
nn.jpg







 


Source – JCGV
ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တောင်းဆိုမှုကြောင့် ပြန်လည်ပြသပေးတော့မယ့် ရုပ်ရှင်ကားကောင်းများ

ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ ၊ ပရိသတ်တွေ အားပေးကြတဲ့ JCGV ရုပ်ရှင်ရုံကြီးကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေ ရဲ့ တောင်းဆိုချက်ကြောင့် အထူးအစီအစဉ်တစ်ရပ် ကိုပြုလုပ်လိုက်တယ်လို့သိရပါတယ်။ ရုပ်ရှင်ချစ်ပရိသတ်တွေ တောင်းဆိုမှု အများဆုံး ဇာတ်ကားတွေကို ပြန်လည်တင်ဆက်ပြသပေးမယ့် SPECIAL MOVIES WEEK အဖြစ် ၅.၄.၂၀၁၉ မှ ၁၂.၄.၂၀၁၉ ရက်နေ့ အထိ သတ်မှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

SPECIAL MOVIES WEEK အဖြစ် ရွေးချယ်ခြင်းခံရတဲ့ ဇာတ်ကားတွေကတော့ မုဒြာခေါ်သံ ၊ မီ၊ မျက်နှာပြင်များ၊ ဥပါဒါန် နဲ့ မုန်းစွဲ တို့ ဖြစ်ကြပါတယ်။ ထူးခြားချက် ကတော့ အကယ်ဒမီ လေးဆု သိမ်းပိုက်နိုင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးနဲ့ အကယ်ဒမီ တစ်ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေ မပါဝင်တာဘဲဖြစ်ပါတယ်။ ရုပ်ရှင်ချစ်ပရိသတ်တွေက မှတ်ချက်တွေကနေ အားရပါးရ ပြောဆိုထားကြတာကိုလည်း တွေ့ရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း အားလပ်ရက်မှာ ဇာတ်ကားကောင်းတွေ မလွှတ်တမ်းကြည့်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

Source – JCGV
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top