ေနတိုးငယ္ဘ၀အေၾကာင္းကိုေျပာျပတဲ့ ေမြးရပ္ေျမက ဆရာမမ်ား

5.png

ရခိုင္တုိင္းရင္းသားေလး ျဖစ္တဲ့ေနတိုးကေတာ့ သရုပ္ေဆာင္ေလာကမွာ ထိပ္တန္းမင္းသားတစ္ေယာက္ အျဖစ္ ရပ္တည္ေနတဲ့ မင္းသားတစ္ေယာက္ ျဖစ္သလို သူ႕ရဲ႕ပီျပင္တဲ့သရုပ္ေဆာင္မႈေတြေၾကာင့္ အကယ္ဒမီဆုေတြ ရရွိထားတဲ့ မင္းသားတစ္ေယာက္ပါ ။ လတ္တေလာမွာေတာ့ ေမြးရပ္ေျမရခုိင္မွာ မင္းေသြးနဲ႔အတူ မိသားစု၀င္ေတြ အားလံုး လွဴဒါန္းမယ့္ ေၾကးသြန္းဘုရားၾကီး ကို ဘုရားေနကဇာတင္ ပြဲအတြက္ ျပန္လာခဲ့ပါတယ္ ။ ဒီတစ္ေခါက္ ရခုိင္ျပန္တာဟာ နွစ္ ၂၀ေက်ာ္ၾကာ မျပန္ျဖစ္တဲ့ ရခုိင္ကို ပထမဆံုး ျပန္တာျဖစ္ပါတယ္ ။

 

 

 

ေမြးရပ္ေျမက ေနတိုးကို စာသင္ခဲ့တဲ့ ဆရာမေတြကလည္း ေနတိုးရဲ႕ငယ္ဘ၀ အမွတ္တရေတြကို ခုလိုေျပာျပခဲ့ပါတယ္ ။ ေနတိုးက ငယ္ငယ္တုန္းက အရမ္းေအးတဲ့ ကေလးေလးတစ္ေယာက္ျဖစ္ျပီး ထူးခြ်န္ျပီး ဥာဏ္လဲေကာင္းတဲ့အျပင္ စာလဲလိုခ်င္ျပီး ဆရာ ဆရာမေတြ ေျပာတာလဲ နားေထာင္တဲ့ကေလး ျဖစ္တယ္လို႕ ဆရာမ ေဒၚသိန္းျမိဳင္က ေျပာျပခဲ့ပါတယ္ ။ ဆရာမ ေဒၚခင္ေစာနန္းရင္ကေတာ့ ေနတိုး ၈တန္းတုန္းက က်ဴရွင္သင္ခဲ့တဲ့ ဆရာမျဖစ္ျပီး ေနတိုးက စာသင္ဖို႕လာရင္ ေခါင္းရင္းမွာထိုင္ျပီး ကိုယ့္လက္မေလးပဲ ကိုယ္ကိုက္ေနတတ္တယ္ ၊ သူငယ္ခ်င္းမိန္းကေလးေတြက ခ်စ္လို႕ခင္လုိ႕စတာကိုလည္း အရမ္းခံခဲ့ရတယ္ ၊ က်န္တဲ့အခ်ိန္ကေတာ့ အရမ္းေအးျပီး ဂစ္တာေလးပဲတီးေနတတ္တယ္လို႔ ေျပာျပခဲ့ပါတယ္ ။ အထက္တန္းျပ ဆရာမတစ္ေယာက္ျဖစ္တဲ့ ေဒၚခင္ျမင့္ရီကေတာ့ ေနတိုးက ပန္းခ်ီအရမ္းေတာ္ျပီး ငယ္ငယ္က ပန္းခ်ီေတြဆြဲျပီး ျပိဳင္ပြဲ၀င္တိုင္း ဆုရတယ္လုိ႕ ေျပာျပခဲ့ပါတယ္ ။ ကဲ ေနတိုးကေတာ့ ငယ္ငယ္ထဲက အရမ္းေအးျပီး ခ်စ္ဖုိ႕ေကာင္းတဲ့ သူတစ္ေယာက္ဆိုတာ ပရိသတ္ေတြသိေလာက္ျပီထင္ပါတယ္ေနာ္ ။ CeleGabar ပရိသတ္ၾကီးေရာ ေနတိုးကိုခ်စ္ရဲ႕လား ???

Source : Popular
Molly @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

နေတိုးငယ်ဘဝအကြောင်းကိုပြောပြတဲ့ မွေးရပ်မြေက ဆရာမများ

ရခိုင်တိုင်းရင်းသားလေး ဖြစ်တဲ့နေတိုးကတော့ သရုပ်ဆောင်လောကမှာ ထိပ်တန်းမင်းသားတစ်ယောက် အဖြစ် ရပ်တည်နေတဲ့ မင်းသားတစ်ယောက် ဖြစ်သလို သူ့ရဲ့ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုတွေ ရရှိထားတဲ့ မင်းသားတစ်ယောက်ပါ ။ လတ်တလောမှာတော့ မွေးရပ်မြေရခိုင်မှာ မင်းသွေးနဲ့အတူ မိသားစုဝင်တွေ အားလုံး လှူဒါန်းမယ့် ကြေးသွန်းဘုရားကြီး ကို ဘုရားနေကဇာတင် ပွဲအတွက် ပြန်လာခဲ့ပါတယ် ။ ဒီတစ်ခေါက် ရခိုင်ပြန်တာဟာ နှစ် ၂၀ကျော်ကြာ မပြန်ဖြစ်တဲ့ ရခိုင်ကို ပထမဆုံး ပြန်တာဖြစ်ပါတယ် ။

မွေးရပ်မြေက နေတိုးကို စာသင်ခဲ့တဲ့ ဆရာမတွေကလည်း နေတိုးရဲ့ငယ်ဘ၀ အမှတ်တရတွေကို ခုလိုပြောပြခဲ့ပါတယ် ။ နေတိုးက ငယ်ငယ်တုန်းက အရမ်းအေးတဲ့ ကလေးလေးတစ်ယောက်ဖြစ်ပြီး ထူးချွန်ပြီး ဉာဏ်လဲကောင်းတဲ့အပြင် စာလဲလိုချင်ပြီး ဆရာ ဆရာမတွေ ပြောတာလဲ နားထောင်တဲ့ကလေး ဖြစ်တယ်လို့ ဆရာမ ဒေါ်သိန်းမြိုင်က ပြောပြခဲ့ပါတယ် ။ ဆရာမ ဒေါ်ခင်စောနန်းရင်ကတော့ နေတိုး ၈တန်းတုန်းက ကျူရှင်သင်ခဲ့တဲ့ ဆရာမဖြစ်ပြီး နေတိုးက စာသင်ဖို့လာရင် ခေါင်းရင်းမှာထိုင်ပြီး ကိုယ့်လက်မလေးပဲ ကိုယ်ကိုက်နေတတ်တယ် ၊ သူငယ်ချင်းမိန်းကလေးတွေက ချစ်လို့ခင်လို့စတာကိုလည်း အရမ်းခံခဲ့ရတယ် ၊ ကျန်တဲ့အချိန်ကတော့ အရမ်းအေးပြီး ဂစ်တာလေးပဲတီးနေတတ်တယ်လို့ ပြောပြခဲ့ပါတယ် ။ အထက်တန်းပြ ဆရာမတစ်ယောက်ဖြစ်တဲ့ ဒေါ်ခင်မြင့်ရီကတော့ နေတိုးက ပန်းချီအရမ်းတော်ပြီး ငယ်ငယ်က ပန်းချီတွေဆွဲပြီး ပြိုင်ပွဲဝင်တိုင်း ဆုရတယ်လို့ ပြောပြခဲ့ပါတယ် ။ ကဲ နေတိုးကတော့ ငယ်ငယ်ထဲက အရမ်းအေးပြီး ချစ်ဖို့ကောင်းတဲ့ သူတစ်ယောက်ဆိုတာ ပရိသတ်တွေသိလောက်ပြီထင်ပါတယ်နော် ။ CeleGabar ပရိသတ်ကြီးရော နေတိုးကိုချစ်ရဲ့လား ???

Source : Popular
Molly @CeleGabar

scroll to top