စားေသာက္ဆုိင္မွာ သီခ်င္းဆိုတဲ့မိန္းကေလးေတြရဲ႕ ဘ၀ကို မေ၀ဖန္ဖို႕ေျပာလာတဲ့ နန္းခင္ေဇယ်ာ

1-3.png

ေမာ္ဒယ္ သ႐ုပ္ေဆာင္ နန္းခင္ေဇယ်ာဟာ 2012 Miss International ပြဲကေန ျမန္မာႏိုင္ငံရဲ႕ ဂုဏ္ကိုေဆာင္ခဲ့ တဲ့သူတစ္ဦး ဆိုတာ ပရိသတ္ေတြသိျပီးျဖစ္မွာပါေနာ္ ။ သူမက ေမာ္ဒယ္ ေလာက ကေန သ႐ုပ္ ေဆာင္ ေလာက ကို ကူးေျပာင္းလာၿပီး ႐ုပ္ရွင္ဇာတ္လမ္း အေျမာက္အမ်ားကိုလည္း ႐ိုက္ကူးခဲ့ ပါ တယ္ ။ စကားသံဝဲဝဲ ေလးနဲ႔ ခ်စ္စရာေကာင္း တဲ့ တိုင္းရင္းသူေလး သူမက ပရိသတ္ေတြ ရဲ႕ အခ်စ္ေတြကို သိမ္းပိုက္ထားတာ ျဖစ္ပါတယ္ေနာ္ ။ လတ္တေလာမွာေတာ့ အနုပညာလႈပ္ရွားမႈ အေနနဲ႔ စင္တင္ စားေသာက္ဆုိင္မွာ သီခ်င္းဆိုတဲ့ ေကာင္မေလး တစ္ေယာက္ရဲ႕ ကာရိုက္တာကို ရိုက္ကူးေနတယ္လို႕လည္း သိရပါတယ္ ။

 

 

 

 

 

ဒီကာရိုက္တာအတြက္ အထူးတလည္ ျပင္ဆင္ရတာမ်ိဳးမရွိသလို အဓိကက ေတာ့ စင္တင္မွာ သီခ်င္းဆိုတဲ့ ေကာင္မေလးေတြ ၀တ္တဲ့အ၀တ္အစားေလးေတြ နဲ႔ သူတို႕ျဖတ္သန္းလာတဲ့ ပံုစံေလးကိုပဲ သရုပ္ေဆာင္ရတာ ျဖစ္ပါတယ္ ။ အခုေနာက္ပိုင္းမွာ စင္တင္ေတြက ဟိုးအရင္တုန္းကေလာက္ ေခတ္မစားေတာ့ တာျဖစ္တဲ့အတြက္ ဟိုးအရင္တုန္းက ၀တ္စားပံုေတြကို ျပန္ေလ့လာျဖစ္တယ္လို႕ နန္းခင္ က ေျပာျပခဲ့ပါတယ္ ။ တခ်ိဳ႕လူေတြက စင္တင္က ေကာင္မေလးေတြ ဆိုျပီ ႏွိမ္တာေတြရွိသလို မေကာင္းျမင္တာေတြ ရွိတဲ့အေပၚ နန္းခင္က ေတာ့ သူမအျမင္မွာ စင္တင္မိန္းကေလးေတြက မေကာင္းတာ လုပ္တာ မဟုတ္ဘဲ သူတို႕ရဲ႕၀မ္းစာအတြက္ ရပ္တည္ေနရတာျဖစ္တဲ့အတြက္ သူတို႕ေတြကိုလည္း မရံႈ႕ခ်ပါနဲ႔ မေ၀ဖန္ပါနဲ႕ စင္တင္မွာလုပ္ေနေပမယ့္လည္း ေကာင္းတဲ့အမ်ိဳးသမီးေတြ အမ်ားၾကီးရွိပါတယ္လို႕ ေျပာျပခဲ့ပါတယ္ ။

Source : Eleven
Molly @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့မိန်းကလေးတွေရဲ့ ဘဝကို မဝေဖန်ဖို့ပြောလာတဲ့ နန်းခင်ဇေယျာ

မော်ဒယ် သရုပ်ဆောင် နန်းခင်ဇေယျာဟာ 2012 Miss International ပွဲကနေ မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင်ခဲ့ တဲ့သူတစ်ဦး ဆိုတာ ပရိသတ်တွေသိပြီးဖြစ်မှာပါနော် ။ သူမက မော်ဒယ် လောက ကနေ သရုပ် ဆောင် လောက ကို ကူးပြောင်းလာပြီး ရုပ်ရှင်ဇာတ်လမ်း အမြောက်အများကိုလည်း ရိုက်ကူးခဲ့ ပါ တယ် ။ စကားသံဝဲဝဲ လေးနဲ့ ချစ်စရာကောင်း တဲ့ တိုင်းရင်းသူလေး သူမက ပရိသတ်တွေ ရဲ့ အချစ်တွေကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်နော် ။ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှု အနေနဲ့ စင်တင် စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ကာရိုက်တာကို ရိုက်ကူးနေတယ်လို့လည်း သိရပါတယ် ။

ဒီကာရိုက်တာအတွက် အထူးတလည် ပြင်ဆင်ရတာမျိုးမရှိသလို အဓိကက တော့ စင်တင်မှာ သီချင်းဆိုတဲ့ ကောင်မလေးတွေ ဝတ်တဲ့အဝတ်အစားလေးတွေ နဲ့ သူတို့ဖြတ်သန်းလာတဲ့ ပုံစံလေးကိုပဲ သရုပ်ဆောင်ရတာ ဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာ စင်တင်တွေက ဟိုးအရင်တုန်းကလောက် ခေတ်မစားတော့ တာဖြစ်တဲ့အတွက် ဟိုးအရင်တုန်းက ဝတ်စားပုံတွေကို ပြန်လေ့လာဖြစ်တယ်လို့ နန်းခင် က ပြောပြခဲ့ပါတယ် ။ တချို့လူတွေက စင်တင်က ကောင်မလေးတွေ ဆိုပြီ နှိမ်တာတွေရှိသလို မကောင်းမြင်တာတွေ ရှိတဲ့အပေါ် နန်းခင်က တော့ သူမအမြင်မှာ စင်တင်မိန်းကလေးတွေက မကောင်းတာ လုပ်တာ မဟုတ်ပဲ သူတို့ရဲ့ဝမ်းစာအတွက် ရပ်တည်နေရတာဖြစ်တဲ့အတွက် သူတို့တွေကိုလည်း မရှုံ့ချပါနဲ့ မဝေဖန်ပါနဲ့ စင်တင်မှာလုပ်နေပေမယ့်လည်း ကောင်းတဲ့အမျိုးသမီးတွေ အများကြီးရှိပါတယ်လို့ ပြောပြခဲ့ပါတယ် ။

Source : Eleven
Molly @CeleGabar

 

 

scroll to top