ျမင္သူတိုင္းအားက်ခဲ့တဲ့ မ်ိဳးမင္းစိုးရဲ႕ လက္ရာ သိန္း(၁၅၀၀) တန္ ပလက္တီနမ္ထိုင္မသိမ္း

collage_.jpg

 

မၾကာေသးခင္ရက္ပိုင္းကပဲ ဒီဇိုင္နာ မ်ိဳးမင္းစိုးဖန္တီးမယ့္ သိန္း(၁၅၀၀)တန္ ထိုင္မသိမ္း၀တ္စံုဟာ သတို႕သမီးေတြရဲ႕ ရင္ကို ထိရွေစခဲ့တဲ့ သတင္းတစ္ခုျဖစ္ပါတယ္။ အဖိုုးတန္ထိုင္မသိမ္းကို ၀တ္ဆင္ခြင့္ရမယ့္ သတို႕သမီးေလာင္းေလးအတြက္လည္း မုဒိတာေတြပြားခဲ့ၾကတာပါ ။

မ်ိဳးမင္းစိုုး တစ္ေယာက္ ဒီေန႕မွာေတာ့ သူ႕ရဲ႕ အဖိုးတန္ ၀တ္စံုေလးကို ပရိသတ္ေတြအတြက္ ထုတ္ေဖာ္ျပသလိုက္ပါတယ္။ အင္မတန္ က်က္သေရရွိလာတဲ့ ၀တ္စံုေပၚမွာ အနုစိတ္ ထိုးခ်ဳပ္ထားတဲ့ ေက်ာက္မ်က္ရတနာေတြက တလက္လက္နဲ႕ေပါ့ ။ ၀တ္စံုပိုင္ရွင္ သတို႕သမီးေလးကလည္း အင္မတန္ က်က္သေရရွိတဲ့ အလွ နဲ႕ လွပေနတာကိုေတြ႔ရပါတယ္။ လူမႈကြန္ရက္ အသံုးျပဳေနၾကသူေတြက အဆိုပါ အေၾကာင္းအရာ ကို ေထာင္ေသာင္းမက ျပန္လည္မွ်ေ၀ထားတာ ကိုလည္းေတြ႔ရပါတယ္။

Source- Myo Minn Soe
Nay Madhuri
ယူနီကုဒ္ျဖင့္ဖတ္ရန္

မြင်သူတိုင်းအားကျခဲ့တဲ့ မျိုးမင်းစိုးရဲ့ လက်ရာ သိန်း(၁၅၀၀) တန် ပလက်တီနမ်ထိုင်မသိမ်း

မကြာသေးခင်ရက်ပိုင်းကပဲ ဒီဇိုင်နာ မျိုးမင်းစိုးဖန်တီးမယ့် သိန်း(၁၅၀၀)တန် ထိုင်မသိမ်းဝတ်စုံဟာ သတို့သမီးတွေရဲ့ ရင်ကို ထိရှစေခဲ့တဲ့ သတင်းတစ်ခုဖြစ်ပါတယ်။ အဖိုးတန်ထိုင်မသိမ်းကို ဝတ်ဆင်ခွင့်ရမယ့် သတို့သမီးလောင်းလေးအတွက်လည်း မုဒိတာတွေပွားခဲ့ကြတာပါ ။

မျိုးမင်းစို တစ်ယောက် ဒီနေ့မှာတော့ သူ့ရဲ့ အဖိုးတန် ဝတ်စုံလေးကို ပရိသတ်တွေအတွက် ထုတ်ဖော်ပြသလိုက်ပါတယ်။ အင်မတန် ကျက်သရေရှိလာတဲ့ ဝတ်စုံပေါ်မှာ အနုစိတ် ထိုးချုပ်ထားတဲ့ ကျောက်မျက်ရတနာတွေက တလက်လက်နဲ့ပေါ့ ။ ဝတ်စုံပိုင်ရှင် သတို့သမီးလေးကလည်း အင်မတန် ကျက်သရေရှိတဲ့ အလှ နဲ့ လှပနေတာကိုတွေ့ရပါတယ်။ လူမှုကွန်ရက် အသုံးပြုနေကြသူတွေက အဆိုပါ အကြောင်းအရာ ကို ထောင်သောင်းမက ပြန်လည်မျှဝေထားတာ ကိုလည်းတွေ့ရပါတယ်။

Source- Myo Minn Soe
Nay Madhuri

scroll to top