မင္းသမီးတစ္ေယာက္ဆိုတဲ့ အေဆာင္အေယာင္ေတြတစ္ခုမွ မပါ၀င္ပဲသူမေနထိုင္ခဲ့တဲ့ ဆင္ေျခဖံုးရပ္ကြက္ေလးမွာ စတုဒီသာျပဳလုပ္ခဲ့တဲ့ ေအးျမတ္သူ

Collage_Fotor272.png

 

ပရိသတ္ေတြခ်စ္ရတဲ့ ေအးခ်မ္းအျပံုးေလးပိုင္ရွင္တစ္ေယာက္ျဖစ္သူ ပါးခ်ိဳင့္ေလးနဲ႕ ေမာ္ဒယ္လ္ ေအးျမတ္သူဟာေတာ့ ယေန႕မွာ အကယ္ဒမီ မင္းသမီးတစ္ေယာက္အျဖစ္ အနုပညာေလာကရဲ႕ ေထာင့္တေနရာကေန အေရးပါသူ မင္းသမီးတစ္ေယာက္အျဖစ္ မွတ္ေက်ာက္တင္နိုင္ခဲ့ျပီျဖစ္ျပီး ပရိသတ္အခ်စ္ကို ပိုတိုးလို႕ သိမ္းပို္က္ထားနိုင္သူေလးျဖစ္ပါတယ္။

 

သဘာ၀မင္းသမီးလို႕ တင္စားေခၚေ၀ၚၾကသလို မိတ္ကပ္မပါလည္း သဘာ၀အလွနဲ႕ ဆို ပိုခ်စ္ဖို႕ေကာင္းတဲ့ ေအးျမတ္သူေလးဟာ ေက်းဇူးသိတတ္သူ၊ စိတ္ထားေကာင္းမြန္သူ မင္းသမီးေတြထဲက တစ္ေယာက္ျဖစ္ျပီး ပရဟိတ အလုပ္၊ လူမွဳေရးအလုပ္ေတြမွာလည္း တက္တက္ၾကြၾကြပါ၀င္လုပ္ေဆာင္တတ္သူေလးျဖစ္ပါတယ္။

 

လတ္တေလာမွာေတာ့ သူမဟာ တစ္ခ်ိန္က သူမေနထိုင္ရဲ႕ ဆင္ေျခဖံုရပ္ကြက္ငယ္ေလးကို သြားေရာက္ကာ စတုဒီသာ အေကၽြးအေမြးနဲ႕ ကုသိုလ္သြားေရာက္ျပဳခဲ့တာျဖစ္ျပီး သူမရဲ႕ ရပ္ကြက္ထဲက ကေလးငယ္ေလးေတြနဲ႕လည္း ထမင္းလက္ဆံုစားကာ မင္းသမီးတစ္ေယာက္ဆိုတဲ့ အေဆာင္အေယာင္ေတြ တစ္ခုမွ မပါ၀င္ပဲ ေပ်ာ္ရႊင္ၾကည္နူးေနတဲ့ ဆယ္လီကမာၻပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ေလး ေအးျမတ္သူရဲ႕ ပံုရိပ္ေလးေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။


source:Aye Myat Thu ;
Khin Mi Mi @ Celegabar
ယူနီကုဒ္ျဖင့္ ဖတ္ရန္

ပရိသတ်တွေချစ်ရတဲ့ အေးချမ်းအပြုံးလေးပိုင်ရှင်တစ်ယောက်ဖြစ်သူ ပါးချိုင့်လေးနဲ့ မော်ဒယ်လ် အေးမြတ်သူဟာတော့ ယနေ့မှာ အကယ်ဒမိ မင်းသမီးတစ်ယောက်အဖြစ် အနုပညာလောကရဲ့ ထောင့်တနေရာကနေ အရေးပါသူ မင်းသမီးတစ်ယောက်အဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်ပြီး ပရိသတ်အချစ်ကို ပိုတိုးလို့ သိမ်းပိုက်ထားနိုင်သူလေးဖြစ်ပါတယ်။

သဘာဝမင်းသမီးလို့ တင်စားခေါ်ဝေါ်ကြသလို မိတ်ကပ်မပါလည်း သဘာဝအလှနဲ့ ဆို ပိုချစ်ဖို့ကောင်းတဲ့ အေးမြတ်သူလေးဟာ ကျေးဇူးသိတတ်သူ၊ စိတ်ထားကောင်းမွန်သူ မင်းသမီးတွေထဲက တစ်ယောက်ဖြစ်ပြီး ပရဟိတ အလုပ်၊ လူမှုရေးအလုပ်တွေမှာလည်း တက်တက်ကြွကြွပါဝင်လုပ်ဆောင်တတ်သူလေးဖြစ်ပါတယ်။

လတ်တလောမှာတော့ သူမဟာ တစ်ချိန်က သူမနေထိုင်ရဲ့ ဆင်ခြေဖုံရပ်ကွက်ငယ်လေးကို သွားရောက်ကာ စတုဒီသာ အကျွေးအမွေးနဲ့ ကုသိုလ်သွားရောက်ပြုခဲ့တာဖြစ်ပြီး သူမရဲ့ ရပ်ကွက်ထဲက ကလေးငယ်လေးတွေနဲ့လည်း ထမင်းလက်ဆုံစားကာ မင်းသမီးတစ်ယောက်ဆိုတဲ့ အဆောင်အယောင်တွေ တစ်ခုမှ မပါဝင်ပဲ ပျော်ရွှင်ကြည်နူးနေတဲ့ ဆယ်လီကမ္ဘာပရိသတ်တွေရဲ့ အချစ်တော်လေး အေးမြတ်သူရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

 

scroll to top