ေမြးေန႔ပြဲ မွာ အႏၱရာယ္ျဖစ္ေစႏိုင္တဲ့ပစၥည္းတစ္ခုကို ပရိသတ္ေတြကို ယူခြင့္ျပဳလုိက္တဲ့ စိုင္းစိုင္း

002-3.jpg

ဆယ္လီကမၻာပရိသတ္ၾကီးေရ ပရိသတ္ေတြကို တေလးတစား အသိအမွတ္ျပဳတဲ့ အႏုပညာရွင္ေတြထဲမွာ စိုင္းစိုင္းလည္း ပါဝင္ပါတယ္။ ေမြးေန႕ရႈိးပြဲမွာ ဘယ္ ရိႈးပြဲမွာ မွ ခြင့္မျပဳတဲ့ ပစၥညး္တစ္ခုကို ယူေဆာင္ခြင့္ျပဳလုိက္ပါတယ္ ။ အဆိုပါ ကိစၥ ကို စိုင္းစိုင္း က လူမႈကြန္ရက္စာမ်က္ႏွာက ေနတစ္ဆင့္ ပရိသတ္ေတြကို အသိေပးလိုက္ပါတယ္။ စိုင္းစိုင္းေရး သားထားတာ ကေတာ့ အခုလိုပါ ။

“Birthday Show ပြဲတိုင္းမွာ ပရိသတ္မ်ားရဲ႕ အဓိကေတာင္းဆိုမႈတစ္ခုရွိပါတယ္ အဲဒါေရဗူးကိစၥပါ က်ေနာ့္ပြဲေတြမွာ ႏိုင္ငံတကာပြဲေတြနည္းတူ ေရဗူးေပးမယူပါဘူး ေရဗူးနဲ႔ပစ္ေပါက္တာမ်ိဳး အခ်င္းခ်င္းထိခိုက္မႈရွိႏိုင္တာမ်ိဳးေတြအတြက္ျဖစ္ပါတယ္
ပရိသတ္ကလည္း ညေနကတည္းက ေနရာယူၾကမယ္ ေလးနာရီနီးပါး ေပ်ာ္ရႊင္ၾကမယ္ ကခုန္ၾကမယ္ ပင္ပန္းမယ္ ၿပီးေတာ့ လူအုပ္ထဲက အျပင္ထြက္ၿပီးေရသြားေသာက္ၿပီးရင္ ျပန္တိုးဝင္ဖို႔ခက္တယ္ ဒီေတာ့ က်ေနာ့္ကို ေရဗူးေပးယူဖို႔ေတာင္းဆိုၾကပါတယ္ပရိသတ္မ်ားခင္ဗ်ားက်ေနာ္တို႔က ဒီလိုစီစဥ္ပါမယ္ ပရိသတ္အားလံုးကို ဓာတ္ဆားေရတိုက္ပါမယ္
လူတစ္ေယာက္ကို တစ္ဗူးႏႈန္းနဲ႔ပါ ပရိသတ္မ်ားဘက္ကလည္း ကိုယ့္ေရဗူးကိုယ္ ထိန္းသိမ္းဖို႔တာဝန္ယူေပးပါေနာက္ၿပီးေတာ့ ပြဲႀကီးၿပီးသြားရင္ ကြင္းထဲမွာ ေရသန္႔ဗူးေတြျပန္႔ႀကဲေနရင္ ႐ုပ္ဆိုးပါတယ္ က်ေနာ္တို႔ ဘက္က အလုပ္သမားေတြနဲ႔ရွင္းလိုက္ရင္ လြယ္လြယ္ေလးေပမယ့္ က်ေနာ့္ ပရိသတ္ေတြကိုယ့္အမွိုက္ကိုယ္ပစ္တယ္ဆိုတာမ်ိဳး ျဖစ္ေစခ်င္တဲ့အတြက္
ေရသန္႔ဗူးပစ္ရန္ေနရာဆိုၿပီး သီးသန္႔ထားေပးထားပါမယ္
ကိုယ့္ေရဗူးကို ကိုယ့္ေအာက္မွာခ်ထား ေရဆာရင္ဖြင့္ေသာက္ ပြဲၿပီးရင္ ယူၿပီးပစ္လိုက္ ဒါပါပဲ ကိုယ့္အမွိုက္ကိုယ္ပစ္တဲ့ အေသးစား Campaign ေလး တစ္ခုေပါ့ဗ်ာ အိုေက .. ညီေစေနာ္ …”လို႕ေရးသားထားတာကိုေတြ႕ရပါတယ္။စိုုင္းစိုင္း ရဲ႕ ဆိုရွယ္စေကး နဲ႕ ခ်ဳပ္ေဆးထည့္လိုက္တဲ့ ေတာင္းဆိုခ်က္ကေတာ့ စံပါပဲ။ ဆယ္လီကမၻာပရိသတ္ၾကီးေရ ပရိသတ္အလိုက် လိုက္ေလ်ာျပီး စနစ္တက် ေတာင္းဆိုလိုက္တဲ့ စိုင္းစိုင္းရဲ႕ အိုင္ဒီယာအလန္းအတြက္ မွတ္ခ်က္ကေန တစ္ခုခုေျပာျပခဲ့ပါဦးေန္ာ။

Source – Sai Sai Kham Leng
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

မွေးနေ့ပွဲ မှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ပစ္စည်းတစ်ခုကို ပရိသတ်တွေကို ယူခွင့်ပြုလိုက်တဲ့ စိုင်းစိုင်း

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ပရိသတ်တွေကို တလေးတစား အသိအမှတ်ပြုတဲ့ အနုပညာရှင်တွေထဲမှာ စိုင်းစိုင်းလည်း ပါဝင်ပါတယ်။ မွေးနေ့ရှိုးပွဲမှာ ဘယ် ရှိုးပွဲမှာ မှ ခွင့်မပြုတဲ့ ပစ္စည်းတစ်ခုကို ယူဆောင်ခွင့်ပြုလိုက်ပါတယ် ။ အဆိုပါ ကိစ္စ ကို စိုင်းစိုင်း က လူမှုကွန်ရက်စာမျက်နှာက နေတစ်ဆင့် ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ စိုင်းစိုင်းရေး သားထားတာ ကတော့ အခုလိုပါ ။

“Birthday Show ပွဲတိုင်းမှာ ပရိသတ်များရဲ့ အဓိကတောင်းဆိုမှုတစ်ခုရှိပါတယ် အဲဒါရေဗူးကိစ္စပါ ကျနော့်ပွဲတွေမှာ နိုင်ငံတကာပွဲတွေနည်းတူ ရေဗူးပေးမယူပါဘူး ရေဗူးနဲ့ပစ်ပေါက်တာမျိုး အချင်းချင်းထိခိုက်မှုရှိနိုင်တာမျိုးတွေအတွက်ဖြစ်ပါတယ်
ပရိသတ်ကလည်း ညနေကတည်းက နေရာယူကြမယ် လေးနာရီနီးပါး ပျော်ရွှင်ကြမယ် ကခုန်ကြမယ် ပင်ပန်းမယ် ပြီးတော့ လူအုပ်ထဲက အပြင်ထွက်ပြီးရေသွားသောက်ပြီးရင် ပြန်တိုးဝင်ဖို့ခက်တယ် ဒီတော့ ကျနော့်ကို ရေဗူးပေးယူဖို့တောင်းဆိုကြပါတယ်ပရိသတ်များခင်ဗျားကျနော်တို့က ဒီလိုစီစဉ်ပါမယ် ပရိသတ်အားလုံးကို ဓာတ်ဆားရေတိုက်ပါမယ်
လူတစ်ယောက်ကို တစ်ဗူးနှုန်းနဲ့ပါ ပရိသတ်များဘက်ကလည်း ကိုယ့်ရေဗူးကိုယ် ထိန်းသိမ်းဖို့တာဝန်ယူပေးပါနောက်ပြီးတော့ ပွဲကြီးပြီးသွားရင် ကွင်းထဲမှာ ရေသန့်ဗူးတွေပြန့်ကြဲနေရင် ရုပ်ဆိုးပါတယ် ကျနော်တို့ ဘက်က အလုပ်သမားတွေနဲ့ရှင်းလိုက်ရင် လွယ်လွယ်လေးပေမယ့် ကျနော့် ပရိသတ်တွေကိုယ့်အမှိုက်ကိုယ်ပစ်တယ်ဆိုတာမျိုး ဖြစ်စေချင်တဲ့အတွက်
ရေသန့်ဗူးပစ်ရန်နေရာဆိုပြီး သီးသန့်ထားပေးထားပါမယ်
ကိုယ့်ရေဗူးကို ကိုယ့်အောက်မှာချထား ရေဆာရင်ဖွင့်သောက် ပွဲပြီးရင် ယူပြီးပစ်လိုက် ဒါပါပဲ ကိုယ့်အမှိုက်ကိုယ်ပစ်တဲ့ အသေးစား Campaign လေး တစ်ခုပေါ့ဗျာ အိုကေ .. ညီစေနော် …”လို့ရေးသားထားတာကိုတွေ့ရပါတယ်။စိုင်းစိုင်း ရဲ့ ဆိုရှယ်စကေး နဲ့ ချုပ်ဆေးထည့်လိုက်တဲ့ တောင်းဆိုချက်ကတော့ စံပါပဲ။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ပရိသတ်အလိုကျ လိုက်လျောပြီး စနစ်တကျ တောင်းဆိုလိုက်တဲ့ စိုင်းစိုင်းရဲ့ အိုင်ဒီယာအလန်းအတွက် မှတ်ချက်ကနေ တစ်ခုခုပြောပြခဲ့ပါဦးနေ်ာ။

Source – Sai Sai Kham Leng
Yenanthar Khin Khin Se @ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top