
1-6.png


 


 


 

source: thet tun Zaw
khin @CeleGabar
ယူနီကုဒ်ဖြင့် ဖတ်ရန်

 

Star Fairyတွေထဲကအပေါ်လွင်ဆုံးနဲ့နှုတ်ခမ်းနီမလေးတွေအရမ်းစိတ်ဝင်စားနေတဲ့မော်ဒယ်လေး

STAR AWARD ပွဲမှာStar fairyအဖြစ်ပါဝင်ဝဆင်နွှဲသောမောင်မယ်လေးများထဲမှ နံပါတ်စဉ် (၃) အဖြစ်ပါဝင်ဆင်နွှဲသောမော်ဒယ်လ်တစ်ယောက် ဖြစ်ပါတယ်။သူကတော့အနုပညာနာမည်အနေနဲ့Tripleဖြစ်ပြီး နာမည်အရင်းအနေနဲ့သက်ထွန်းဇော်ဖြစ်တယ်လို့သိရပါတယ်။ကိုရီးယားမင်းသားနီးပါးချောပီးသန့်နေသောသူကတော့ စံကားဝါသရုပ်ဆောင်သင်တန်းမှာတက်ရောက်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာ (၂၁) နှစ်သာ ရှိသေးတဲ့ TRIPLE လေးကတော့ (၁၉၉၇)ခုနှစ်၊ ဒီဇင်ဘာလ(၂၉) ရက်နေ့မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့ ကိုယ်ပိုင်အချိန်နဲ့ အားအပ်ချိန်တွေမှာ ဘောလုံးကန်ခြင်း၊ ဂစ်တာတီးခြင်းတွေကို ပြုလုပ်ရတာ နှစ်သက်တဲ့ လူငယ်ငယ်လေးတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ နောက်ထပ် ဝါသနာတွေထဲက တစ်ခုဖြစ်တဲ့ သရုပ်ဆောင်အလုပ်ကို တော့ အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပြီး သူ့ရဲ့ Idol တွေကတော့ ကို နေတိုး နဲ့ကို မြင့်မြတ်တို့တယ်လို့သိရပါတယ်။

ကိုယ်ခန္ဓာအချိုးအစားပြေပြစ်ဖို့အတွက် GYM ကစားကာ လေ့ကျင်ထိန်းသိမ်းနေသူတစ်ယောက်ဖြစ်ပြီး ဖက်ရှင်ကျကျဝတ်စားပြင်ဆင်တတ်တဲ့ လူချောလေးတစ်ဦးဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ TRIPLE ဆိုတဲ့ လူချောလေးကိုဝန်းရံပေးကြမှာလား…။

source: thet tun Zaw
khin @CeleGabar

scroll to top