အိပ္ယာထဲလဲကာဖ်ားသြားတဲ့ထိ အရိုးထဲစိမ္႔ေအာင္ နာတယ္ဆိုတဲ့ သူမရဲ႕တင္ပါးနားက အနီေရာင္နွင္းဆီတက္တူးအေၾကာင္းေျပာျပလာတဲ့ သင္ဇာ

Collage_Fotor5204.png

 

Sexy Model တစ္ေယာက္ျဖစ္သလို Sexy အက်ဆံုး မင္းသမီးတစ္ေယာက္လည္းျဖစ္တဲ့ သင္ဇာ၀င့္ေက်ာ္ကေတာ့ လတ္တေလာ အနုပညာေလာကမွာ ပြဲတစ္ခုတက္ေရာက္လာတိုင္း မရိုးနိုင္ေအာင္ မ်က္လံုးျပဴးသြားရမဲ့ ဖက္ရွင္ဆန္းေတြကိုပဲ ၀တ္ဆင္ေလ႕ရွိသူပါ။ သူမ စိတ္ထဲ ရွိသလို လြတ္လြတ္လပ္လပ္၊ ေပါ့ေပါ့ပါးပါး ေနထိုင္တတ္ျပီး တျခား မိန္းကေလးေတြနဲ႕ မတူ တမူထူးျခားတာေလးတစ္ခုကေတာ့ သူၾကိုက္နွစ္သက္မယ္၊ စိတ္ခ်မ္းသာမယ္ဆိုရင္ ဘယ္သူမွ ထိခိုက္မဲ့ အလုပ္မ်ိဳး မဟုတ္တဲ့ ကိုယ္႕ဘ၀ကိုယ္ စိတ္ထဲရွိသလို ေနတတ္ျခင္းပဲ ျဖစ္ပါတယ္။

 

သုညအမွတ္ေလာက္ေအးေနတဲ့ ေရခဲေတာင္ေပၚလို ေနရာမ်ိဳး။ လူအရမ္းမ်ားတတ္တဲ့ ကမ္းေျခလို ေနရာမ်ိဳး ၊ ေတြမွာ သူမကို္ယ္သူမ စိန္ေခၚတဲ့ အေနနဲ႕ အေပၚပို္င္းအက်ၤီမပါပဲ ေက်ာေပးကာ ဓာတ္ပံုရိုက္ျပီး သူမရဲ႕ လူမွုကြန္ရက္ကေန မွ်ေ၀လိုက္တာမ်ိဳးတို႕ဟာ ျမန္မာနိုင္ငံရဲ႕ ပရိသတ္ ေတြၾကားမွာ တခါမွ မၾကံဳဖူးေသးတာမို႕ ပြဲဆူခဲ့ရျပီး ေ၀ဖန္သူတခ်ို႕ နဲ႕ အားေပးသူ စသျဖင့္ ၾကံဳရစျမဲျဖစ္ပါတယ္။

 

လတ္တေလာမွာေတာ့ သူမရဲ႕ ခါးေစာင္း နဲ႕ တင္ပါးအနီးမွာ အနီေရာင္နွင္းဆီပြင့္ေတြပါ၀င္တဲ့ တက္တူးအၾကီးစားတစ္ခုထိုးလိုက္ျပီး ဒီတက္တူးကို ထိုးခဲ့တဲ့အခါမွာလည္း အရိုးထဲစိမ္႕ေအာင္ နာက်င္တဲ့ျပင္ ထိုးျပီးတဲ့ေနာက္မွာလည္း ဖ်ားေတာင္ဖ်ားသြားခဲ့ရတယ္လို႕ဆိုပါတယ္။ “နွင္းဆီက သင္ဇာအၾကိဳက္ဆံုး ေနာက္ အနီကလည္း သင္ဇာအၾကိဳက္ဆံုးဆိုေတာ့၊ အၾကံေလးရတုန္း ထိုးျဖစ္တာပါ။ ဒီတစ္ေခါက္ဟာ ေတာ္ေတာ္နာတယ္။ အရိုးထဲက စိမ္႕ျပီနာတာ။ တစ္ခါတည္းေတာ့ ျပီးေအာင္ ထိုးလိုက္တယ္။ ေနာက္ထပ္ထပ္ထိုးဖို႕လည္းရွိေသတးယ္။ ပခံုးေပၚက တစ္ဖက္က အေဖ ေမြးေန႕၊ အေမ႕ေမြးေန႕။ တက္တူးထိုးထားတဲ့ ေယာက်္ားေလးေတြ၊ မိန္းကေလး ေတြကို သေဘာက်တယ္။ “လို႕ သူမရဲ႕ လြတ္လပ္ပြင့္လင္းတဲ့ အျမင္ေလးေတြကို ဆယ္လီကမာၻ ပရိသတ္ၾကိးအတြက္ ခုလိုမွ်ေ၀လိုက္ရပါတယ္ေနာ္..။

source: myanmar Celebrity
Khin Mi Mi@CeleGabar
ယူနီကုဒ္ျဖင့္ ဖတ္ရန္

Sexy Model တစ်ယောက်ဖြစ်သလို Sexy အကျဆုံး မင်းသမီးတစ်ယောက်လည်းဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ လတ်တလော အနုပညာလောကမှာ ပွဲတစ်ခုတက်ရောက်လာတိုင်း မရိုးနိုင်အောင် မျက်လုံးပြူးသွားရမဲ့ ဖက်ရှင်ဆန်းတွေကိုပဲ ဝတ်ဆင်လေ့ရှိသူပါ။ သူမ စိတ်ထဲ ရှိသလို လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး နေထိုင်တတ်ပြီး တခြား မိန်းကလေးတွေနဲ့ မတူ တမူထူးခြားတာလေးတစ်ခုကတော့ သူကြိုက်နှစ်သက်မယ်၊ စိတ်ချမ်းသာမယ်ဆိုရင် ဘယ်သူမှ ထိခိုက်မဲ့ အလုပ်မျိုး မဟုတ်တဲ့ ကိုယ့်ဘဝကိုယ် စိတ်ထဲရှိသလို နေတတ်ခြင်းပဲ ဖြစ်ပါတယ်။

သုညအမှတ်လောက်အေးနေတဲ့ ရေခဲတောင်ပေါ်လို နေရာမျိုး။ လူအရမ်းများတတ်တဲ့ ကမ်းခြေလို နေရာမျိုး ၊ တွေမှာ သူမကိုယ်သူမ စိန်ခေါ်တဲ့ အနေနဲ့ အပေါ်ပိုင်းအင်္ကျီမပါပဲ ကျောပေးကာ ဓာတ်ပုံရိုက်ပြီး သူမရဲ့ လူမှုကွန်ရက်ကနေ မျှဝေလိုက်တာမျိုးတို့ဟာ မြန်မာနိုင်ငံရဲ့ ပရိသတ် တွေကြားမှာ တခါမှ မကြုံဖူးသေးတာမို့ ပွဲဆူခဲ့ရပြီး ဝေဖန်သူတချို့ နဲ့ အားပေးသူ စသဖြင့် ကြုံရစမြဲဖြစ်ပါတယ်။

လတ်တလောမှာတော့ သူမရဲ့ ခါးစောင်း နဲ့ တင်ပါးအနီးမှာ အနီရောင်နှင်းဆီပွင့်တွေပါဝင်တဲ့ တက်တူးအကြီးစားတစ်ခုထိုးလိုက်ပြီး ဒီတက်တူးကို ထိုးခဲ့တဲ့အခါမှာလည်း အရိုးထဲစိမ့်အောင် နာကျင်တဲ့ပြင် ထိုးပြီးတဲ့နောက်မှာလည်း ဖျားတောင်ဖျားသွားခဲ့ရတယ်လို့ဆိုပါတယ်။ “နှင်းဆီက သင်ဇာအကြိုက်ဆုံး နောက် အနီကလည်း သင်ဇာအကြိုက်ဆုံးဆိုတော့၊ အကြံလေးရတုန်း ထိုးဖြစ်တာပါ။ ဒီတစ်ခေါက်ဟာ တော်တော်နာတယ်။ အရိုးထဲက စိမ့်ပြီနာတာ။ တစ်ခါတည်းတော့ ပြီးအောင် ထိုးလိုက်တယ်။ နောက်ထပ်ထပ်ထိုးဖို့လည်းရှိသေတးယ်။ ပခုံးပေါ်က တစ်ဖက်က အဖေ မွေးနေ့၊ အမေ့မွေးနေ့။ တက်တူးထိုးထားတဲ့ ယောကျ်ားလေးတွေ၊ မိန်းကလေး တွေကို သဘောကျတယ်။ “လို့ သူမရဲ့ လွတ်လပ်ပွင့်လင်းတဲ့ အမြင်လေးတွေကို ဆယ်လီကမ္ဘာ ပရိသတ်ကြိးအတွက် ခုလိုမျှဝေလိုက်ရပါတယ်နော်..။

source: myanmar Celebrity
Khin Mi Mi@CeleGabar

 

scroll to top