အကယ်ဒမီဆုလိုချင်တိုင်း ရုပ်ရှင်မရိုက်ပါနဲ့ လို့ စေတနာစကားလေးပြောကြားလိုက်တဲ့ အကောင်းဆုံး ဒါရိုက်တာဆုရှင် ခရစ္စတီးနားခီ
Collage_Fotorl442.jpg
မျိုးဆက်သစ်လူငယ် ရုပ်ရှင်ပညာရှင်တစ်ယောက်အနေနဲ့ ပထမဆုံးသော နိုင်ငံတကာ စံချိန်မီရုပ်ရှင်ဇာတ်ကားကြီး တွေကို ချပြနိုင်သူ အမျိုးသမီး ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ခရစ္စတီနားခီဟာ သူမရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားဖြစ်ခဲ့တဲ့ ” ဥပါယ်တံမျဉ် “နဲ့ “မုဒြာရဲ့ခေါ်သံ “ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားဖြင့် ပွဲဦးထွက် စံချိန်မီရုပ်ရှင်ကားတွေ အဖြစ် ပရိသတ်ရဲ့ အားပေးမှုအခိုင်အမာ စတင်ရရှိခဲ့တာဖြစ်ပါတယ်။
Christina Kyi
ရုပ်ရှင်ရိုက်လို့ ရှိရင် အနုပညာသမားတွေကို အကယ်ဒမီလိုချင်ရင် အမနဲ့ မရိုက်ပါနဲ့ လို့  ပြောခဲ့တဲ့  Star Awards ရဲ့  အကောင်းဆုံးဒါရိုက်တာဆုရှင်ခရစ္စတီးနားခီ..#ChristinaKyi#ZennKyi#StarAwards#CG#CeleGabar
Posted by Cele Gabar on Saturday, April 6, 2019
source: CeleGabar
Khin Mi Mi@CeleGabar
ယူနီကုဒ်ဖြင့် ဖတ်ရန်
မျိုးဆက်သစ်လူငယ် ရုပ်ရှင်ပညာရှင်တစ်ယောက်အေနေနဲ့ ပထမဆုံးသော နိုင်ငံတကာ စံချိန်မီရုပ်ရှင်ဇာတ်ကားကြီး တွေကို ချပြနိုင်သူ အမျိုးသမီး ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ခရစ္စတီနားခီဟာ သူမရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားဖြစ်ခဲ့တဲ့ ” ဥပါယ်တံမျဉ် “နဲ့ “မုဒြာရဲ့ခေါ်သံ “ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားဖြင့် ပွဲဦးထွက် စံချိန်မီရုပ်ရှင်ကားတွေ အဖြစ် ပရိသတ်ရဲ့ အားပေးမှုအခိုင်အမာ စတင်ရရှိခဲ့တာဖြစ်ပါတယ်။
သူမရဲ့ စည်းစနစ်ကျလှတဲ့ ရုပ်ရှင်ပညာတွေကို နိုင်ငံတကာထိ ထိုးဖောက်နိုင်ဖို့ အတွက် အမေရိကနိုင်ငံထိ ရုပ်ရှင်ပညာသွားရောက်တင်ယူခဲ့တာဖြစ်ပြီး ခရစ္စတီးနားခီဟာ သူမရဲ့ ထုတ်လုပ်ရေးကနေ တစ်နှစ်မှာ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားနှုန်းနဲ့သာ အရည်အသွေးပြည့်မီအောင် ရိုက်ကူးထုတ်လုပ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အင်အားကောင်းကောင်းနဲ့ ပရိသတ်အခိုင်အမာ ရရှိခဲ့ပြီဖြစ်သော်လည်း အမြင်မတူတဲ့ ဝေဖန်မှု၊ နဲ့ အတိုက်အခိုက်တွေကို ဆက်တိုက်ကြုံခဲ့ရပြီး ပရိသတ်တွေ အရမ်းမေ ျှာ်လင့်နေတဲ့ ကြားက သူမရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားကြီးနှစ်ကား နိုင်ငံတကာရုပ်ရှင်ပြပွဲတွေမှာ ဆုတွေ များစွာ ရရှိခဲ့သော်လည်း မြန်မာနိုင်ငံမှာတော့ အကယ်ဒမီဆု တစ်ဆုတောင် မရရှိခဲ့တာကြောင့် ပရိသတ်တွေကြားမှာ အတော်လေးပွဲဆူစရာဖြစ်ခဲ့ရပါတယ်။
မနေ့က ကျင်းပခဲ့တဲ့ Star Awards 2018 ဆုပေးပွဲကြီးမှာတော့ ဒါရိုက်တာ ခရစ္စတီးနားခီဟာ သူမရိုက်ကူးခဲ့တဲ့ “ဥပါယ်တံမျဉ်”ရုပ်ရှင် ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆု ( Best Director Award ) ကို ဆွတ်ခူးရရှိခဲ့ပြီး ဒီဆုကို ရရှိဖို့ သူမအနေနဲ့ ကြိုတင်မျှော်လင့်ထားခြင်း မရှိသလို ဘယ်လိုစံချိန်စံနှုန်းနဲ့ ဆုတွေပေးတာလည်းဆိုတာ သိချင်ရုံ သက်သက် တက်ရောက်ခဲ့ခြင်းတာဖြစ်ပါတယ်။ ” အမရဲ့ သရုပ်ဆောင်တွေတော်တော်များများကို အကယ်ဒမီလိုချင်တိုင်း ရုပ်ရှင်မရိုက်နဲ့ လို့ အမ ဆိုခဲ့ဖူးတယ်။ တွေ့နေကျပုံစံတွေနဲ့ပြောင်းလဲရိုက်ကူးခဲ့တော့ ဆုပေးနေကျပုံစံတွေနဲ့ ခွဲထွက်သွားတယ်။ ကိုယ့်ကားမှ မဟုတ်ပါဘူး။ ကြိုးစားတဲ့ သူတိုင်းကို အမက ရစေချင်ပါတယ်။ အကယ်ဒမီပေးပွဲ နဲ့ Star Awards ကတော့ ဘာမှတော့ သိပ်မကွာပါဘူး “လို့ ဆိုထားတာမို့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ.. ရုပ်ရှင်ကောင်းဆိုတာ အကယ်ဒမီဆုရမှ အကောင်းဆုံးလို့ ထင်ပါသလား အကဲဖြတ်ပေး သွားကြပါဦးနော်…။
source: CeleGabar
Khin Mi Mi@CeleGabar
scroll to top