အကောင်းဆုံး ခေါင်းဆောင်မင်းသားတစ်ယောက် အနေနဲ့ အထူးဆုရရှိခဲ့ပြန်တဲ့ နေတိုး

Collage_Fotor6386.png

အကောင်းဆုံး ခေါင်းဆောင်မင်းသားတစ်ယောက် အနေနဲ့ အထူးဆုရရှိခဲ့ပြန်တဲ့ နေတိုး




 

source: MNTV
Khin Mi Mi @CeleGabar
ယူနီကုဒ် ဖတ်ရန်

လက်ရှိမှာ တော့ မင်းသားချောနေတိုးဟာ သူရဲ့ မွေးရပ်ဇာတိမြေဖြစ်တဲ့ ရခိုင်ပြည်နယ်ကို အလှူပြုလုပ်ဖို့ အတွက်ပြန်ရောက်ရှိနေတာဖြစ်ပြီး ဒီနေ့ Star Awards ပွဲကို တက်ရောက်နိုင်ခဲ့ခြင် းမရှိပေမဲ့လည်း ဒီနေ့မှာတော့ ပရိသတ်တွေ အတွက် အထူးဆုတစ်ဆုကိုဆွတ်ခူးရရှိခဲ့ပြီဖြစ်ပါတယ်။

တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ခေါင်းဆောင် မင်းသား ဆု best Actor in Leading Role (Male) ဆုကို ရရှိခဲ့တာဖြစ်ပြီး မင်းသားနေတိုးဟာ ဒီဇာတ်လမ်းမှာ ဘဝဇာတ်လမ်းဇာတ်အိမ် နှစ်ခုနဲ့ သရုပ်ဆောင်ထားပါတယ်။

အတိတ်မေ့နေတဲ့ ကိုသက်တန့် အဖြစ်တလှည့်၊ ထက်မြက်ပြီး ပညာတတ်တဲ့ ဆရာဝန် Dineal အဖြစ် သရုပ်ဆောင် ခဲ့တဲ့ မင်းသားချောနေတိုးဟာ ခုလို အထူးဆု တစ်ခုကို ရရှိခဲ့တာဖြစ်ပြီး ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ကျေနပ်နေမယ်လို့ ထင်ပါတယ်နော်..။

source: MNTV
Khin Mi Mi @CeleGabar

scroll to top