ပရိသတ္ေတြအတြက္ Star Award ပြဲတက္ဖို႕ ဆံုးျဖတ္လိုက္ျပီျဖစ္တဲ့ ျမတ္သူသူဇင္

001-1.jpg

ဆယ္လီကမၻာ ပရိသတ္ၾကီးေရ ၊႐ုပ္သံဇာတ္လမ္းတြဲေလးမ်ားျဖစ္တဲ့ ” Flowes And Butterflies၊ ဝိညာဥ္ရႈိက္သံ၊ရနံ႔ျပယ္ႏွင္းဆီ၊ဝကၤပါစံအိမ္နဲ႔ ရတနာထဲက ရတနာ၊ ပ်ားရည္အိုင္ စတဲ့ဇာတ္လမ္းေတြနဲ႔ ပရိသတ္ေတြရင္ထဲဝင္ေရာက္လာသူေလးကေတာ့ မင္းသမီးေခ်ာ ျမတ္သူသူဇင္ပဲ ျဖစ္ပါတယ္။သူမကေတာ့ တစ္ကားထက္တစ္ကား ပိုမိုေကာင္းမြန္တဲ့ သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔ ျမင္ေတြ႕လာရၿပီး လက္ရွိမွာေတာ့ ပရိသတ္အားေပးမႈအခိုင္အမာနဲ႔ ေအာင္ျမင္ေနၿပီျဖစ္တဲ့ ႐ုပ္သံဇာတ္လမ္းတြဲမင္းသမီးေလးပဲ ျဖစ္ပါတယ္။အႏုပညာမွာလည္း ထူးခြၽန္တဲ့သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္သလို တကယ့္ကို တည္ၿငိမ္ေအးခ်မ္းလွတဲ့ ေတာ္ဝင္တဲ့အလွေတြ ပိုင္ဆိုင္ထားတာေၾကာင့္ ပရိသတ္ေတြအခ်စ္ပိုေနၾကရတဲ့ မင္းသမီးေလးတစ္လက္ပဲျဖစ္ပါတယ္။

ျမညိဳတစ္ေယာက္ အမာခံပရိသတ္ေတြရဲက ေတာင္းဆိုခ်က္အရ Star Award ပြဲကို တက္ေရာက္ေတာ့မွာျဖစ္တယ္လို႕ ေၾကညာလိုက္ပါတယ္။ နယ္ရိုက္ကူးေရးေတြ ၊ ရုပ္ရွင္ရႈတင္ေတြနဲ႕ မအားလပ္တဲ့ ျမတ္သူ က ပရိသတ္ေတြရဲ႕ ေတာင္းဆိုခ်က္အရ ပြဲတက္ဖို႕အျမန္ဆံုးစီစဥ္လိုက္တာျဖစ္တယ္လို႕လည္း သိရပါတယ္။ ျမတ္သူ က “We We ခ်စ္ဆုံးေလးတို႔ေရ
အစကေတာ့ အကယ္ဒမီလည္းမတက္သလို Star Award ပြဲလည္းမတက္ျဖစ္ဘူးဆိုၿပီးလုပ္ထားတာပါ
ဒါေပမယ့္ အခုေတာ့ တက္ရမယ္ဆိုလို႔ ဝတ္စုံလည္း မနက္ျဖန္မွ အသည္းအသန္အကုန္စီစဥ္ရမွာပါ
ဒါေၾကာင့္မို႔ ပြဲေန႔ လွလွပပေလးမျဖစ္ခဲ့ရင္ စိတ္မဆိုးေၾကးေနာ္
ရမယ့္သူေတြအတြက္ ဂုဏ္ျပဳေပးဖို႔သြားယုံတင္မို႔ နားလည္ေပးပါေနာ္
အားလုံးကိုအရမ္းခ်စ္ပါတယ္
အားလုံးရဲ႕အခ်စ္နဲ႔ထိုက္တန္ေအာင္လည္း ႀကိဳးစားပါ့မယ္ေနာ္” လို႕ အမာခံပရိသတ္ေတြကိုအသိေပးထားတာပါ ။ ဆယ္လီကမၻာ ပရိသတ္ၾကီးလည္း ပရိသတ္ေတြကို အျမဲ ဦးစားေပးတဲ့ ျမတ္သူသူဇင္ အတြက္ မွတ္ခ်က္ကေနတစ္ခုခုေျပာျပခဲ့ၾကပါဦး။

Source – We love Myat Thu Thu Zin 💜Rabbit family 💜
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ပရိသတ်တွေအတွက် Star Award ပွဲတက်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့ မြတ်သူသူဇင်

ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ ၊ရုပ်သံဇာတ်လမ်းတွဲလေးများဖြစ်တဲ့ ” Flowes And Butterflies၊ ဝိညာဉ်ရှိုက်သံ၊ရနံ့ပြယ်နှင်းဆီ၊ဝင်္ကပါစံအိမ်နဲ့ ရတနာထဲက ရတနာ၊ ပျားရည်အိုင် စတဲ့ဇာတ်လမ်းတွေနဲ့ ပရိသတ်တွေရင်ထဲဝင်ရောက်လာသူလေးကတော့ မင်းသမီးချော မြတ်သူသူဇင်ပဲ ဖြစ်ပါတယ်။သူမကတော့ တစ်ကားထက်တစ်ကား ပိုမိုကောင်းမွန်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ မြင်တွေ့လာရပြီး လက်ရှိမှာတော့ ပရိသတ်အားပေးမှုအခိုင်အမာနဲ့ အောင်မြင်နေပြီဖြစ်တဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးလေးပဲ ဖြစ်ပါတယ်။အနုပညာမှာလည်း ထူးချွန်တဲ့သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလို တကယ့်ကို တည်ငြိမ်အေးချမ်းလှတဲ့ တော်ဝင်တဲ့အလှတွေ ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေအချစ်ပိုနေကြရတဲ့ မင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ်။

မြညိုတစ်ယောက် အမာခံပရိသတ်တွေရဲက တောင်းဆိုချက်အရ Star Award ပွဲကို တက်ရောက်တော့မှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ နယ်ရိုက်ကူးရေးတွေ ၊ ရုပ်ရှင်ရှုတင်တွေနဲ့ မအားလပ်တဲ့ မြတ်သူ က ပရိသတ်တွေရဲ့ တောင်းဆိုချက်အရ ပွဲတက်ဖို့အမြန်ဆုံးစီစဉ်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။ မြတ်သူ က “We We ချစ်ဆုံးလေးတို့ရေ
အစကတော့ အကယ်ဒမီလည်းမတက်သလို Star Award ပွဲလည်းမတက်ဖြစ်ဘူးဆိုပြီးလုပ်ထားတာပါ
ဒါပေမယ့် အခုတော့ တက်ရမယ်ဆိုလို့ ဝတ်စုံလည်း မနက်ဖြန်မှ အသည်းအသန်အကုန်စီစဉ်ရမှာပါ
ဒါကြောင့်မို့ ပွဲနေ့ လှလှပပလေးမဖြစ်ခဲ့ရင် စိတ်မဆိုးကြေးနော်
ရမယ့်သူတွေအတွက် ဂုဏ်ပြုပေးဖို့သွားယုံတင်မို့ နားလည်ပေးပါနော်
အားလုံးကိုအရမ်းချစ်ပါတယ်
အားလုံးရဲ့အချစ်နဲ့ထိုက်တန်အောင်လည်း ကြိုးစားပါ့မယ်နော်” လို့ အမာခံပရိသတ်တွေကိုအသိပေးထားတာပါ ။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း ပရိသတ်တွေကို အမြဲ ဦးစားပေးတဲ့ မြတ်သူသူဇင် အတွက် မှတ်ချက်ကနေတစ်ခုခုပြောပြခဲ့ကြပါဦး။

Source – We love Myat Thu Thu Zin 💜Rabbit family 💜
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top