ပရိသတ်တွေ မျှော်လင့်ခဲ့တဲ့အတိုင်း အကောင်းဆုံး ဒါရိုက်တာဆုကိုရရှိခဲ့ပြီဖြစ်တဲ့ ခရစ္စတီးနားခီ

Collage_Fotor57.png

 

 


 


 


 

source: MNTV
Khin Mi Mi @CeleGabar
ယူနီကုဒ် ဖတ်ရန်

မျိုးဆက်သစ် ရုပ်ရှင်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားကြီး နှစ်ကားဖြစ်တဲ့ “ဥပါယ်တံမျဉ်” နဲ့ ” မုဒြာရဲ့ ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကား ဟာ တစ်နှစ်တာအတွင်း ရုံတင်ပြသငွေ အများဆုံးရရှိခဲ့သော ရုပ်ရှင်ဇာတ်ကားကြီးတွေထဲက အပါအဝင်ဖြစ်ပါတယ်။

လူကြိုက်အများဆုံး ရုပ်ရှင်ကြီး နှစ်ကားအဖြစ် ပရိသတ်အချစ်ကို သိမ်းပိုက်ရရှိခဲ့တဲ့ ခီမောင်နှံဟာ သူတို့ရဲက အနုပညာသက်တမ်း အစပိုင်းမှာ အနှောင့်အယှက်၊ အတိုက်အခိုက်တချို့ နဲ့ကြုံတွေ့ခဲ့ရသလို ဒီနှစ်မှာလည်ပရိသတ်တွေ အရမ်းကို မျှော်လင့်နေတဲ့ကြားက အကယ်ဒမီဆုကြီးတွေနဲ့ လွဲချော်ခဲ့ရတာမို့ ပရိသတ်တွေ သိပ်ကို စိတ်မကောင်းဖြစ်ခဲ့ရတာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ (၂၀၁၈) ခုနှစ်ရဲ့ Star Awards ဆုပေးပွဲ ကြီးမှာ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီး နဲ့ ခရစ္စတီးနားခီဟာ သူမအတွက် အကောင်းဆုံး ဒါရိုက်တာဆုကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေ အရမ်းကို မျှော်လင့်ထားတဲ့ အတိုင်း ရရှိခဲ့ပြီမို့ပျော်မယ် ထင်ပါတယ်နော်.. ပရိသတ်ကြီးရေ… ။

 

scroll to top