မင်းသား နေတိုးကိုယ်တိုင်ဦးဆောင်လို့ဇာတိမြေမှာ ဘုရားထီးတင် ရခိုင်ကိုခရီးထွက်ကြမဲ့ အနုပညာရှင် တစ်စု

Collage_Fotor154156.png

 


 



Source:Nay Toe
khin Mi Mi @ CeleGabar;
ယူနီကုဒ်နဲ့ ဖတ်ရန်

ပရိသတ်အချစ်တော် မင်းသားတစ်ဦးဖြစ်တဲ့ နေတိုးဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတွေထဲက တစ်ယောက် အပါအဝင်ဖြစ်သလို အကယ်ဒမီဆု (၂) ဆု လက်ဝယ်ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ တကယ့်ကို အရည်အချင်းရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒီနှစ်မှာ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးနဲက နောက်ထပ် အကယ်ဒမီဆုကို ပရိသတ်တွေက အရမ်းကို မျှော်လင့်ထားခဲ့သလို လွဲချော်ခဲ့ရတဲ့ အတွက်လည်း တကယ့်ကို စိတ်မကောင်းစရာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ ရွာလေးတစ်ရွာ မှာ မွေးဖွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားလေးတစ်ယောက်ဖြစ်ပြီး ကျေးရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပေမဲ့လည်း ခုလို နိုင်ငံကျော် ရုပ်ရှင်မင်းသားတစ်ယောက် ဖြစ်လာဖို့ အကောင်းဆုံးကြိုးစားခဲ့တဲ့ နေတိုးဟာ တကယ့်ကို ချီးကျူးစရာ လူငယတစ်ယောက်လို့ လည်း ဆိုနိုင်ပါတယ်။ သူမွေးဖွားခဲ့ရာ ဇာတိမြေကို ပြန်မရောက်ဖြစ်တာ (၁၀) နှစ်ကျော်ဝန်းကျင်မျှ ကြာမြင်ခဲ့ပြီဖြစ်ပြီး

လတ်တလောမှာတော့ နေတိုးနဲ့ အတူ အခြားသော အနုပညာရှင်ညီအကိုမောင်နှများ ပါဝင်လို့ ရခိုင်မြေသို့ ချီတက်ကာ စုပေါင်းကုသိုလ်သွားရောက်ပြုလုပ်ကြမှာဖြစ်ပါတယ်။ ရခိုင်မြေက စေတီတစ်ဆူမှာ ဘုရားထီးတင်၊ အလှူနဲ့ ကုသိုလ်များ ပြုလုပ်မှာဖြစ်ပြီး ခုလို စည်းလုံးတက်ကြွစွာနဲ့ ရခိုင်မြေ ချီတက်ကြတဲ့ အနုပညာရှင်တစ်စုကို နေတိုးကိုယ်တိုင်က ဦးဆောင်သွားခဲ့တာဖြစ်ပြီး ဆယ်လီကမ္ဘာပရိသတ်ကြီး ကုသိုလ်ပီတီခံစားရအောင် ဖော်ပြပေးလိုက်ရပါတယ်နော်…။

Source:Nay Toe
khin Mi Mi @ CeleGabar;

 

scroll to top