
005.jpg

 






Source:G Fatt
ယူနီကုဒ်ဖြင့်ဖတ်ရန်

ရင်တုန်စရာ ကွဲသံပြတ်သံတွေ ထွက်လာပြန်တဲ့ G – Fatt တို့ အချစ်ရေး ကိစ္စ

ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေအဆိုတော် G Fatt ကတော့ လူငယ်ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ပရိသတ်အချစ်တွေကို ရရှိထားသလို အင်မတန် ပြောတတ်ဆိုတတ် ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့အတွက် အနုပညာရှင်များကြားမှာလည်း မျက်နှာပွင့်သူတစ်ယောက်ဖြစ်ပါတယ်

ပရိသတ်တွေရဲ့ အချစ်တော် မမ နန်းစုတစ်ယောက် ရဲ့ အချစ်ကို လည်း ပိုင်ဆိုင်ခွင့်ရခဲ့သလို ပရိသတ်တွေက စံပြစုံတွဲ တွေအဖြစ် ရပ်တည်လာတဲ့ G Fatt တစ်ယောက် လမ်းခွဲတော့မယ်ဆိုပြီး လူမှုကွန်ရက် ကနေတဆင့် ပြောပြလာတာကိုတွေ့ရပါတယ်။ ဧပြီလ(၁) ရက်နေ့မှာတော့ နန်းဆုက “ဒီတခါကတကယ်ပြတ်တာပါနော် single is the best ပါ စုံစမ်းမေးမြန်းခြင်းသည်းခံပါ” ဆိုပြီး တင်ခဲ့ပြီး ပရိသတ်တွေကတော့ ဧပရယ်ဖူးနေ့ ဖြစ်တာကြောင့် ဒီကိစ္စမဖြစ်နိုင်ဘဲ နောက်ပြောင်ခြင်း သက်သက် လို့ထင်ခဲ့ကျတာပါ ။ ဒါပေမယ့် ဒီနေ့မှာတော့ G Fatt က ” ဒီအတိုင်းဆိုရင်တော့ လမ်းခွဲဖို့ပဲရှိတယ်” ဆိုပြီး သူရဲ့ Messenger My Day မှာ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။ ပရိသတ်တွေကတော့ ဒါဟာ ကျီစားတာ သက်သက်ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း ဒီသတင်းအမှန်မဖြစ်ဖို့ ဆုတောင်းပေးကြပါဦးနော်။

Source:G Fatt
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top