ပရိသတ္မ်ား လူသိနည္းၾကတဲ့ ျမန္မာနိုင္ငံမွာ ပထမဆံုးက်င္းပခဲ့ေသာ Star Awardsရဲ႕ ဆုတံဆိပ္အေၾကာင္း

Collage_Fotor4242.png

 

Star Awards 2018 ဆုေပးပြဲၾကီးဟာ ျမန္မာနိုင္ငံရဲ႕ ပထမဆံုးက်င္းပခဲ့ေသာ အနုပညာရွင္၊ အတတ္ပညာရွင္ေတြကို ခ်ီးေျမွာက္တဲ့ ပြဲၾကီးတစ္ခုျဖစ္ျပီး အကယ္ဒမီေပးပြဲရဲ႕ အျပင္ ေနာက္ထပ္ထြက္ေပၚလာတဲ့ ဒုတိယ ရင္ခုန္ရမဲ့ ဆုေပးပြဲၾကီးတစ္ခုျဖစ္ပါတယ္။ Star Awards ပြဲႀကီးကိုု ျမန္မာနိုုင္ငံသတင္းစာဆရာအသင္းက ဦးေဆာင္က်င္းပကာ Stellar Seven Entertainment မွစီစဥ္တင္ဆက္ျခင္းျဖစ္ျပီး ျမန္မာ့ရုုပ္ရွင္နွင့္ရုုပ္သံဇာတ္လမ္းတြဲေတြအတြက္
ထူးခြ်န္ဆုုေပးအပ္ေသာ အခမ္းအနားျဖစ္ပါတယ္။

Star Awardsရဲ႕ အမွတ္အသားကေတာ့ ႀကယ္(၇)စင္းမွ ျဖာက်လာေသာ ေရာင္စဥ္အလင္းတန္းျဖစ္ျပီး ထိုအလင္းတန္းမွာ Star Awards ဆုျဖင့္ ဂုဏ္ျပဳအပ္ေသာအနုုပညာရွင္ကို ရွာေဖြျပသေပးမည့္ ေရာင္စဥ္အလင္းတန္းသဖြယ္ကိုယ္စားျပဳတာျဖစ္ပါတယ္။ Star Awardsမွ ခ်ီးျမင့္တဲ့ ဆုတံဆိပ္ကေတာ့ Logo ကိုအေျခခံကာျပဳလုုပ္ထားျခင္းျဖစ္ျပီး ဆုတံဆိပ္၏ အေပၚဖက္ထိပ္ဆုုံးပိုုင္းတြင္ ေထာင့္(၇)ေထာင့္ပါ၀င္သည့္ ခုႏွစ္ေထာင့္ႀကယ္ ပုုံသ႑ာန္ေဖာင္းႀကြျပဳလုပ္ထားတာျဖစ္ပါတယ္။

ထိုု ခုနွစ္ေထာင့္ႀကယ္မွ ျဖာက်လာေသာအလင္းတန္းေရာင္စဥ္မ်ားျဖင့္ မ်က္နွာျပင္ (၇)ခုျဖစ္ေပၚလာရျခင္းျဖစ္ ျပီးTrophy (ဆု)တံဆိပ္ရဲ႕ ေအာက္ေျခပိုုင္းမွာလည္း ခုုနွစ္ေထာင့္ၾကယ္ ကိုသာအေျခ ျပဳျပီးဖန္တီးျပဳလုုပ္ထားျခင္းျဖစ္ပါတယ္။ Trophy ကိုုရရွိမွုု၏အဓိပၺာယ္မွာ ဂုဏ္ျပဳအပ္ေသာအနုုပညာရွင္အေပၚသိုု့ ထာ၀စဥ္ ျဖာကာက်ေရာက္ေနမည့္ ေရာင္စဥ္အလင္းတန္းအဓိပၸာယ္ျဖင့္ မွတ္တမ္းတင္ ေပးအပ္ျခင္းျဖစ္သလို တကယ္ကို ထူးခၽြန္ျပီး ပရိသတ္ရဲ႕ အမွန္တကယ္ အားေပးခ်စ္ခင္ျခင္းကို ရရွိတဲ့ စံျပအနုပညာရွင္ေတြ သာဒီဆုနဲ႕ ထိုက္တန္တယ္လို႕ ဆိုရမွာပါ။

source: Star awards
Khin Mi Mi@CeleGabar
ယူနီကုဒ္ျဖင့္ ဖတ္ရန္

 

 

Star Awards 2018 ဆုပေးပွဲကြီးဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးကျင်းပခဲ့သော အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ချီးမြှောက်တဲ့ ပွဲကြီးတစ်ခုဖြစ်ပြီး အကယ်ဒမီပေးပွဲရဲ့ အပြင် နောက်ထပ်ထွက်ပေါ်လာတဲ့ ဒုတိယ ရင်ခုန်ရမဲ့ ဆုပေးပွဲကြီးတစ်ခုဖြစ်ပါတယ်။ Star Awards ပွဲကြီးကို မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ဦးဆောင်ကျင်းပကာ Stellar Seven Entertainment မှစီစဉ်တင်ဆက်ခြင်းဖြစ်ပြီး မြန်မာ့ရုပ်ရှင်နှင့်ရုပ်သံဇာတ်လမ်းတွဲတွေအတွက်
ထူးချွန်ဆုပေးအပ်သော အခမ်းအနားဖြစ်ပါတယ်။

Star Awardsရဲ့ အမှတ်အသားကတော့ ကြယ်(၇)စင်းမှ ဖြာကျလာသော ရောင်စဉ်အလင်းတန်းဖြစ်ပြီး ထိုအလင်းတန်းမှာ Star Awards ဆုဖြင့် ဂုဏ်ပြုအပ်သောအနုပညာရှင်ကို ရှာဖွေပြသပေးမည့် ရောင်စဉ်အလင်းတန်းသဖွယ်ကိုယ်စားပြုတာဖြစ်ပါတယ်။ Star Awardsမှ ချီးမြင့်တဲ့ ဆုတံဆိပ်ကတော့ Logo ကိုအခြေခံကာပြုလုပ်ထားခြင်းဖြစ်ပြီး ဆုတံဆိပ်၏ အပေါ်ဖက်ထိပ်ဆုံးပိုင်းတွင် ထောင့်(၇)ထောင့်ပါဝင်သည့် ခုနှစ်ထောင့်ကြယ် ပုံသဏ္ဍာန်ဖောင်းကြွပြုလုပ်ထားတာဖြစ်ပါတယ်။

ထို ခုနှစ်ထောင့်ကြယ်မှ ဖြာကျလာသောအလင်းတန်းရောင်စဉ်များဖြင့် မျက်နှာပြင် (၇)ခုဖြစ်ပေါ်လာရခြင်းဖြစ် ပြီးTrophy (ဆု)တံဆိပ်ရဲ့ အောက်ခြေပိုင်းမှာလည်း ခုနှစ်ထောင့်ကြယ် ကိုသာအခြေ ပြုပြီးဖန်တီးပြုလုပ်ထားခြင်းဖြစ်ပါတယ်။ Trophy ကိုရရှိမှု၏အဓိပ္ဗာယ်မှာ ဂုဏ်ပြုအပ်သောအနုပညာရှင်အပေါ်သို့ ထာဝစဉ် ဖြာကာကျရောက်နေမည့် ရောင်စဉ်အလင်းတန်းအဓိပ္ပာယ်ဖြင့် မှတ်တမ်းတင် ပေးအပ်ခြင်းဖြစ်သလို တကယ်ကို ထူးချွန်ပြီး ပရိသတ်ရဲ့ အမှန်တကယ် အားပေးချစ်ခင်ခြင်းကို ရရှိတဲ့ စံပြအနုပညာရှင်တွေ သာဒီဆုနဲ့ ထိုက်တန်တယ်လို့ ဆိုရမှာပါ။

source: Star awards
Khin Mi Mi@CeleGabar

 

scroll to top