တရားစြဲဆိုခံရျပီး အမွဳေၾကာင့္ ခ်ဳပ္ေနွာင္ခံထားရတာ တစ္နွစ္ခန္႕ၾကာျမင့္သြားခဲ့ျပီျဖစ္တဲ့ အဆိုေတာ္ အစၥဏီ

Collage_Fotor202420.png

 

” ငါ့ရင္မွာ အရင္တိုင္း မင္းက ရွင္သန္ေနမွာပဲ၊ တကယ္လို႕ အိမ္မက္ျဖစ္ေနလည္း မနိုးထလိုက္ပါနဲ႕ … “ဆိုတဲ့ သီခ်င္းေလးနဲ႕ စတင္လူသိမ်ားလာခဲ့ျပီး ပရိသတ္ေတြရဲ႕ အားေပးမွုရရွိခဲ့တဲ့ အဆိုေတာ္ အစၥဏီဟာ သၾကၤန္သီခ်င္း၊ MTV နဲ႕ အခ်စ္သီခ်င္းေတြတိုင္းမွာ မပါမျပီးရေလာက္ေအာင္ ေအာင္ျမင္ေနရာ ရရွိေနျပီျဖစ္ပါတယ္။

 

သူ႕ရဲ႕ ခ်စ္သူေဟာင္းျဖစ္သူ ေမာ္ဒယ္လ္ စူးရွထက္ နဲ႕ ကေတာက္ကဆ တခ်ိဳ႕ ျဖစ္ခဲ့ျပီးေနာက္ ေမာ္ဒယ္လ္ စူးရွထက္ က အစၥဏီကို မုဒိန္းမွု၊ ကိုယ္ထိလက္ေရာက္ နာက်င္ေစမွုေတြ အပါအ၀င္ စုစုေပါင္း အမွု(၃) ခုနဲ႕ တရားစြဲဆိုထားခဲ့တာျဖစ္ပါတယ္။ ဒီအမွုကို စစ္ေဆးေနခဲ့တာဟာ လက္ရွိမွာ တစ္နွစ္ခန္႕မွ် ၾကာျမင့္ခဲ့ျပီျဖစ္ျပီး ဒီအမွုေၾကာင့္နဲ႕ အဆိုေတာ္ အစၥဏီဟာ အမွုစစ္ေဆး ခ်ဳပ္ေနွာင္ခံေနရထားရတာဟာ အလုပ္ပ်က္၊ အခ်ိန္ကုန္နဲ႕ အေတာ္ေလးကို ေနွာင့္ေနးေနေစျပီျဖစ္ပါတယ္။

အဆိုေတာ္ အစၥဏီကေတာ့ “ခုၾကန္႕ၾကာေနတာက တရားလို(စူးရွထက္) ဘက္က Complaintေတြ တအားတက္ေနတာေၾကာင့္ ပါ။ ကၽြန္ေတာ္လည္း အရမ္းစိတ္ညစ္ေနပါျပီ။ ဥပေဒလမ္းေၾကာင္းအရ မွန္မွန္ကန္ကန္နဲ႕ ျမန္ျမန္ဆန္ဆန္ပဲ ျဖစ္ေစခ်င္ပါတယ္။တရားလိုဘက္ကိုေတာ့ ဘာမွ ေျပာစရာမရွိေတာ့ပါဘူး ” လို႕ အစၥဏီက ခုလို ေျဖၾကားခဲ့သလို ဒီအမွုကိစၥကို ျမန္ျမန္ျပီးျပတ္ဖို႕ ဆယ္လီကမာၻ ပရိသတ္မ်ားဆုေတာင္းေပးၾကပါဦေးနာ္..။

source:myanmar Celebrity
Khin Mi Mi @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ငါ့ရင်မှာ အရင်တိုင်း မင်းက ရှင်သန်နေမှာပဲ၊ တကယ်လို့ အိမ်မက်ဖြစ်နေလည်း မနိုးထလိုက်ပါနဲ့ … “ဆိုတဲ့ သီချင်းလေးနဲ့ စတင်လူသိများလာခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့တဲ့ အဆိုတော် အစ္စဏီဟာ သြင်္ကန်သီချင်း၊ MTV နဲ့ အချစ်သီချင်းတွေတိုင်းမှာ မပါမပြီးရလောက်အောင် အောင်မြင်နေရာ ရရှိနေပြီဖြစ်ပါတယ်။

သူ့ရဲ့ ချစ်သူဟောင်းဖြစ်သူ မော်ဒယ်လ် စူးရှထက် နဲ့ ကတောက်ကဆ တချို့ ဖြစ်ခဲ့ပြီးနောက် မော်ဒယ်လ် စူးရှထက် က အစ္စဏီကို မုဒိန်းမှု၊ ကိုယ်ထိလက်ရောက် နာကျင်စေမှုတွေ အပါအဝင် စုစုပေါင်း အမှု(၃) ခုနဲ့ တရားစွဲဆိုထားခဲ့တာဖြစ်ပါတယ်။ ဒီအမှုကို စစ်ဆေးနေခဲ့တာဟာ လက်ရှိမှာ တစ်နှစ်ခန့်မျှ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒီအမှုကြောင့်နဲ့ အဆိုတော် အစ္စဏီဟာ အမှုစစ်ဆေး ချုပ်နှောင်ခံနေရထားရတာဟာ အလုပ်ပျက်၊ အချိန်ကုန်နဲ့ အတော်လေးကို နှောင့်နေးနေစေပြီဖြစ်ပါတယ်။

အဆိုတော် အစ္စဏီကတော့ “ခုကြန့်ကြာနေတာက တရားလို(စူးရှထက်) ဘက်က Complaintတွေ တအားတက်နေတာကြောင့် ပါ။ ကျွန်တော်လည်း အရမ်းစိတ်ညစ်နေပါပြီ။ ဥပဒေလမ်းကြောင်းအရ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ပဲ ဖြစ်စေချင်ပါတယ်။တရားလိုဘက်ကိုတော့ ဘာမှ ပြောစရာမရှိတော့ပါဘူး ” လို့ အစ္စဏီက ခုလို ဖြေကြားခဲ့သလို ဒီအမှုကိစ္စကို မြန်မြန်ပြီးပြတ်ဖို့ ဆယ်လီကမ္ဘာ ပရိသတ်များဆုတောင်းပေးကြပါဦေးနာ်..။

 

scroll to top