ဆုဖြြင့္ဖတ္ေပးမဲ့ သူနဲ႕ ဆုတက္ယူမဲ့သူရွိမွ ရွိပါ့မလားလို႕ ရင္တမမနဲ႕ အစီအစဥ္တင္ဆက္ခဲ့ရတယ္လို႕ဆိုတဲ့ ဦးရိုင္း

Collage_Fotor242.png

 

ဟာသလူရႊင္ေတာ္၊သရုပ္ေဆာင္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးျခင္းကို ရရွိထားတဲ့ ဦးအရိုင္းကေတာ့ အနုပညာေလာကမွာ ျဖတ္သန္းလာတဲ့ နွစ္ထမ္းအေတြ႕အၾကံဳမနည္းေတာ့သလို က်ရာအနုပညာအခန္းတိုင္းမွာ အေကာင္းဆံုး ကူညီပံပိုးနိုင္သူတစ္ဦးလည္းျဖစ္ပါတယ္။

သရုပ္ေဆာင္တစ္ဦးအျဖစ္သာ မက လက္ရွိမွာ အစီအစဥ္တင္ဆက္သူ တစ္ဦးအျဖစ္ ဦးရိုင္းဟာ မေန႕က က်င္းပခဲ့တဲ့ Star Awards 2018 ဆုေပးပြဲ မွာ အနုပညာရွင္၊ အတတ္ပညာရွင္ေတြအတြက္ Star Awards မွ ဆုေပါင္း(၂၀) ေက်ာ္ ခ်ီးျမင့္ေပးခဲ့ျပီး ဆုတစ္ဆုကို ခ်ီးျမင့္ေၾကျငာဖို႕ အနုပညာရွင္တခ်ိဳ႕ကို ဖိတ္ေခၚစဥ္ ပြဲကိုတက္ေရာက္ေသာ္လည္း ဖြင့္ဖတ္ေၾကျငာေပးျခင္း မျပဳသူေတြလည္း ရွိသလို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဆုရရွိေသာ္လည္း ပြဲကို တက္ေရာက္ခဲ့ျခင္း မရွိတဲ့ အနုပညာရွင္ေတြလည္း အလြန္ကို မ်ားခဲ့တာျဖစ္ပါတယ္။

Star Awards ပြဲကို မစတင္ခင္မွာ အနုပညာရွင္ေတြကို ဆုခ်ီးျမင့္ဖို႕ SMS Voting စနစ္(၁၅) က်ပ္ျဖင့္ ျပဳလုပ္ခဲ့တာေၾကာင့္ ပရိသတ္ေတြအေနနဲ႕ ေငြကုန္ေၾကးခံရမဲ့အေရးအတြက္ အနုပညာရွင္ေတာ္ေတာ္မ်ားမ်ား Star Awards ပြဲမွ နုတ္ထြက္ခဲ့ျပီး ပြဲတက္ေရာက္သူ အနုပညာရွင္ ထင္တာထက္ ပိုနည္းခဲ့ပါတယ္။ ဒါေၾကာင့္လည္း အစီအစဥ္တင္ဆက္သူ ဦးရိုင္းအေနနဲ႕ ဆုတစ္ဆုေၾကညာတိုင္း ရင္ေလးခဲ့ရသလို “တင္ဆက္သူလုပ္လာသမွ် ဒီပြဲက်မွ ဆုဖြင့္ဖတ္ေပးသူ ရွိပါ့မလား၊ ဆုယူသူရွိမွ ရွိပါ့မလား လို႕ ရင္တမမနဲ႕ ျဖစ္ေနရတယ္” လို႕ ဦးရိုင္းက ဆိုလိုက္တာျဖစ္တာမို႔ Star Awards နဲ႕ ပတ္သက္လို႕ ဆယ္လီကမာၻပရိသတ္ၾကီးရဲ႕ အျမင္မ်ားေျပာသြားပါဦးေနာ္…။

source: Aung Than Oo
Khin Mi Mi@CeleGabar
ယူနီကုဒ္ျဖင့္ ဖတ္ရန္

ဟာသလူရွှင်တော်၊သရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို ရရှိထားတဲ့ ဦးအရိုင်းကတော့ အနုပညာလောကမှာ ဖြတ်သန်းလာတဲ့ နှစ်ထမ်းအတွေ့အကြုံမနည်းတော့သလို ကျရာအနုပညာအခန်းတိုင်းမှာ အကောင်းဆုံး ကူညီပံပိုးနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။

သရုပ်ဆောင်တစ်ဦးအဖြစ်သာ မက လက်ရှိမှာ အစီအစဉ်တင်ဆက်သူ တစ်ဦးအဖြစ် ဦးရိုင်းဟာ မနေ့က ကျင်းပခဲ့တဲ့ Star Awards 2018 ဆုပေးပွဲ မှာ အနုပညာရှင်၊ အတတ်ပညာရှင်တွေအတွက် Star Awards မှ ဆုပေါင်း(၂၀) ကျော် ချီးမြင့်ပေးခဲ့ပြီး ဆုတစ်ဆုကို ချီးမြင့်ကြေငြာဖို့ အနုပညာရှင်တချို့ကို ဖိတ်ခေါ်စဉ် ပွဲကိုတက်ရောက်သော်လည်း ဖွင့်ဖတ်ကြေငြာပေးခြင်း မပြုသူတွေလည်း ရှိသလို အကြောင်းအမျိုးမျိုးကြောင့် ဆုရရှိသော်လည်း ပွဲကို တက်ရောက်ခဲ့ခြင်း မရှိတဲ့ အနုပညာရှင်တွေလည်း အလွန်ကို များခဲ့တာဖြစ်ပါတယ်။

Star Awards ပွဲကို မစတင်ခင်မှာ အနုပညာရှင်တွေကို ဆုချီးမြင့်ဖို့ SMS Voting စနစ်(၁၅) ကျပ်ဖြင့် ပြုလုပ်ခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ ငွေကုန်ကြေးခံရမဲ့အရေးအတွက် အနုပညာရှင်တော်တော်များများ Star Awards ပွဲမှ နုတ်ထွက်ခဲ့ပြီး ပွဲတက်ရောက်သူ အနုပညာရှင် ထင်တာထက် ပိုနည်းခဲ့ပါတယ်။ ဒါကြောင့်လည်း အစီအစဉ်တင်ဆက်သူ ဦးရိုင်းအနေနဲ့ ဆုတစ်ဆုကြေညာတိုင်း ရင်လေးခဲ့ရသလို “တင်ဆက်သူလုပ်လာသမျှ ဒီပွဲကျမှ ဆုဖွင့်ဖတ်ပေးသူ ရှိပါ့မလား၊ ဆုယူသူရှိမှ ရှိပါ့မလား လို့ ရင်တမမနဲ့ ဖြစ်နေရတယ်” လို့ ဦးရိုင်းက ဆိုလိုက်တာဖြစ်တာမို့ Star Awards နဲ့ ပတ်သက်လို့ ဆယ်လီကမ္ဘာပရိသတ်ကြီးရဲ့ အမြင်များပြောသွားပါဦးနော်…။

source: Aung Than Oo
Khin Mi Mi@CeleGabar

scroll to top