
2-4.png


 

 

 

 

 

 

 


Source : MC
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

စံမြန်းဆိုတဲ့ ကာရိုက်တာက တော်တော်စိန်ခေါ်မှုကြီးတယ်ဆိုတဲ့ ဝင့်ယမုံလှိုင်

ဝင့်ယမုံနိုင်ကတော့ MRTV-4 ကထုတ်လွှင့်ခဲ့ပြီး ပရိသတ်တွေတခဲနက် အားပေးခဲ့တဲ့ The Sign Of Love ရုပ်သံဇာတ်လမ်းတွဲမှာ မာယာချိုဆိုတဲ့ ဗီလိန်ကာရိုက်တာနဲ့ ပရိသတ်တွေရင်ထဲကို ရောက်ရှိလာခဲ့တဲ့ မင်းသမီးတစ်ယောက်ပါ ။ ဒီဇာတ်လမ်းတွဲ နောက်ပိုင်းမှာလည်း တခြား ဇာတ်လမ်းတွဲပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး လတ်တလော မှာထုတ်လွှင့်နေတဲ့ ကျွန်မက မဟေသီ ကားမှာ စံမြန်းဆိုတဲ့ သူနာပြုဆရာမလေး တစ်ယောက်ရဲ့ ကာရိုက်တာနဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ် ။

စံမြန်းကာရိုက်တာက သရုပ်ဆောင်ရတာ အရမ်းပင်ပန်းပြီး စိတ်ရော လူရော တစ်ကိုယ်လုံ နှစ်ပြီး သရုပ်ဆောင်ရတာမျိုးဖြစ်လို့ တခြားကာရိုက်တာတွေထက် ပိုပင်ပန်းတယ်လို့ ဝင့်ယမုံနိုင်က ပြောပြခဲ့ပါတယ် ။ ယမုံအတွက်က ဗီလိန် ကာရိုက်တာနဲ့လူသိခဲ့တာဖြစ်တဲ့အတွက် ဒီစံမြန်းကာရိုက်တာကတော့ သူမအတွက် စိန်ခေါ်မှုကြီးခဲ့တယ်လို့ ဆိုပါတယ် ။ သူအတွက် ဗီလိန်လုပ်နေကြဆိုတော့ ဗီလိန်ကာရိုက်တာကပဲ ခက်ခဲတယ်လို့ထင်ထားပေမယ့် ငြိမ်ငြိမ်လေးနဲ့ အိုက်တင်ပေါ်အောင် လုပ်ရတဲ့ကိစ္စက လွယ်တဲ့ကိစ္စမဟုတ်ဘူးလို့ စံမြန်းကာရိုက်တာနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောပြခဲ့ပါတယ် ။ CeleGabar ပရိသတ်ကြီးရော စံမြန်းကိုချစ်ကြရဲ့လား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : MC
Molly @CeleGabar

scroll to top