လက်သစ် ကျောင်းအမကြီးဝိသာခလို့ တင်စားရလောက်အောင် ရဟန်း၊ ရှင်သာမဏေ၊ သီလရှင် အပါး (၈၀၀) ကျော်တို့ရဲ့ အလှူ့ရှင်မကြီးအဖြစ် သာသနာဘောင်သွတ်သွင်းပေးမဲ့ မင်းသမီး နန္ဒလှိုင်

Collage_Fotor42412.jpg

 


 


 

 



source: Zay Thiha
Khin Mi Mi @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီဆုပိုင်ရှင် မင်းသမီးချော နန္ဒလှိုင်ဟာ တစ်ချိန်က လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သူ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ အိမ်ထောင်မှုနိုင်နှင်းတဲ့ သမီးလေး(၃)ယောက်ရဲ့ မိခင်တစ်ယောက်အဖြစ် အကောင်းဆုံး ကြိုးစားနေသူဖြစ်ပါတယ်။

သူမ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေ ကျဲသွားပေမဲ့လည်းတစ်ချိန်က မလုပ်ဖြစ်တော့တဲ့ အနုပညာအလုပ်တွေအစား ပြည်သူလူထုနဲ့ ဘာသာရေး၊ သာသနာရေး ကုသိုလ်ဘက်ကို သူမရဲ့ ခင်ပွန်းနဲ့အတူ သိန်းထောင်ချီမက တစ်ကြိမ်ပြီးတစ်ကြိမ် အကုန်ကျခံလို့ လက်မနှေးလောက်အောင် လှူဒါန်းမှုတွေကို ရက်ရက်ရောရောနဲ့ အထူးပြုလုပ်နေဖြစ်ပါတယ်။

လက်ရှိမှာလည်း နန္ဒလှိုင် နဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူ ဦးဇေသီဟနဲ့ အတူ ရဟန်း၊ ရှင်သာမဏေ၊ သီလရှင် အပါး (၈၀၀) ကျော်တို့အား သာသနာ့ဘောင်သို့သွတ်သွင်းချီးမြှင့်လှူဒါန်းပေးမဲ့ ပဓါနဒါယကာပြုသည့် ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာ အခမ်းအနားကို အလှူကြီး၊ အလှူ့မ နေရာကနေ အကောင်းဆုံးပံ့ပိုးကာ လှူဒါန်းမှာမို့ တကယ်ကို မွန်မြတ်လှတဲ့ နန္ဒလှိုင်တို့ မိသားစုရဲ့ အလှူလေးကို သာဓုခေါ်ဖို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။

scroll to top