
11.jpg


 

 

 



Molly @CeleGabar

ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ပျားရည်အိုင်ဇာတ်ကားနဲ့ ဆုရခဲ့တဲ့ မေမီကိုကိုရဲ့ ရင်ခုန်သံအပိုင်းအစများ

မကြာသေးမီကမှ Star Awards ဆုပေးပွဲကြီးကို ကျင်းပပြီး ပရိသတ်ရင်ဘတ်နဲ့ ထပ်တူညီတဲ့ ဆုတွေကို အနုပညာရှင်တွေ အသီးသီးက ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ Star Awards ဆုပေးပွဲကြီးမှာ ရုပ်သံဇာတ်လမ်းတွဲ ထဲက အကောင်းဆုံး သရုပ်ဆောင်ဆုတွေကိုလည်း ပေးအပ်ခဲ့ရာ ပရိသတ်တွေ အရမ်းကိုချစ်ခင်အားပေးခဲ့ကြတဲ့ မြိုင်ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေမုန်းအောင် သရုပ်ဆောင်ပီပြင်လွန်းခဲ့တဲ့ မေမီကိုကိုက အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ် ။ သူမကတော့ အနယ်နယ်အရပ်ရပ်က သူမကိုချစ်ခင်အားပေးနေတဲ့ ပရိသတ်ကြီးအတွက် ဆုလေးတစ်ခု ဆွတ်ခူးနိုင်ခဲ့ပါပြီ ပရိသတ်ကြီးရေ ..။

ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သူမအနေနဲ့ အခက်ခဲဆုံးအပိုင်းတွေကတော့ အသက်ကြီးလာတဲ့အခန်းရယ် နောက်ဆုံး ရောဂါရနေတဲ့ အခန်းရယ် နိုင်ငံခြားသားတွေနဲ့ စကားပြောရတဲ့အခန်းရယ် က အရမ်းကို ခက်ခဲခဲ့တယ်လို့ ဆိုပါတယ် ။ နောက်နှစ်တွေမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေအတွက် ဇာတ်ပို့ဆုတွေကိုလည်း ပေးစေချင်ပါတယ် လို့ မေမီ က ပြောပြခဲ့ပါတယ် ။ မေမီ ဒီထက်မက ကြိုးစားသွားဦးမှာမလို့ ပရိသတ်ကြီးကလည်း ဒီထက်မက အားပေးပါဦးလို့လည်း မေမီက တောင်းဆိုထားပါတယ် ။ မြိုင့်ကို ချစ်တဲ့ CeleGabar ပရိသတ်ကြီးရေ .. မြိုင်အတွက် ဂုဏ်ပြုစကားလေးတွေ ရေးပေးခဲ့ပါဦးနော် ။

Source : Exclusive on CeleGabar
Molly @CeleGabar

 

scroll to top