
2-3.png


 

 

 

 


Source : EiSi Kway
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ကိုယ်တိုင်တင်လိုက်တဲ့ Challenge တစ်ခုကြောင့် မိန်းမလိုပြင်ဆင်ခဲ့ရတဲ့ အိစိကွေး

ကလေးသရုပ်ဆောင်ဘဝထဲက သရုပ်ဆောင်ပီပြင်လွန်းလို့ ပရိသတ်တွေ အချစ်ပိုရတဲ့ အိစိကွေးလေးကတော့ အခုဆိုလူပျိုပေါက်အရွယ်ဖြစ်လို့ တက္ကသိုလ်ကျောင်း သားကြီး တောင် ဖြစ်နေပါပြီ ။ အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ဆောင်နေပြီး ဇာတ်လမ်းတွဲ တွေလည်း ရိုက်ကူးလျက်ရှိပါတယ် ။ လတ်တလောမှာတော့ Boy Vs Girl challenge ကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တင်ခဲ့တာ ဖြစ်ပြီး Like 2.5 K Cmt 10 K ရရင် မိန်းမလိုပြင်ပြီး တင်ပေးမယ်လို့ စိန်ခေါ်ခဲ့တာပဲဖြစ်ပါတယ် ။

ဒါပမေယ့် ပရိသတ်တွေနဲ့ သူငယ်ချင်းတွေ အားပေးကြမ်းမှုကြောင့် ကံမကောင်းစွာနဲ့ပဲ Like 2.5 K Cmt 10 K ရရှိခဲ့ပြီး မိန်းမလို ပြင်ဆင်ပြီး ပရိသတ်ကို ပြသဖို့အကြောင်းဖန်လာပါတော့တယ် ။ ဒါပေမယ့် အိစိလေးကတော့ကတိတည်ပါတယ်နော် ပရိသတ်ကြီးရေ ..။ သူပြောထားတဲ့အတိုင်းမိန်းမလို ပြင်ဆင်ခြယ်သပြီး ဆံပင်တုစွတ်ကာ အိစိကွေးလို့တောင် မမှတ်မိနိုင်လောက်တော့တဲ့ ချစ်စဖွယ်မိန်းကလေး တစ်ယောက် လိုပြောင်းလဲသွားတဲ့ ပုံကို လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။ အိစိကို ချစ်တဲ့ CeleGabar ပရိသတ်ကြီးလည်း အိစိတစ်ယောက် မိန်းကလေးးနဲ့တူရဲ့လား ဝေဖန်ပေးပါဦးနော် ။

Source : EiSi Kway
Molly @CeleGabar

scroll to top