ပထမဆံုးရတဲ့အနုပညာေၾကးနဲ႕ ခင္လိႈင္ကို ကန္ေတာ့ခဲ့တဲ့ သမီးေလး သဇင္ထူးျမင့္

3-3.png

ဟာသ လူရႊင္ေတာ္ သရုပ္ေဆာင္ တစ္ေယာက္ျဖစ္တဲ့ ဦးခင္လိႈင္ကေတာ့ သူ႕ရဲ႕ ဇာတ္ရုပ္မေရြး သရုပ္ေဆာင္နိုင္မႈနဲ႕ ပရိသတ္ကို ရယ္ေမာေပ်ာ္ရႊင္ေစတဲ့ ၀ါရင့္အနုပညာရွင္တစ္ေယာက္ ျဖစ္လို႕ ပရိသတ္ေတြ အားလံုးက ယေန႕တို္င္ခ်စ္ခင္အားေပးေနၾကဆဲ ျဖစ္ပါတယ္ ။ သားျဖစ္သူ ေနရဲကိုအႏုပညာအေမြ ေပးျပီး အနုပညာအလုပ္ေတြ လုပ္ကိုင္ေစခဲ့ေပမယ့္ အငယ္ဆံုးသမီးေလးျဖစ္တဲ့ သဇင္ထူးျမင့္ကေတာ့ အရမ္းကို ရိုးရိုးေအးေအးေလးေနတတ္ျပီး လူေၾကာက္တတ္တဲ့ သမီးေလးျဖစ္လုိ႕ အနုပညာအလုပ္ကို မလုပ္ေစခ်င္ဘူးလို႕ ေျပာျပခဲ့ဖူးပါတယ္ ။

 

 

 

 

ဒါေပမယ့္ သဇင္ထူးျမင့္ တစ္ေယာက္ ၂၀၁၈ အကယ္ဒမီထူးခြ်န္ဆုေပးပြဲၾကီးမ်ား အကယ္ဒမီေရႊၾကိဳအျဖစ္ ပါ၀င္ခြင့္ရခဲ့ျပီး အနုပညာကမ္းလွမ္းမႈေတြ ေၾကာင့္ အနုပညာအလုပ္ေတြကို ဆက္လက္လုပ္ေဆာင္ေနျပီ ျဖစ္ပါတယ္ ။ အစကေတာ့ ကင္မရာေတြနဲ႔အသားမက်ေသးလို႕ အနုပညာလုပ္ရမွာေၾကာက္ေပမယ့္ အကယ္ဒမီေရႊၾကိဳ လုပ္ျပီးေနာက္ပိုင္းမွာ ကင္မရာနဲ႕အသားက်သြားသလို အနုပညာလုပ္ရတာလည္း ေပ်ာ္လာတဲ့အတြက္လတ္တေလာမွာေတာ့ ဓာတ္ပံုရို္က္ကူးမႈေလးေတြ ကို ျပဳလုပ္ေနတာျဖစ္ပါတယ္ ။ သဲ ကေတာ့ သူမ ရလာတဲ့ ပထမဆံုးအနုပညာေၾကးေလးနဲ႔ ေဖေဖ ဦးခင္လိႈင္ အရမ္းၾကိဳက္တဲ့ မ်က္မွန္ေလးကို ၀ယ္ျပီး ကန္ေတာ့ခဲ့တာ အရမ္းကိုၾကည္နူးမိတယ္လုိ႕ သဲက သူမရဲ႕လူမႈကြန္ရက္စာမ်က္နွာကေန ပရိသတ္ေတြကိုမွ်ေ၀ေပးခဲ့ပါတယ္ ။ CeleGabar ပရိသတ္ၾကီးေရ အရမ္းခ်စ္စရာေကာင္းျပီး လိမၼာတဲ့ သဲေလးကို ခ်စ္ၾကရဲ႕လား မွတ္ခ်က္ေပးခဲ့ပါဦးေနာ္ ။

Source : Thazin Htoo Myint
Molly @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပထမဆုံးရတဲ့အနုပညာကြေးနဲ့ ခင်လှိုင်ကို ကန်တော့ခဲ့တဲ့ သမီးလေး သဇင်ထူးမြင့်

ဟာသ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဦးခင်လှိုင်ကတော့ သူ့ရဲ့ ဇာတ်ရုပ်မရွေး သရုပ်ဆောင်နိုင်မှုနဲ့ ပရိသတ်ကို ရယ်မောပျော်ရွှင်စေတဲ့ ဝါရင့်အနုပညာရှင်တစ်ယောက် ဖြစ်လို့ ပရိသတ်တွေ အားလုံးက ယနေ့တိုင်ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ် ။ သားဖြစ်သူ နေရဲကိုအနုပညာအမွေ ပေးပြီး အနုပညာအလုပ်တွေ လုပ်ကိုင်စေခဲ့ပေမယ့် အငယ်ဆုံးသမီးလေးဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ အရမ်းကို ရိုးရိုးအေးအေးလေးနေတတ်ပြီး လူကြောက်တတ်တဲ့ သမီးလေးဖြစ်လို့ အနုပညာအလုပ်ကို မလုပ်စေချင်ဘူးလို့ ပြောပြခဲ့ဖူးပါတယ် ။

ဒါပေမယ့် သဇင်ထူးမြင့် တစ်ယောက် ၂၀၁၈ အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးများ အကယ်ဒမီရွှေကြိုအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး အနုပညာကမ်းလှမ်းမှုတွေ ကြောင့် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်နေပြီ ဖြစ်ပါတယ် ။ အစကတော့ ကင်မရာတွေနဲ့အသားမကျသေးလို့ အနုပညာလုပ်ရမှာကြောက်ပေမယ့် အကယ်ဒမီရွှေကြို လုပ်ပြီးနောက်ပိုင်းမှာ ကင်မရာနဲ့အသားကျသွားသလို အနုပညာလုပ်ရတာလည်း ပျော်လာတဲ့အတွက်လတ်တလောမှာတော့ ဓာတ်ပုံရိုက်ကူးမှုလေးတွေ ကို ပြုလုပ်နေတာဖြစ်ပါတယ် ။ သဲ ကတော့ သူမ ရလာတဲ့ ပထမဆုံးအနုပညာကြေးလေးနဲ့ ဖေဖေ ဦးခင်လှိုင် အရမ်းကြိုက်တဲ့ မျက်မှန်လေးကို ဝယ်ပြီး ကန်တော့ခဲ့တာ အရမ်းကိုကြည်နူးမိတယ်လို့ သဲက သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေကိုမျှဝေပေးခဲ့ပါတယ် ။ CeleGabar ပရိသတ်ကြီးရေ အရမ်းချစ်စရာကောင်းပြီး လိမ္မာတဲ့ သဲလေးကို ချစ်ကြရဲ့လား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Thazin Htoo Myint
Molly @CeleGabar

scroll to top