တေန႔တတျခား ခ်စ္ဖို႔ေကာင္းလာတဲ့ ေတးသံရွင္ ထူးအိမ္သင္ရဲ႕ သမီးေလး မိကြန္ေထာ

Collage_Fotor5852.png

 

နာရီေပၚက မ်က္ရည္စက္မ်ား ၊ အဓိပတိလမ္းက ေျခရာမ်ား ၊ အေမဒုကၡအိုးေလး ကဲ့သလို႔ေသာ သီခ်င္းေကာင္းေလးေတြနဲ႔ ပရိသတ္ေတြရဲ႕ ရင္ထဲကို ယေန႔အထိ ေနရာယူထားႏိုင္သူ အဆိုေတာ္ ၊ ေတးေရးဆရာ ထူးအိမ္သင္ ေခၚ ဦးဌက္ ကို ယေန႔ထိ ပရိသတ္မ်ားေမ့ႏိုင္ၾကမယ္မထင္ပါဘူး။ ဦးင်က္ ကြယ္လြန္ခဲ့တာ (၁၄) ႏွစ္ေက်ာ္ ဝန္းက်င္ ရွိခဲ့ၿပီ ဆိုေပမဲ့လည္း ယေန႔ထိ သူ႔ရဲ႕ သီခ်င္းနဲ႕ ေအာင္ျမင္ေက်ာ္ၾကားမႈ ေတြကတာ့ ရပ္တန႔္သြားျခင္း မရွိဘူးလို႔ ဆိုရမွာပါ။

နံနက္ခင္းအလင္းရဲ႕ ပန္းေလးထက္ကို ပိုေမြးတာ ခ်စ္သမီးေလးရဲ႕ ပါးႏုႏုေလး ေလးျပင္မွာ၊ ငွက္ကေလးမ်ားရဲ႕ ေတးသီခ်င္းထက္ကို ခ်ိဳျမတာ ခ်စ္သမီးေလးရဲ႕ စကားေလးမ်ား ၾကားစဥ္အခါ …” ဆိုတဲ့သီခ်င္းေလးၾကားတိုင္း ဦးငွက္ရဲ႕ ခ်စ္စရာ သမီးေလးကို ျမင္ေယာင္မိၾကမွာပါ။ သူဖန္တီး သီဆိုခဲ့တဲ့ သီခ်င္းေကာင္းေတြအမ်ားႀကီးထဲကမွ သူ႔ရဲ႕သမီးငယ္ေလး မိကြန္ေထာ အတြက္သီဆိုခဲ့တဲ့ ” တုႏႈိင္းမဲ့ ရတနာ ” ဆိုတဲ့ သီခ်င္းေလးဟာ ဖခင္တစ္ေယာက္ရဲ႕ ေမတၱာတရားေတြကို မီးေမာင္းထိုးျပေနတဲ့ သီခ်င္းေကာင္းေလးတစ္ပုဒ္ဘဲျဖစ္ပါတယ္ ။

 

သမီးေလး မိကြန္ေထာဟာ လက္ရွိမွာ အရြယ္ေရာက္လို႕ တေန႕တျခား လွပလာတဲ့ မိန္းမပ်ိဳေလး အျဖစ္ ၾကီးျပင္းလာခဲ့ျပီ ျဖစ္သလို လိမၼာေရးျခားရွိလြန္းတဲ့ သမီးေလးလည္းျဖစ္ပါတယ္။ အေဖကို တမ္းတဲ့ ဖတဆိုးေလးတစ္ေယာက္အေနနဲ႕ သူမ ဖခင္ရဲ႕ ကြယ္လြန္ျခင္းနွစ္ပတ္လည္ နဲ႕ေမြးေန႕ ရက္ေတြတိုင္းမွာ ဖခင္ဂူဗိမၼာန္ထိ သြားေရာက္ ကန္ေတာ့ရွိျပီး လက္ရွိမွာေတာ့ ဦးဌက္ရဲ႕သမီးေခ်ာေလး ဟာ အဂၤလိပ္စာ ေမဂ်ာနဲ႕ ဘြဲ႕ရပညာတတ္ မိန္းကေလးတစ္ေယာက္ျဖစ္တာမို႕ ဦးငွက္ရဲ႕ မ်ိဳးဆက္သစ္ေလးအေၾကာင္း ဆယ္လီကမာၻပရိတသ္ၾကိးအတြက္ ေဖာ္ျပေပးလိုက္ရပါတယ္။

source:Mi khon htaw
Khin Mi Mi @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

နာရီပေါ်က မျက်ရည်စက်များ ၊ အဓိပတိလမ်းက ခြေရာများ ၊ အမေဒုက္ခအိုးလေး ကဲ့သလို့သော သီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ယနေ့အထိ နေရာယူထားနိုင်သူ အဆိုတော် ၊ တေးရေးဆရာ ထူးအိမ်သင် ခေါ် ဦးဌက် ကို ယနေ့ထိ ပရိသတ်များမေ့နိုင်ကြမယ်မထင်ပါဘူး။ ဦးငျက် ကွယ်လွန်ခဲ့တာ (၁၄) နှစ်ကျော် ဝန်းကျင် ရှိခဲ့ပြီ ဆိုပေမဲ့လည်း ယနေ့ထိ သူ့ရဲ့ သီချင်းနဲ့ အောင်မြင်ကျော်ကြားမှု တွေကတာ့ ရပ်တန့်သွားခြင်း မရှိဘူးလို့ ဆိုရမှာပါ။

နံနက်ခင်းအလင်းရဲ့ ပန်းလေးထက်ကို ပိုမွေးတာ ချစ်သမီးလေးရဲ့ ပါးနုနုလေး လေးပြင်မှာ၊ ငှက်ကလေးများရဲ့ တေးသီချင်းထက်ကို ချိုမြတာ ချစ်သမီးလေးရဲ့ စကားလေးများ ကြားစဉ်အခါ …” ဆိုတဲ့သီချင်းလေးကြားတိုင်း ဦးငှက်ရဲ့ ချစ်စရာ သမီးလေးကို မြင်ယောင်မိကြမှာပါ။ သူဖန်တီး သီဆိုခဲ့တဲ့ သီချင်းကောင်းတွေအများကြီးထဲကမှ သူ့ရဲ့သမီးငယ်လေး မိကွန်ထော အတွက်သီဆိုခဲ့တဲ့ ” တုနှိုင်းမဲ့ ရတနာ ” ဆိုတဲ့ သီချင်းလေးဟာ ဖခင်တစ်ယောက်ရဲ့ မေတ္တာတရားတွေကို မီးမောင်းထိုးပြနေတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဘဲဖြစ်ပါတယ် ။

သမီးလေး မိကွန်ထောဟာ လက်ရှိမှာ အရွယ်ရောက်လို့ တနေ့တခြား လှပလာတဲ့ မိန်းမပျိုလေး အဖြစ် ကြီးပြင်းလာခဲ့ပြီ ဖြစ်သလို လိမ္မာရေးခြားရှိလွန်းတဲ့ သမီးလေးလည်းဖြစ်ပါတယ်။ အဖေကို တမ်းတဲ့ ဖတဆိုးလေးတစ်ယောက်အနေနဲ့ သူမ ဖခင်ရဲ့ ကွယ်လွန်ခြင်းနှစ်ပတ်လည် နဲ့မွေးနေ့ ရက်တွေတိုင်းမှာ ဖခင်ဂူဗိမ္မာန်ထိ သွားရောက် ကန်တော့ရှိပြီး လက်ရှိမှာတော့ ဦးဌက်ရဲ့သမီးချောလေး ဟာ အင်္ဂလိပ်စာ မေဂျာနဲ့ ဘွဲ့ရပညာတတ် မိန်းကလေးတစ်ယောက်ဖြစ်တာမို့ ဦးငှက်ရဲ့ မျိုးဆက်သစ်လေးအကြောင်း ဆယ်လီကမ္ဘာပရိတသ်ကြိးအတွက် ဖော်ပြပေးလိုက်ရပါတယ်။

scroll to top