ဆရာ၊ဆရာမေတြ ပြဲဆူေနတဲ့ ကၽြန္မက မေဟသီ ဇာတ္လမ္းတြဲ ရဲ႕ ဇာတ္ကြက္တစ္ခု

005-1.jpg

 

ဆယ္လီကမၻာပရိသတ္ၾကီးေရ လတ္တေလာမွာ ေရပန္းစားလူၾကိဳက္မ်ား ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ က်မက မေဟသီဇာတ္လမ္းဟာ ပိုျပီးစိတ္ဝင္စားစရာ တင္ဆက္လာတာကိုေတြ႕ရပါတယ္။ ျပီးခဲ့တဲ့ ရက္ပိုင္းက တင္ဆက္ခဲ့တဲ့ ကၽြန္မက မေဟသီ အပိုင္း(၃၂) ရဲ႕ျပကြက္တစ္ခုေၾကာင့္ ပညာေရးအသိုင္းအဝိုင္း က ဆရာ၊ ဆရာမမ်ား ပြဲဆူေနတာကို ေတြ႔ရပါတယ္။

သကၠလျမိဳ႕သား ေက်ာင္းအုပ္ဆရာၾကီးတစ္ေယာက္ျဖစ္တဲ့ ဦးေအာင္ေအာင္ က လူမႈကြန္ရက္စာမ်က္ႏွာက ေနတဆင့္ အဆိုပါကိစၥကိုေထာက္ျပခဲ့တာပါ။ ဇာတ္ဝင္ခန္းတစ္ခုမွာပါရွိတဲ့ ဆရာမႏွစ္ေယာက္ပစၥည္းေပ်ာက္ေျဖရွင္းနည္း က နဲ႕ ပတ္သက္ျပီး လက္ေတြ႔ဆရာ၊ ဆရာမမ်ား ေျဖရွင္းပံုနဲ႕ လြဲမွားေနတာကိုေထာက္ျပခဲ့တာပါ ။ ပစၥည္းခိုးသူမဟုတ္တဲ့ ေက်ာင္းသားေလးကို မွားယြင္းစြပ္စြဲျပီး အိမ္အထိ မိဘေခၚတိုင္စာပို႕တာဟာ လက္ေတြ႔မဟုတ္တဲ့ ေျဖရွင္းနည္းတစ္ခုျဖစ္ေနသလို ပညာေရးအသိုင္းအဝိုင္း ကို အထင္မွားေအာင္ ျပဳလုပ္တယ္လို႕ ယူဆတယ္လို႕ ေရးသားေဖာ္ျပထားတာပါ ။ အဆိုပါ ပိုစ့္ကို လူမႈကြန္ရက္ေပၚက ဆရာ၊ ဆရာမ ေျမာက္ျမားစြာက ျပန္လည္မွ်ေဝထားတာ ကိုေတြ႔ရပါတယ္။ မူရင္းဝထၱဳမွာ မပါဝင္တဲ့ ဇာတ္ဝင္ခန္းအတြက္ ဇာတ္ညႊန္းေရးသားသူမွာတာဝန္ရွိေၾကာင္းေျပာဆိုထားၾကပါတယ္။ ဆယ္လီကမၻာ ပရိသတ္ၾကီးေရ အခုလိုရိုက္ကူးေဖာ္ျပမႈအတြက္ ဘာေတြေဆာင္ရြက္သင့္လဲ မွတ္ခ်က္ကေန ေျပာျပခဲ့ၾကပါဦးေနာ္။

Source – Aung Aung / Pyone Play
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ္ျဖင့္ဖတ္ရန္


ဆရာ၊ဆရာမတွေ ပွဲဆူနေတဲ့ ကျွန်မက မဟေသီ ဇာတ်လမ်းတွဲ ရဲ့ ဇာတ်ကွက်တစ်ခု

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ လတ်တလောမှာ ရေပန်းစားလူကြိုက်များ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ကျမက မဟေသီဇာတ်လမ်းဟာ ပိုပြီးစိတ်ဝင်စားစရာ တင်ဆက်လာတာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက တင်ဆက်ခဲ့တဲ့ ကျွန်မက မဟေသီ အပိုင်း(၃၂) ရဲ့ပြကွက်တစ်ခုကြောင့် ပညာရေးအသိုင်းအဝိုင်း က ဆရာ၊ ဆရာမများ ပွဲဆူနေတာကို တွေ့ရပါတယ်။

သက္ကလမြို့သား ကျောင်းအုပ်ဆရာကြီးတစ်ယောက်ဖြစ်တဲ့ ဦးအောင်အောင် က လူမှုကွန်ရက်စာမျက်နှာက နေတဆင့် အဆိုပါကိစ္စကိုထောက်ပြခဲ့တာပါ။ ဇာတ်ဝင်ခန်းတစ်ခုမှာပါရှိတဲ့ ဆရာမနှစ်ယောက်ပစ္စည်းပျောက်ဖြေရှင်းနည်း က နဲ့ ပတ်သက်ပြီး လက်တွေ့ဆရာ၊ ဆရာမများ ဖြေရှင်းပုံနဲ့ လွဲမှားနေတာကိုထောက်ပြခဲ့တာပါ ။ ပစ္စည်းခိုးသူမဟုတ်တဲ့ ကျောင်းသားလေးကို မှားယွင်းစွပ်စွဲပြီး အိမ်အထိ မိဘခေါ်တိုင်စာပို့တာဟာ လက်တွေ့မဟုတ်တဲ့ ဖြေရှင်းနည်းတစ်ခုဖြစ်နေသလို ပညာရေးအသိုင်းအဝိုင်း ကို အထင်မှားအောင် ပြုလုပ်တယ်လို့ ယူဆတယ်လို့ ရေးသားဖော်ပြထားတာပါ ။ အဆိုပါ ပိုစ့်ကို လူမှုကွန်ရက်ပေါ်က ဆရာ၊ ဆရာမ မြောက်မြားစွာက ပြန်လည်မျှဝေထားတာ ကိုတွေ့ရပါတယ်။ မူရင်းဝထ္တုမှာ မပါဝင်တဲ့ ဇာတ်ဝင်ခန်းအတွက် ဇာတ်ညွှန်းရေးသားသူမှာတာဝန်ရှိကြောင်းပြောဆိုထားကြပါတယ်။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ အခုလိုရိုက်ကူးဖော်ပြမှုအတွက် ဘာတွေဆောင်ရွက်သင့်လဲ မှတ်ချက်ကနေ ပြောပြခဲ့ကြပါဦးနော်။

Source – Aung Aung / Pyone Play
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top