
3-4.png


 

 

 

 

 


Source : Rader
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

Star Awards ကိုမုန်းတယ်လို့ ပို့စ်တင်ခဲ့တာနဲ့ပတ်သက်ပြီး ရှင်းပြလာတဲ့ ခင်စန်းဝင်း

မကြာသေးမီက ပြုလုပ်ကျင်းပခဲ့တဲ့ Star Awards ဆုပေးပွဲကြီးနဲ့ပတ်သက်ပြီး မိတ်ကပ်ပညာရှင် ခင်စန်းဝင်းက သူမရဲ့လူမှုကွန်ရက် စာမျက်နှာထက်ကနေ Star Awards ကိုမုန်းတယ် ဆိုတဲ့ပို့စ်ကိုရေးသားခဲ့ပါတယ် ။ ဘာ့ကြောင့်ခုလိုရေးသားခဲ့ရလဲ ဆိုတာကတော့ သူမ မှန်းထားတဲ့သူက တစ်ယောက်ဖြစ်ပြီး ဇာတ်လမ်းတွဲတွေမှာ အောင်မြင်တဲ့ လူကြိုက်များတဲ့သူက တစ်ယောက် ဇာတ်လမ်းတွဲတစ်ခုပဲရိုက်ပြီး ချက်ချင်းဆုရသွားတဲ့သူက တစ်ယောက် ဖြစ်တဲ့အတွက် သူမရဲ့ ပုဂ္ဂလိက ခံစားချက်အရ သိပ်မကြိုက်ဘူးလို့ ပြောပြလာခဲ့ပါတယ် ။

မေမြင့်မိုရ်ဆို ဇာတ်လမ်းတွဲတွေထဲမှာ အရမ်းပေါက်ပြီး ပရိသတ်အားပေးမှုရရှိထားတဲ့ မင်းသမီးဖြစ်တဲ့အတွက် သူ့ကိုရစေချင်ပြီး သူမရခဲ့ရင်တောင် သူ့နော်ကက လိုက်နေတဲ့ တစ်ယောက်ယောက်ကို ရစေချင်တယ်လို့ ခင်စန်းဝင်းက ပြောပြခဲ့ပါတယ် ။ ဒီလိုပွဲမျိုးတွေ ဖြစ်ပေါ်လာတာကို သဘောကျတဲ့အပြင် ပုဂ္ဂလိက ခံစားချက်တွေ ဖယ်ပြီးဆုတွေကို ပေးစေချင်တယ် လို့ ခင်စန်းဝင်းက ဆိုပါတယ် ။ မိတ်ကပ်ပညာရှင်တွေကို ဆုပေးတာလည်း မိတ်ကပ်ပညာရှင်တွေ အတွက် အခွင့်ရေးပိုရလာသလို သူမတို့ခေတ်က ဒီလိုဆုပေးမယ့် သူမရှိတော့ မရခဲ့ဘူးလို့လည်း ပြောပြခဲ့ပါတယ် ။

Source : Rader
Molly @CeleGabar

scroll to top