ဆရာတော်၊ သံယာတော်တွေကိုမှ ထူးထူးခြားခြား ချစ်ခင်ကြည်ညိုတတ်လွန်းတဲ့ မယ်လိုဒီရဲ့ သားလေး သိန္ဒိစစ်

Collage_Fotor75.png

 


 


 

 

 

 


 

source: Actress Melody
Khin Mi Mi @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

တစ်ချိန်က မော်ဒယ်လ်လောကမှာ အရပ်မြင့်မြင့်၊ဘိုဆန်ဆန် မျက်နာကျနဲ့ အရမ်းကိုအောင်မြင်ခဲ့တဲ့ မော်ဒယ်လ်မလေးတစ်ယောက်အဖြစ်ကနေ ထိပ်တန်းသရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာခဲ့တဲ့ထိအောင်မြင်မှုရရှိခဲ့သူဖြစ်ပါတယ်။ထိပ်တန်းသရုပ်ဆောင်မင်းသမီး တစ်ယောက်အနေနဲ့ အနုပညာလောကမှာ အကယ်ဒမီမင်းသမီးဆု ဆွတ်ခူးသည်ထိ အောင်မြင်ခဲ့ပြီး သူမချစ်တဲ့သူနဲ့ အိမ်ထောင်ကျပြီးနောက်မှာတော့ အနုပညာအလုပ်တွေကျဲသွားခဲ့ပါတယ်။

အိမ်ထောင်ကျပြီးတဲ့နောက် မယ်လိုဒီတစ်ယောက် ချစ်စရာကောင်းလွန်းတဲ့ သားချော၊ သားဦးလေးကို မွေးဖွားခဲ့ပြီး သားလေးနာမည်ကတော့ သိန္ဒိစစ်ဖြစ်ပါတယ်။ တနေ့မှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးလို ဝိုင်းဝိုင်းလည် လူချောလေးတစ်ယောက်ဖြစ်လာဦးမဲ့ သိန္ဒိစစ်လေးကြောင့် မယ်လိုဒီကို မေမေ ခေါ်သူ ချွေးမလောင်းလေးတွေက ခုကတည်းကဝိုင်းဝိုင်းလည် လို့နေပါတယ်။

သားရှင်ဖြစ်တဲ့ မေမေ မယ်လိုဒီ ခများ သားလေးကြောင့် မျက်နာပွင့်ရသလို ချစ်စရာကောင်းလွန်းတဲ့ သားလေးရဲ့ ဘဝတစ်ခုလုံးကို ထိန်းကျောင်းပေးနိုင်တဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်အောင် လည်း ကြိုးစားနေသူဖြစ်ပါတယ်။ သားလေးဟာ အရမ်းကို လိမ္မာရေးခြားရှိပြီး ဘုရားတရားကုသိုလ်တွေကို မေမေနဲ့ လိုက်လုပ်တတ်နေပြီဖြစ်သလို ထူးခြားစွာနဲ့ သားလေးဟာ ဆရာတော်၊ သံယာတော်တွေနဲ့ အရမ်းကို ချစ်ခင်တတ်သူဖြစ်ပါတယ်။ “ဆရာတော်နောက်လိုက်မယ်တဲ့ ဖေဖေ မေမေ တာ့တာတဲ့ မလိုက်ပါနဲ့သားရယ်၊ စောသေးတယ် အသက်နည်းနည်းကြီးမှလိုက်ပါလို့ တားလိုက်ရတယ်။ကားထဲကမနည်းပြန်ဆွဲထုတ်ရတယ်ဆရာတော်တွေနဲ့တွေ့ရင် လူလိမ်မာလေးပါခင်ဗျာ” လို့ မယ်လိုဒီက ဆိုထားတာမို့ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ရပါတယ်။

scroll to top