၂ ကို ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေး က ဖတ်ပေးမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနေ့ကို ပါဝင်ဆင်နွှဲချင်သူများအနေဖြင့် ကိုယ်နှစ်သက်ရာအပိုဒ်ကို ဗီဒီယိုရိုက်ပြီး page ကို ပေးပို့နိုင်ပါတယ်။ အခု အပိုဒ် ၁၂ ကို ဖတ်ရှုချင်ပါက အောက်မှာ ရေးပေးထားမယ်။ ဖတ်ပြီး ဗီဒီယိုရိုက်ကာ page ရဲ့ message box လေးကို ပေးပို့ပေးနိုင်ပါတယ်။ page တွင် ပြန်လည် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း အပိုဒ် ၁၂ မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကိုသော်လည်းကောင်း၊ မိမိ၏ မိသားစုကိုသော်လည်းကောင်း၊ မိမိ၏ နေအိမ် အသိုက်အဝန်းကိုသော်လည်းကောင်း၊ စာပေးစာယူကိုသော်လည်းကောင်း ဥပဒေအရ မဟုတ်သော ဝင်ရောက်စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ ဂုဏ်သိက္ခာကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ ဝင်ရောက်စွက်ဖက်ခြင်းမှသော်လည်းကောင်း၊ ပုတ်ခတ်ခြင်းမှသော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။ #standup4humanrightsinmyanmar #standup4humanrights #article12

Posted by Stand Up for Human Rights in Myanmar on Tuesday, November 20, 2018

Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

လူတိုင်းအကာအကွယ်ပေးခံရမယ့် အရာတစ်ခု ကို ထုတ်ဖော်ရွတ်ဆိုခဲ့တဲ့ ဖွေးဖွေး

မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ သဘောတူညီခဲ့တဲ့ လူသားတိုင်းအတွက် အာမခံချက်တစ်ခုက တော့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းဖြစ်ပါတယ်။ အပိုဒ် (၃၀) ပါဝင်တဲ့ ဒီကြေညာချက်ကို တစ်ကမ္ဘာလုံးက အစိုးရတိုင်းက လက်ခံပြီး လူတွေရဲ့ မွေးရာပါရပိုင်ခွင့်တွေကို အကာအကွယ်ပေးကြရပါတယ်။

လတ်တလောမှာ Stand Up for Human Rights in Myanmar(မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေးအတွက် ရပ်တည်ပေးပါ) လှုပ်ရှားမှု တစ်ခုကိုပြုလုပ်နေပါတယ်။ ဖွေးဖွေးလည်း အခုတစ်ခေါက်ပါဝင်ခဲ့ပြီး လူတိုင်းရဲ့ ပုဂ္ဂလိက လွတ်လပ်မှု နဲ့ဆိုင်တဲ့ စာတမ်း အပိုဒ် ၁၂ ကို ဖတ်ပြခဲ့ပါတယ်။ ဖွေးဖွေးဖတ်ပြခဲ့တဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့် အပိုဒ်လေးကိုနားထောင်ပြီး နေ့စဉ်ဘဝမှာ ဘယ်လိုတွေဖြစ်ပျက်နေကြသလဲဆိုတာ မှတ်ချက်မှာပြောပြခဲ့ကြပါနော်။

Source – Stand Up for Human Rights in Myanmar
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top