ထိုင်းနိုင်ငံကို အတူရောက်ရှိနေပြီး စုံတွဲတွေလိုအထင်မှားရလောက်အောင် လိုက်ဖက်လွန်းလှတဲ့ ကစ် နဲ့ ဒေါင်း

Collage_Fotor425.png

 

လိပ်ပြာစံအိမ်ရုပ်ရှင် ဇာတ်ကားကြီးဟာ ပထမရုံတင် ပြသချိန် ပထမပတ်မှာတင် ရုံတင်ပြသ ငွေ သိန်း(၁၀၀) ရရှိခဲ့ပြီး လူစိတ်ဝင်စားမှုအမြင့်ဆုံးနဲ့ စံချိန်တင် ရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် နှစ်ဦးဖြစ်တဲ့ အကယ်ဒမီ မင်းသမီးချော ၀တ်မှုန်ရွှေရည် ၊ နုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသား ဒေါင်း နဲ့ နိုင်နိုင်း တို့က ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။

လျို့ဝှက်သည်းဖိုဇာတ်ဝင်ခန်းတွေ ပြည့်နှက်နေပြီး ရုပ်ရှင်အစကနေ အဆွုံးထိ ဆွဲဆောင်နိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်သလို ဒီဇာတ်လမ်းရဲ့ နောက်ကွယ်ကလျို့ဝှက်ချက်တစ်ခုကိုမင်းသားချောဒေါင်းကဇာတ်အိမ်အရောက်ပို့ကာအကောင်းဆုံးကြိုးစားသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ထိုင်းလူမျိုး ဒါရိုက်တာ ရိုက်ကူးထားတဲ့ လိပ်ပြာစံအိမ်ရုပ်ရှင် ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံမှာသာမက အောင်မြင်မှုရရှိခဲ့ပြီး မကြာခင်မှာလည်း ထိုင်းနိုင်ငံမှာပါ ပြသတော့မှာဖြစ်ပြီး

 

ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ “လိပ်​ပြာစံအိမ်​” ရုပ်​ရှင်​ဇာတ်​ကားကြီးရဲ့ စာနယ်​ဇင်းမိတ်​ဆက်​ပွဲကို မင်းသမီးချော ကစ် နဲ့ မင်းသားချော ဒေါင်းတို့ အတူတူတွဲဖက်တက်ရောက်ခဲ့တာဖြစ်ပါတယ်။ စုံတွဲတွေလို ထင်မှတ်မှား ရလောက်အောင် လိုက်ဖက်လွန်းလှတဲ့ ကစ် နဲ့ ဒေါင်း တို့ရဲ့ နှစ်ယောက်တွဲပုံလေးတွေနဲ့ အတူ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။

source:လိပ်ပြာစံအိမ် – The Only Mom ;
Khin Mi Mi @ Celegabar
ယူနီကုဒ်ဖြင့် ဖတ်ရန်

scroll to top