အၾကမ္းစား MTV တစ္ပုဒ္ကို ပရိသတ္ကိုခ်ျပလိုက္တဲ့ ရိုတ

1-5.png

ပရိသတ္ေတြနဲ႔ ႏွစ္ေတာ္ေတာ္ၾကာအဆက္သြယ္ပ်က္ ေနခဲ့တဲ့ သ႐ုပ္ေဆာင္႐ိုတ ကေတာ့ မၾကာခင္မွာ ေျပာင္းလဲမႈ မ်ားစြာနဲ႔ ျပန္လာေတာ့မယ္လို႔ ပရိသတ္ကို အသိေပးခဲ့တဲ့အတုိင္း ပရိသတ္ေရွ႕ကို ထူးျခားဆန္းသစ္မႈေတြနဲ႔ တစ္ေက်ာ့ျပန္ ျပန္လည္ေရာက္ရွိလာခဲ့ပါျပီ ။ တစ္ခ်ိန္ကပရိသတ္ အားေပးမႈမ်ားစြာရရွိခဲ့ေပမယ့္ အႏုပညာေလာကမွအနားယူခဲ့ကာ ပရိသတ္ေတြနဲ႔ေဝးကြာေနခဲ့တာပဲ ျဖစ္ပါတယ္ ။ ပရိသတ္ေရွ႕ကိုေရာက္ေရာက္ခ်င္းပဲ လံုး၀ မထင္မွတ္ထားတဲ့ သူ႕ရဲ႕ သီခ်င္းတစ္ပုဒ္ကို ပြင့္နဒီေမာင္နဲ႔ အတူ အၾကမ္းစားရိုက္ကူး ထားတဲ့ MTV တစ္ပုဒ္ ပရိသတ္ေရွ႕ကိုခ်ျပခဲ့ပါတယ္ ။

 

 

 

သာမန္ျမင္ေတြ႕ေနၾက ရိုတရဲ႕ ပံုစံမ်ိဳးမဟုတ္ဘဲ လုံး၀ အၾကမ္းစား MTV တစ္ပုဒ္ျဖစ္တယ္ဆိုတာကိုေတာ့ ပရိသတ္ၾကီး MTV ေလးကိုၾကည္႕ရင္သိနိုင္ပါတယ္ေနာ္ ။ သၾကၤန္သီခ်င္းေလး တစ္ပုဒ္ျဖစ္ျပီး ရာသီစာ သီခ်င္းအေနနဲ႔ ထြက္ရွိလာခဲ့တာျဖစ္ျပီး အနုပညာေျခလွမ္းေတြ က်ဲေနတဲ့ ပြင့္နဒီေမာင္နဲ႔ အတူ အမိုက္စား သရုပ္ေဆာင္ထားတာပဲျဖစ္ပါတယ္ ။ ရိုးရိုးသားသားလူေကာင္းေလး တစ္ေယာက္ျဖစ္ျပီး အရက္မေသာက္တတ္ ေဆး၀ါးမသံုးတတ္တဲ့ သူျဖစ္ေၾကာင္း ေကာင္မေလးကို ေျပာျပေနတဲ့ စာသားေလးေတြကို အမိုက္စား အၾကမ္းစားရိုက္ကူးမႈေတြနဲ႕ ပံုေဖာ္ထားတာျဖစ္ပါတယ္ ။ ကဲ CeleGabar ပရိသတ္ၾကီးေရ အနုပညာနဲ႕ေ၀းကြာေနျပီး ပရိသတ္ေရွ႕တေက်ာ့ျပန္ ျပန္လာခဲ့တဲ့ ရိုတရဲ႕ MTV ေလးကို ျပန္လည္မွ်ေ၀ေပးလိုက္ပါတယ္ေနာ္ ။ ပရိသတ္ၾကီးရဲ႕အျမင္ေလးကို မွတ္ခ်က္ ေပးခဲ့ပါဦးေနာ္ ။

Ro Ta, T Zeth – Your Smile

“ Your Smile “ Music Video အမိုက္စားေလးကိုတင္ေပးလိုက္ပါတယ္…….Singer – Ro Ta & T ZethStarring – Pwint Nadi MaungDancer – Shock Dancer Group#MMN #mMusicNet #Ro_Ta #T_Zeth #Your_Smile

Posted by MMN on Thursday, April 4, 2019

Source : Ro Ta
Molly @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

အကြမ်းစား MTV တစ်ပုဒ်ကို ပရိသတ်ကိုချပြလိုက်တဲ့ ရိုတ

ပရိသတ်တွေနဲ့ နှစ်တော်တော်ကြာအဆက်သွယ်ပျက် နေခဲ့တဲ့ သရုပ်ဆောင်ရိုတ ကတော့ မကြာခင်မှာ ပြောင်းလဲမှု များစွာနဲ့ ပြန်လာတော့မယ်လို့ ပရိသတ်ကို အသိပေးခဲ့တဲ့အတိုင်း ပရိသတ်ရှေ့ကို ထူးခြားဆန်းသစ်မှုတွေနဲ့ တစ်ကျော့ပြန် ပြန်လည်ရောက်ရှိလာခဲ့ပါပြီ ။ တစ်ချိန်ကပရိသတ် အားပေးမှုများစွာရရှိခဲ့ပေမယ့် အနုပညာလောကမှအနားယူခဲ့ကာ ပရိသတ်တွေနဲ့ဝေးကွာနေခဲ့တာပဲ ဖြစ်ပါတယ် ။ ပရိသတ်ရှေ့ကိုရောက်ရောက်ချင်းပဲ လုံး၀ မထင်မှတ်ထားတဲ့ သူ့ရဲ့ သီချင်းတစ်ပုဒ်ကို ပွင့်နဒီမောင်နဲ့ အတူ အကြမ်းစားရိုက်ကူး ထားတဲ့ MTV တစ်ပုဒ် ပရိသတ်ရှေ့ကိုချပြခဲ့ပါတယ် ။

သာမန်မြင်တွေ့နေကြ ရိုတရဲ့ ပုံစံမျိုးမဟုတ်ဘဲ လုံး၀ အကြမ်းစား MTV တစ်ပုဒ်ဖြစ်တယ်ဆိုတာကိုတော့ ပရိသတ်ကြီး MTV လေးကိုကြည့်ရင်သိနိုင်ပါတယ်နော် ။ သြင်္ကန်သီချင်းလေး တစ်ပုဒ်ဖြစ်ပြီး ရာသီစာ သီချင်းအနေနဲ့ ထွက်ရှိလာခဲ့တာဖြစ်ပြီး အနုပညာခြေလှမ်းတွေ ကျဲနေတဲ့ ပွင့်နဒီမောင်နဲ့ အတူ အမိုက်စား သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် ။ ရိုးရိုးသားသားလူကောင်းလေး တစ်ယောက်ဖြစ်ပြီး အရက်မသောက်တတ် ဆေးဝါးမသုံးတတ်တဲ့ သူဖြစ်ကြောင်း ကောင်မလေးကို ပြောပြနေတဲ့ စာသားလေးတွေကို အမိုက်စား အကြမ်းစားရိုက်ကူးမှုတွေနဲ့ ပုံဖော်ထားတာဖြစ်ပါတယ် ။ ကဲ CeleGabar ပရိသတ်ကြီးရေ အနုပညာနဲ့ဝေးကွာနေပြီး ပရိသတ်ရှေ့တကျော့ပြန် ပြန်လာခဲ့တဲ့ ရိုတရဲ့ MTV လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ ပရိသတ်ကြီးရဲ့အမြင်လေးကို မှတ်ချက် ပေးခဲ့ပါဦးနော် ။

Source : Ro Ta
Molly @CeleGabar

scroll to top