ရုပ္ရွင္ကားတစ္ခုကို သိန္းငါးေထာင္နဲ႕ ခုႏွစ္ေထာင္ၾကားအကုန္အက်ခံ ျပီး ရိုက္ကူးသြားမယ့္ ဖုိးခ်စ္

Collage_Fotor-3.png

ဇာတ္မင္းသားေလး ဖိုးခ်စ္ကေတာ့ နယ္ပရိသတ္ေတြ အရမး္ခ်စ္ၾကတဲ့ နာမည္ေက်ာ္ဇာတ္မင္းသား တစ္ေယာက္ ျဖစ္သလို သရုပ္ေဆာင္တစ္ေယာက္အျဖစ္လည္း ပရိသတ္ေတြ သိထားၾကတဲ့ သူတစ္ေယာက္ပါ ။ ျမန္မာဇာတ္သဘင္ေလာကမွာေတာ့ ဖိုးခ်စ္ရဲ႕ အက ဟာ နာမည္ေက်ာ္ၾကား လူၾကိဳက္မ်ားတယ္ဆိုတာေတာ့ ျငင္းလို႕မရပါဘူး ပရိသတ္ၾကီးေရ ..။လတ္တေလာမွာေတာ့ မုိင္းေမာဧကရီ ဆိုတဲ့ ကားတစ္ကားကိုလည္း ရိုက္ကူးဖို႕ စီစဥ္ေနျပီး အေနာ္ရထာမင္းနဲ႕ ရွမ္းမင္းသမီး ေစာမာလွရဲ႕ အေၾကာင္းကို အသက္သြင္းမွာျဖစ္ျပီး တုိင္းရင္းသားခ်စ္ၾကည္ေရးေတြလည္း ပါ၀င္မယ္လုိ႕သိရပါတယ္ ။

 

 

 

 

 

 

လံုး၀တခမ္းတနား ေသေသခ်ာခ်ာကို ရုိက္ျပမွာျဖစ္ျပီး ဒီဇာတ္ေလးကို ေမြးထားတာလည္းၾကာျပီ လုိ႕ ဖိုးခ်စ္ကေျပာျပခဲ့ပါ္တယ္ ။ ဒီကားနဲ႔ အရင္တုန္းက အယူအဆအမွားေတြ အကုန္လံုးကိုေခ်ဖ်က္မယ္ လုိ႕လည္း အတိလင္းေၾကျငာလိုက္ပါတယ္ ။ ကားတစ္ကားရိုက္ျပီဆုိရင္ အက်ိဳးတစ္ခုေလာက္ေတာ့ ျဖစ္ဖုိ႕လိုသလို ၾကည္႕တဲ့သူအတြက္ ၊ ပတ္၀န္းက်င္အတြက္ ၊ နုိ္င္ငံအတြက္ ၊ အနုပညာအတြက္လား စဥ္းစားရမွာျဖစ္ျပီး ဘာတစ္ခုမွ အက်ိဳးမရွိဘူးဆိုရင္ေတာ့ ဆံုးရံႈးတယ္လို႕ ဖုိးခ်စ္က သူ႕ရဲ႕အျမင္ေလးကို ပရိသတ္ေတြကို ေျပာျပခဲ့ပါေသးတယ္ ။ ဒီကားအတြက္ သိန္းငါးေထာင္နဲ႔ ခုႏွစ္ေထာင္ၾကား အသံုးျပဳျပီး ရိုက္ကူးသြားမယ္လို႕လည္း သိရပါတယ္ ။

Source : Sunday
Molly @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ရုပ်ရှင်ကားတစ်ခုကို သိန်းငါးထောင်နဲ့ ခုနှစ်ထောင်ကြားအကုန်အကျခံ ပြီး ရိုက်ကူးသွားမယ့် ဖိုးချစ်

ဇာတ်မင်းသားလေး ဖိုးချစ်ကတော့ နယ်ပရိသတ်တွေ အရမ်းချစ်ကြတဲ့ နာမည်ကျော်ဇာတ်မင်းသား တစ်ယောက် ဖြစ်သလို သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ပရိသတ်တွေ သိထားကြတဲ့ သူတစ်ယောက်ပါ ။ မြန်မာဇာတ်သဘင်လောကမှာတော့ ဖိုးချစ်ရဲ့ အက ဟာ နာမည်ကျော်ကြား လူကြိုက်များတယ်ဆိုတာတော့ ငြင်းလို့မရပါဘူး ပရိသတ်ကြီးရေ ..။လတ်တလောမှာတော့ မိုင်းမောဧကရီ ဆိုတဲ့ ကားတစ်ကားကိုလည်း ရိုက်ကူးဖို့ စီစဉ်နေပြီး အနော်ရထာမင်းနဲ့ ရှမ်းမင်းသမီး စောမာလှရဲ့ အကြောင်းကို အသက်သွင်းမှာဖြစ်ပြီး တိုင်းရင်းသားချစ်ကြည်ရေးတွေလည်း ပါဝင်မယ်လို့သိရပါတယ် ။

လုံးဝတခမ်းတနား သေသေချာချာကို ရိုက်ပြမှာဖြစ်ပြီး ဒီဇာတ်လေးကို မွေးထားတာလည်းကြာပြီ လို့ ဖိုးချစ်ကပြောပြခဲ့ပါ်တယ် ။ ဒီကားနဲ့ အရင်တုန်းက အယူအဆအမှားတွေ အကုန်လုံးကိုချေဖျက်မယ် လို့လည်း အတိလင်းကြေငြာလိုက်ပါတယ် ။ ကားတစ်ကားရိုက်ပြီဆိုရင် အကျိုးတစ်ခုလောက်တော့ ဖြစ်ဖို့လိုသလို ကြည့်တဲ့သူအတွက် ၊ ပတ်ဝန်းကျင်အတွက် ၊ နိုင်ငံအတွက် ၊ အနုပညာအတွက်လား စဉ်းစားရမှာဖြစ်ပြီး ဘာတစ်ခုမှ အကျိုးမရှိဘူးဆိုရင်တော့ ဆုံးရှုံးတယ်လို့ ဖိုးချစ်က သူ့ရဲ့အမြင်လေးကို ပရိသတ်တွေကို ပြောပြခဲ့ပါသေးတယ် ။ ဒီကားအတွက် သိန်းငါးထောင်နဲ့ ခုနှစ်ထောင်ကြား အသုံးပြုပြီး ရိုက်ကူးသွားမယ်လို့လည်း သိရပါတယ် ။

Source : Sunday
Molly @CeleGabar

scroll to top