ရခိုင္ျပည္နယ္ စစ္ေဘးအတြက္ အ၀တ္အထည္ေပါင္း(၁၅၀၀) ေက်ာ္ လွဴဒါန္းခဲ့ၾကတဲ့ မင္းသားေနထက္လင္းနဲ႕ ေ၀ဠဳေက်ာ္

Collage_Fotor4201.png

 

လတ္တေလာ ျမန္မာနိုင္ငံရဲ႕ မျငိမ္းခ်မ္းတဲ့ ေဒသတစ္ခုေတြထဲက တစ္ခုအပါအ၀င္ျဖစ္ေနတဲ့ ရခိုင္ေျမ ၊ စစ္ေတြနဲ႕ အနီးတ၀ိုက္မွာ ျပည္တြင္းစစ္ပြဲတစ္ခ်ိဳ႕ ျဖစ္ပြားလ ွ်က္ရွိသလို ရခိုင္ေန ျပည္သူေတြ ဟာလည္း စစ္ေဘးကေန ေရွာင္တိမ္းဖို႕ အတြက္ မိမိေနထိုင္ရာ အရပ္ကို စြန္႕ခြာရတဲ့ ထိျဖစ္ပါတယ္။

 

ဒီအတြက္လည္း အလွဴရွင္၊ ေစတနာ ၀န္ထမ္းေတြရဲ႕ ကူညီေထာက္ပံ့မွဳတခ်ိဳ ႕လိုအပ္ေနသလို ျပည္သူ ခ်စ္ အနုပညာရွင္နွစ္ဦးကေတာ့ အခ်ိန္နဲ႕ တေျပးညီ အကူအညီ ေပးနိုင္ဖို႕ အတြက္ အေကာင္းဆံုးၾကိဳးစားလ ွ်က္ရွိပါတယ္။မင္းသားေခ်ာနွစ္ေယာက္ျဖစ္တဲ့ မင္းသားၾကီး ေနထက္လင္း နဲ႕ ပရဟိတ မင္းသား ေ၀ဠဳေက်ာ္တို႕ ဟာ အနုပညာေလာက အလုပ္ထက္ ျပည္သူလူထုကို အက်ိဳးျပုနိုင္မဲ့ ေဆာင္ရြက္မွုေတြ ျပုလုပ္ေနတာျဖစ္ပါတယ္။

 

ေနထက္လင္းကေတာ့ စစ္ေဘးေရွာင္ျပည္သူမ်ား ေထာက္ပ့ံကူညီေရး ႏွင့္
ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳ ေကာ္မတီကို ဖြဲ႕စည္းကာ ဥကၠဌ ေနရာက တာ၀န္ယူေဆာင္ရြက္ခဲ့ျပီး ဒုတိယ ဥကၠဌ အျဖစ္ ေ၀ဠဳေက်ာ္က တာ၀န္ယူကာ ရခိုင္ျပည္နယ္ စစ္ေဘးေရွာင္ ျပည္သူမ်ားအတြက္ အဝတ္အထည္ အသစ္ ၁၀ထုပ္ အထည္ေပါင္း ၁၅၀၀ ေက်ာ္ ကို ဒုတိယအႀကိမ္အျဖစ္ ကူညီေထာက္ပ့ံေပးခဲ့ တာမို႕ တကယ့္ကို မြန္ျမတ္လွတဲ့ အလွဴၾကီးမို႕ CeleGabar ပရိသတ္ၾကီးအတြက္ ေဖာ္ျပေပးလိုက္ရပါတယ္။

 

source: Wai Lu Kyaw
Khin Mi Mi@CeleGabar
ယူနီကုဒ္ျဖင့္ ဖတ္ရန္

လတ်တလော မြန်မာနိုင်ငံရဲ့ မငြိမ်းချမ်းတဲ့ ဒေသတစ်ခုတွေထဲက တစ်ခုအပါအဝင်ဖြစ်နေတဲ့ ရခိုင်မြေ ၊ စစ်တွေနဲ့ အနီးတဝိုက်မှာ ပြည်တွင်းစစ်ပွဲတစ်ချို့ ဖြစ်ပွားလ ျှက်ရှိသလို ရခိုင်နေ ပြည်သူတွေ ဟာလည်း စစ်ဘေးကနေ ရှောင်တိမ်းဖို့ အတွက် မိမိနေထိုင်ရာ အရပ်ကို စွန့်ခွာရတဲ့ ထိဖြစ်ပါတယ်။

ဒီအတွက်လည်း အလှူရှင်၊ စေတနာ ဝန်ထမ်းတွေရဲ့ ကူညီထောက်ပံ့မှုတချို့လိုအပ်နေသလို ပြည်သူ ချစ် အနုပညာရှင်နှစ်ဦးကတော့ အချိန်နဲ့ တပြေးညီ အကူအညီ ပေးနိုင်ဖို့ အတွက် အကောင်းဆုံးကြိုးစားလ ျှက်ရှိပါတယ်။မင်းသားချောနှစ်ယောက်ဖြစ်တဲ့ မင်းသားကြီး နေထက်လင်း နဲ့ ပရဟိတ မင်းသား ဝေဠုကျော်တို့ ဟာ အနုပညာလောက အလုပ်ထက် ပြည်သူလူထုကို အကျိုးပြုနိုင်မဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

နေထက်လင်းကတော့ စစ်ဘေးရှောင်ပြည်သူများ ထောက်ပံ့ကူညီရေး နှင့်
ငြိမ်းချမ်းရေး အထောက်အကူပြု ကော်မတီကို ဖွဲ့စည်းကာ ဥက္ကဌ နေရာက တာဝန်ယူဆောင်ရွက်ခဲ့ပြီး ဒုတိယ ဥက္ကဌ အဖြစ် ဝေဠုကျော်က တာဝန်ယူကာ ရခိုင်ပြည်နယ် စစ်ဘေးရှောင် ပြည်သူများအတွက် အဝတ်အထည် အသစ် ၁၀ထုပ် အထည်ပေါင်း ၁၅၀၀ ကျော် ကို ဒုတိယအကြိမ်အဖြစ် ကူညီထောက်ပံ့ပေးခဲ့ တာမို့ တကယ့်ကို မွန်မြတ်လှတဲ့ အလှူကြီးမို့ CeleGabar ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။
source: Wai Lu Kyaw
Khin Mi Mi@CeleGabar

 

 

scroll to top