မမင္းရည္းစားထက္ ငါ့ရည္းစားကပိုမိုက္တယ္ သီခ်င္းေၾကာင့္ မိန္းမပါရသြားျပီဆိုတဲ့ ေတာေဂၚလီ ဂၽြန္

Collage_Fotor4524.png

စိုင္းစိုင္းရဲ႕ “ေတာေဂၚလီ”သီခ်င္းထဲက ေဂၚလီလိုပဲ လိမ္႕တယ္ဆိုတဲ့ အဆိုေတာ္ ဂၽြန္ကို ဆယ္လီကမာၻ ပရိသတ္မ်ား ရင္းနွွီေနခဲ့ၾကမွာပါ။ စိုင္းစိုင္းရဲ႕ အရမ္းကို ညီအကိုေတြတမွ်ခ်စ္ခင္ရင္းနွီးရတဲ့ သူငယ္ခ်င္းေကာင္းတစ္ဦးျဖစ္သလို အမိုက္စား Rap နဲ႕ သီခ်င္းစာသားေတြကို ဖန္တီးသူ ဟစ္ေဟာ႕အဆိုေတာ္တစ္ေယာက္ျဖစ္ပါတယ္။

 

John

"ငါ့ရည္းစားကပိုမိုက္တယ္"ဆိုတဲ ့သီခ်င္းေလးေႀကာင္ ့ ဆရာ၀န္မေလးရဲ ့အခ်စ္ကိုရရွိခဲ့ပါတယ္လို ့ဆိုတဲ ့ John..#CG#CeleGabar#John

Posted by Cele Gabar on Wednesday, April 3, 2019

လက္ရွိမွာလည္း ေရပန္းအစားဆံုးသီခ်င္းေလးတစ္ပုဒ္ျဖစ္တဲ့” မင္းရည္းစားထက္ ငါ့ရည္းစားကပိုမိုက္တယ္ “သီခ်င္းမွာ စိုင္းစိုင္းနဲ႕ အတူ ဘန္နီျဖိဳး၊ G-fatt ၊ ကိကိေက်ာ္ေဇာ၊Snare တို႕ အတူပါ၀င္လို႕ အမိုက္စားသီခ်င္းတစ္ပုဒ္ကို ဖန္တီးခဲ့တာျဖစ္ျပီး ဒီသီခ်င္းေလးရဲ႕ MTV creation video ကေတာ့ လြတ္ခဲ့တဲ့ ရက္အနည္းငယ္ကမွ ထြက္ရွိခဲ့တာျဖစ္ပါတယ္။

 

“မင္းေစာ္ထက္ ငါ့ေစာ္ကပိုမိုက္တယ္၊ ငါ့ေစာ္ပိုမိုက္တယ္…” ဆိုတဲ့ အမိုက္စားစာသားေတြနဲ႕ အတူ ကိုယ္ခ်စ္ေနတဲ့ မိန္းကေလးအေၾကာင္းကို အခ်င္းခ်င္းၾကြား၀ါ သီဆိုထားတဲ့ ဒီသီခ်င္းေလးမွာ ဂၽြန္တစ္ေယာက္က ေတာ့ သူနွစ္သက္သေဘာက်ရတဲ့ ခ်စ္သူ ေဒါက္တာမေလး အခ်စ္ကို ုဒီသီခ်င္းေလးေၾကာင့္ ရရွိ္ခဲ့တာ ျဖစ္ျပီး ခုဆိုရင္ ဂၽြန္တစ္ေယာက္ မိန္းမရကာ အိမ္ေထာင္ပါက်သြားခဲ့ျပီျဖစ္ပါတယ္။ ျမားနတ္ေမာင္လို အစြမ္းထက္တဲ့ ဒီသီခ်င္းေလးနဲ႕ အတူ ဆယ္လီကမာၻအင္တာဗ်ဴးမွာ ေျဖၾကားခဲ့တဲ့ သူတို႕ရဲ႕ အင္တာဗ်ဴးvideo ေလးနဲ႕ ပါ ပရိသတ္ၾကီး အတြက္ ေဖာ္ျပေပးလိုက္ရပါတယ္။

Nga Yee Zar Ka Po Mite Tal ( My Girlfriend is better than yours)

ငါ့ရည္းစားက ပိုမိုက္တယ္ Nga Yee Zar Ka Po Mite Tal ( My Girlfriend is better than yours)Frenzo ArtistsAnimated video created by Pencell StudioSponsored by G-SHOCKFrom the album of SAISAI is SAISAI 🔥#PencellxFrenzo

Posted by Sai Sai Kham Leng on Monday, April 1, 2019

Source:CeleGabar video
khin Mi Mi @ CeleGabar;
ယူနီကုဒ္နဲ႕ ဖတ္ရန္

စိုင်းစိုင်းရဲ့ “တောဂေါ်လီ”သီချင်းထဲက ဂေါ်လီလိုပဲ လိမ့်တယ်ဆိုတဲ့ အဆိုတော် ဂျွန်ကို ဆယ်လီကမ္ဘာ ပရိသတ်များ ရင်းနှီနေခဲ့ကြမှာပါ။ စိုင်းစိုင်းရဲ့ အရမ်းကို ညီအကိုတွေတမျှချစ်ခင်ရင်းနှီးရတဲ့ သူငယ်ချင်းကောင်းတစ်ဦးဖြစ်သလို အမိုက်စား Rap နဲ့ သီချင်းစာသားတွေကို ဖန်တီးသူ ဟစ်ဟော့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။

လက်ရှိမှာလည်း ရေပန်းအစားဆုံးသီချင်းလေးတစ်ပုဒ်ဖြစ်တဲ့” မင်းရည်းစားထက် ငါ့ရည်းစားကပိုမိုက်တယ် “သီချင်းမှာ စိုင်းစိုင်းနဲ့ အတူ ဘန်နီဖြိုး၊ G-fatt ၊ ကိကိကျော်ဇော၊Snare တို့ အတူပါဝင်လို့ အမိုက်စားသီချင်းတစ်ပုဒ်ကို ဖန်တီးခဲ့တာဖြစ်ပြီး ဒီသီချင်းလေးရဲ့ MTV creation video ကတော့ လွတ်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ထွက်ရှိခဲ့တာဖြစ်ပါတယ်။

“မင်းစော်ထက် ငါ့စော်ကပိုမိုက်တယ်၊ ငါ့စော်ပိုမိုက်တယ်…” ဆိုတဲ့ အမိုက်စားစာသားတွေနဲ့ အတူ ကိုယ်ချစ်နေတဲ့ မိန်းကလေးအကြောင်းကို အချင်းချင်းကြွားဝါ သီဆိုထားတဲ့ ဒီသီချင်းလေးမှာ ဂျွန်တစ်ယောက်က တော့ သူနှစ်သက်သဘောကျရတဲ့ ချစ်သူ ဒေါက်တာမလေး အချစ်ကို ုဒီသီချင်းလေးကြောင့် ရရှိခဲ့တာ ဖြစ်ပြီး ခုဆိုရင် ဂျွန်တစ်ယောက် မိန်းမရကာ အိမ်ထောင်ပါကျသွားခဲ့ပြီဖြစ်ပါတယ်။ မြားနတ်မောင်လို အစွမ်းထက်တဲ့ ဒီသီချင်းလေးနဲ့ အတူ ဆယ်လီကမ္ဘာအင်တာဗျူးမှာ ဖြေကြားခဲ့တဲ့ သူတို့ရဲ့ အင်တာဗျူးvideo လေးနဲ့ ပါ ပရိသတ်ကြီး အတွက် ဖော်ပြပေးလိုက်ရပါတယ်။

Source:CeleGabar video
khin Mi Mi @ CeleGabar;

 

scroll to top